ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရနောင်း လွှတ်တော်အမတ်လက်ထောက်၏ဖခင်အသတ်ခံရမှုတွင် မြန်မာလုပ်သား ၁၅ဦးကို ဖမ်းဆီးစစ်ဆေး

diz_admin

July 12, 2022

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့က လွှတ်တော်အမတ် လက်ထောက်ဖြစ်သူ၏ ဖခင် သတ်ဖြတ်အလောင်းဖျောက်ခံရ သဖြင့် အနီးအနားရှိ မြန်မာအလုပ်သမား ၁၅ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြထားသည်။ ရနောင်းခရိုင် ကရာဘူရီဒေသရှိ ပတ်ကျန်အုပ်စု ဘန့်ဟတ်တွန်ရွာရှိ ရော်ဘာခြံထဲတွင် လွှတ်တော်အမတ် လက်ထောက်ဖြစ်သူ၏ ဖခင်အလောင်းကို ဇူလိုင်လ ၁၀ ရက်နေ့တွင် တွေ့ရှိခဲ့ရာမှ ခြံအနီးအနားရှိ မြန်မာ အလုပ်သမားများကို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်။ သေဆုံးသူသည် အသက် ၈၁ နှစ်အရွယ်ရှိ Mr. Thanu Jaidee ဆိုသူဖြစ်ပြီး ရနောင်းခရိုင် လွှတ်တော်အမတ်၏ လက်ထောက်ဖြစ်သူနှင့် ပတ်ကျန်အုပ်စု အုပ်ချုပ်ရေးမှူးတို့၏ ဖခင်ဖြစ်သည်။ စစ်ဆေးချက်အရ သေဆုံးသူ၏ ဦးခေါင်း အရှေ့နှင့် အနောက်တွင် ဒဏ်ရာရထားသည်ကို တွေ့ရှိရပြီး အဆိုပါ အလောင်းကို ရော်ဘာခြံထဲရှိ […]

ဒေါက်တာအေးဇံကို ထောင်ဒဏ် ၂နှစ်ထပ်ချ၊ စုစုပေါင်းထောင်ဒဏ် ၂၅နှစ်ထိရှိလာပြီ

diz_admin

July 12, 2022

မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာအေးဇံကို စစ်ကောင်စီတရားရုံးက ဇူလိုင်လ ၁၁ ရက်တွင် ထောင်ဒဏ် ၂နှစ် ထပ်မံအမိန့်ချမှတ်လိုက်ကြောင်း ၎င်းတို့မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဒေါက်တာအေးဇံသည် ရွေးကောက်ပွဲတွင် မလျော်ဩဇာသုံးသည်ဆိုပြီး စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ (က) ဖြင့် တရားစွဲဆိုခဲ့ခြင်းသည်။ အဆိုပါအမှုအတွက် ဇူလိုင်လ ၁၁ ရက်နေ့တွင် မော်လမြိုင်မြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ် အမိန့်ချလိုက်ခြင်း ဖြစ်သည်။ “ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စွဲဆိုခံထားရတဲ့အမှုကို မနေ့က အမိန့်ချတယ်။ ၂ နှစ် အမိန့်ချလိုက်တယ်” ဟု ၎င်းတို့မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဒေါက်တာအေးဇံသည် ဖမ်းဆီးခံရပြီးနောက် စွဲဆိုခံထားရသည့်အမှုများအတွက် ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံထားရပြီး ဖြစ်ပြီး ယခု ၂ နှစ် […]

ကော့သောင်းဘက်မှ ထိုင်းသို့ တရားမဝင် ဝင်ရောက်သောမြန်မာလုပ်သား ၅၈ ဦး ဖမ်းဆီးခံရ

diz_admin

July 11, 2022

ကောင်းသောင်းဘက်မှ ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖွန်နှင့် ရနောင်းခရိုင်တို့ကို တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက် လာသော မြန်မာအလုပ်သမား ၅၈ ဦးအား ဇူလိုင်လ ၁ဝရက်နေ့တွင် ဖမ်းဆီးရမိကြောင်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ များက ထုတ်ပြန်ထားသည်။ ချွန်ဖွန်ခရိုင် ထာ့စဲဒေသတွင် ပစ်ကပ်ကား သုံးစီးဖြင့် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာ အလုပ်သမား ၂၉ ဦးကို ထိုင်းတပ်မတော်အမှတ် (၄၄) က ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ထားသည်။ အထောက်အထားမဲ့ မြန်မာအလုပ်သမားများပါလာသော ကားသုံးစီးသည် ရနောင်းခရိုင် ကရာဘူရီဒေသမှ တဆင့် ချွန်ဖွန်ခရိုင်သို့ တစ်ဦးလျှင် ဘတ် ၃၀၀၀ ယူကာ ပို့ဆောင်နေစဉ်တွင် ရွာသားများက သတင်းပေးတိုင်ကြားသဖြင့် ဖမ်းမိခြင်းဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့မှာ ကော့သောင်း-ရနောင်းလမ်းကြောင်းမှတစ်ဆင့် တရားမဝင် ဝင်လာကြသူများဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ မြန်မာအလုပ်သမား ၂၉ ဦးတွင် […]

ပန်းဒလဲ ပျူစောထီးအိမ်တိုက်ခိုက်ခံရပြီးနောက် အိမ်ရှေ့မှဖြတ်သွားသော လူငယ်သုံးဦး ပစ်ခတ်ခံရ

diz_admin

July 11, 2022

လောင်းလုံးမြို့နယ် ပန်းဒလဲရွာတွင် ပျူစောထီးအဖွဲ့ဝင်များစုနေထိုင်သော အိမ်ကို တိုက်ခိုက်ခံရပြီးနောက် ယင်းနေအိမ်ရှေ့မှ ဆိုင်ကယ်စီး၍ ဖြတ်သန်းသွားလာသည့် လူငယ်သုံးဦး ပစ်ခတ်ခံရပြီး တစ်ဦးဒဏ်ရာရရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ အဆိုပါနေအိမ်ကို PDF ပူးပေါင်တပ်ဖွဲ့ဝင်များ ဇူလိုင်လ ၉ ရက်ည ၁၁နာရီကျော်တွင် ဝင်ရောက်တိုက်ခိုက်ပြီး ည ၁နာရီခွဲအထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း ဒေသခံများက ပြောသည်။ “အဲဒီနေ့က တကယ့်ငရဲကျနေသ‌လိုပဲ။ သေနတ်သံတွေ မနည်းဘူး။ တစ်ဖက်နဲ့ တစ်ဖက် ပစ်နေကြတာ။ ထကြည့်လို့လည်း မရဲ။ တစ်နေကုန် လမ်းလည်း မထွက်ရဲကြဘူး” ဟု ယင်းရွာက ဒေသခံတစ်ဦးက ပြောဆိုသည်။ ယင်းနောက် ဇူလိုင် ၁၀ ရက်နေ့ ညနေပိုင်းတွင် ယင်းနေအိမ်ရှေ့မှ ဆိုင်ကယ်နှစ်စီးဖြင့် ဖြတ်သန်းသွားသည့် လူငယ် သုံးဦးကို ပျူစောထီးအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ရာ […]

မြိတ်ခရိုင်တွင် တိုက်ပွဲနှင့် မိုင်းဆွဲမှု ၂၅ကြိမ်ထက်မနည်းဖြစ်ကြောင်း ထုတ်ပြန်

diz_admin

July 11, 2022

ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) နှင့် စစ်ကောင်စီတပ်တို့အကြား ဆယ်လအတွင်း တိုက်ပွဲနှင့် မိုင်းဆွဲ တိုက်ခိုက်မှု စုစုပေါင်း ၂၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင်၊ ပုလောအခြေစိုက် ကရင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ပုလောမြို့နယ်အတွင်း KPDF အဖွဲ့သည် မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီတပ် အပါအဝင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းသူများကို တိုက်ခိုက်ခဲ့ကြောင်း ဇူလိုင် ၈ရက်နေ့တွင် KPDF ထုတ်ပြန်ထားသည့် အချက်အလက်များ အရသိရသည်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၃ ရက်မှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့အထိ တိုက်ပွဲပေါင်း ၁၅ ကြိမ်နှင့် KPDF က မိုင်းဆွဲတိုက်ခိုက်မှုပေါင်း ၁၀ ကြိမ် ရှိခဲ့ကြောင်း KPDF က ထုတ်ပြန်ထားသည့်စာရင်းအရ […]

လောင်းလုံးတွင် ကလေးတစ်ဦးအသတ်ခံရမှုအပေါ်အခြေခံကာ စစ်ကောင်စီဟောပြောစည်းရုံး

diz_admin

July 11, 2022

လောင်းလုံးမြို့နယ် ဝေဒီကျေးရွာတွင် ကလေးတစ်ဦး အသတ်ခံရသည့်အပေါ် အခြေပြု၍ စစ်ကောင်စီက ပြည်သူများကို ဟောပြောစည်းရုံးနေကြောင်း လမ်းသွား၊ လမ်းလာခရီးသည်အချို့ထံမှ သိရသည်။ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့ အဝင်အထွက်နေရာတွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားပြီး မော်တော်ယာဉ်များ၊ လမ်းသွားလမ်းလာများကို တားကာ ဟောပြောမှုကို နားထောင်ပြီးမှ ခရီးဆက်သွားခွင့်ပြုကြောင်း ၎င်းတို့က ဆိုသည်။ “အဓိကကတော့ PDF တွေက အပြစ်မဲ့ကလေးတွေကို လိုက်သတ်နေလို့ သူတို့အနေနဲ့ လုံခြုံရေး လုပ်ပေးနေရတယ်ဆိုပြီး ပြောတယ်။ ပြီးတော့ အခုဟောပြောလိုက်တာကို မိသားစု၊ ဆွေမျိုးတွေကို တစ်ဆင့်ပြန်ပြောပြပေးပါဆိုပြီး မှာတယ်” ဟု ယနေ့ (ဇူလိုင်၁၁) နံနက်ပိုင်းတွင် ကိုယ်တိုင်နားထောင်ခဲ့ရသူတစ်ဦးက ပြောဆိုသည်။ ပြည်သူများ လုံခြုံရေးအတွက် စစ်ဆေးနေခြင်းသာဖြစ်သောကြောင့် စိုးရိမ်စိတ်မထားဘဲ ခရီးသွားကြရန်လည်း ထည့်သွင်းဟောပြောစည်းရုံးနေကြောင်း အခြားခရီးသည်တစ်ဦးက ဆိုသည်။ ဇူလိုင်လ ၉ […]

ကိုဗစ်၁၉ ကူးစက်မှုများ ပြင်းထန်နေသဖြင့် မကာအိုရှိ ကာစီနိုလောင်းကစားရုံများ ပိတ်ထားရ

diz_admin

July 11, 2022

ကမ္ဘာ့အကြီးဆုံး လောင်းကစားမြို့တော်ဖြစ်သည့် မကာအိုတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွါးမှုများ ပြင်းထန် နေသဖြင့် ကာစီနိုလောင်းကစားရုံကြီးများ အားလုံး ပိတ်လိုက်ရကြောင်း BBC သတင်းက ဖော်ပြထားသည်။ မရှိမဖြစ် မဟုတ်သော စီးပွါးရေး လုပ်ငန်းများ ပိတ်ထားရန် အာဏာပိုင်များက ကြေညာခဲ့ရာ ကမ္ဘာ့အဆင့် ကာစီနိုကြီး ရုံ(၃၀) ပိတ်လိုက်ရခြင်း ဖြစ်သည်။ အဆိုပါ မြို့တော်ကြီးတွင် ကိုဗစ်ကူးစက်မှုဖြစ်စဉ် ယခုရက်ပိုင်းအတွင်း ၁၅၂၆ မှုဖြစ်ပွါးလျက်ရှိသည်ကို နောက်ဆုံးမှတ်တမ်းများက ဖော်ပြထားသည်။ ရောဂါထိန်းချုပ်ရန်အတွက် ရောဂါပိုးရှိသူနှင့် ထိတွေ့ခဲ့သူ လူပေါင်း ၁၉၀၀၀ ကို မဖြစ်မနေ သီးခြားခွဲထား စောင့်ကြည့်နေသည်။ ကျောင်းများ နှင့် အရက်ဆိုင်များ၊ ရုပ်ရှင်ရုံများ အပါအဝင် ဖျော်ဖြေရေး နေရာများကို လမ်းညွှန်ချက်များနှင့် အညီပိတ်ထားသည်။ မကာအိုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပိုင်နက်တွင် ပါဝင်ပြီး အထူးဒေသအဖြစ် အထူးအုပ်ချုပ်ခွင့် […]

သရက်ချောင်း ကျောက်လှေကားရွာတွင် တိုက်ပွဲဖြစ်

diz_admin

July 10, 2022

သရက်ချောင်းမြို့နယ်၊ ကျောက်လှေကားရွာတွင် ယနေ့ (ဇူလိုင် ၁၀) နံနက်ပိုင်းက စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်-PDF တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။ စော်ဖျားရွာဘုရားကုန်းဘက်မှ ကျောက်လှေကားရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ နံနက် ၅ နာရီခန့်တွင် စတင်ဖြစ်ပွားခြင်းဖြစ်ကာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုမှာ နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုမှာ တစ်နာရီကျော်ကြာမြင့်ခဲ့ကြောင်း စောဖျားရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ စော်ဖျားရွာဘုရားကုန်းနှင့် ကျောက်လှေကားရွာမှာ တဆက်တည်းရှိသည်။ “၅ နာရီထိုးတည်းက လက်နက်ကြီးပဲ သီးသန့်ပစ်တာ။ သေနတ်ငယ်က နည်းနည်းပဲ ပစ်သံကြားတယ်” ဟု ၎င်းက ပြောဆိုသည်။ ယင်းတိုက်ပွဲတွင် PDF တပ်ဖွဲ့ဝင် သုံးဦးကျဆုံးပြီး နှစ်ဦးဖမ်းဆီးခံရသည့်အနက် […]