မြိတ်အကျဥ်းထောင်မှ လွတ်ရက်စေ့ နိုင်ငံရေးအကျဥ်းသား ၆၀ နီးပါးလွတ်လာ
diz_admin
September 30, 2022မြိတ်အကျဥ်းထောင်မှ လွတ်ရက်စေ့သည့် နိုင်ငံရေးအကျဥ်းသား ခြောက်ဆယ်နီးပါး ပြန်လွတ်လာကြောင်း လွတ်မြောက်လာသူများ၏ မိသားစုဝင်များ ထံမှသိရသည်။ ယနေ့(စက်တင်ဘာ ၃၀)နံနက် ၈ နာရီတွင် လွတ်မြောက်လာခြင်းဖြစ်ပြီး အမျိုးသား ၅၃ ဦးနှင့် အမျိုးသမီး ၄ ဦးပါဝင်သည်ဟု လွတ်မြောက်လာသည့် မိသားစုဝင်များက ပြောသည်။ “အိမ်ပြန်ရောက်လာပါပြီ။ လွတ်တဲ့သူအားလုံးက ၅၈ ဦးပေါ့ အရင်ကတည်းက လက်နက်မှုနဲ့ ထောင်ကျနေသူ တစ်ဦးလည်းပါတယ်”ဟု လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသား၏ မိခင်ကပြောသည်။ လွတ်မြောက်လာသူများသည် ၂၀၂၁ မတ်လ ၂၆ ရက်နေ့က ရွေပြည်တန်လမ်းဆုံ ဆန္ဒပြပွဲအား ပစ်ခတ်ဖြိုခွင်းပြီးနောက် ဖမ်းဆီးခံခဲ့ရသူများဖြစ်သည်။ ၎င်းတို့အား စစ်ကောင်စီမှ ပုဒ်မ ၅၀၅-က၊ ပုဒ်မ ၁၄၅ တို့ဖြင့် တရားစွဲကာ ထောင်ဒဏ် ၂ နှစ် ချခဲ့ခြင်းဖြစ်သည်။ ယင်းနေ့က ဖြိုခွင်းမှုအတွင်း […]


