သောကြာပြင်ရွာသားနှစ်ဦးကို ထောင်ဒဏ်တစ်သက် ချမှတ်
diz_admin
April 30, 2022လောင်းလုံးမြို့နယ် ကမြောကင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအိမ်ရှေ့ ဗုံးပေါက်ကွဲမှုနှင့်ပက်သက်၍ တရားစွဲခံထားရသော သောကြာပြင်ရွာသားနှစ်ဦးကို ထားဝယ်ထောင်တွင်းတရားရုံးက ဧပြီ ၂၆ ရက်နေ့ တွင် ထောင်ဒဏ်တစ်သက် အမိန့်ချမှတ်လိုက်ကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက် (DPPN) က ထုတ်ပြန်လိုက်သည်။ အဆိုပါနှစ်ဦးမှာ ဦးစောရွှေနှင့် ဦးစိုးမင်းထွေးတို့ဖြစ်ကြပြီး ကမြောကင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းနေအိမ်ရှေ့တွင် စက်တင်ဘာလ ၂၁ ရက် နံနက်ပိုင်း၌ ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ အမိန့်ချမှတ်ခံလိုက်ခြင်းဖြစ်သည်။ ကမြောကင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနေအိမ်ရှေ့ ဗုံးပေါက်ကွဲမှုအတွက် စုံစမ်းမေးမြန်းရန်ဟုဆိုကာ ဦးစိုးမင်းထွေးကို စက်တင်ဘာလ ၂၁ ရက် ည ၈ နာရီဝန်းကျင်က နေအိမ်တွင် လာရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ဦးစောရွှေကိုလည်း နောက်တစ်နေ့ည စက်တင်ဘာ ၂၂ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုပြီး […]


