ထားဝယ်မြို့တွင် လုပ်ငန်းလိုင်စင် စစ်ဆေးတင်းကျပ်သဖြင့် ကုန်ပစ္စည်းသယ်ယူရေးအခက်တွေ့
diz_admin
July 27, 2022ထားဝယ်မြို့တွင် ကားများကို လုပ်ငန်းလိုင်စင်စစ်ဆေးမှု တင်းကျပ်နေသဖြင့် ကုန်ပစ္စည်း သယ်ယူရေးနှင့် ခရီးသည်ပို့ဆောင်ရေးတို့အတွက် အခက်အခဲကြုံတွေ့နေရကြောင်း နယ်ကားသမားအချို့က ပြောသည်။ ယာဉ်လိုင်စင်၊ အုံနာစာအုပ် စသည်တို့ ပြည့်စုံကြသော်လည်း ထားဝယ်ခရိုင်ရှိ နယ်ကားသမား အများစုတွင် လုပ်ငန်းလိုင်စင် မရှိကြပေ။ ထားဝယ်ခရိုင်ရှိ ဒေသခံများသည် အန်စာတုံး၊ ခွေးဘီလူး စသည့် ကားများကို ဝယ်ယူကာ တနိုင်တပိုင် ခရီးသည် ပို့ဆောင်ခြင်း၊ ကုန်ပစ္စည်းသယ်ယူခြင်းတို့ လုပ်ကိုင်ကြသည်။ အာဏာမသိမ်းခင်ကမူ လုပ်ငန်းလိုင်စင် စစ်ဆေးမှုမရှိသဖြင့် အဆင်ပြေခဲ့သော်လည်း အာဏာသိမ်းပြီးနောက် လုပ်ငန်းလိုင်စင် စစ်ဆေးမှုတင်းကျပ်လာကြောင်း ကားသမားအချို့က ပြောသည်။ “လုပ်ငန်းဆိုပြီးလည်း ပြောလို့မရ။ နေ့တိုင်း ကားဆွဲနေရရင်တော့ ဟုတ်တာပေါ့။ အခုက ငှားတဲ့သူရှိမှ အော်ဒါ လိုက်ရတာဆိုတော့ လုပ်ငန်းလိုင်စင်ဆိုပြီး လုပ်မနေတော့တာ။ အရင် (အာဏာမသိမ်းခင်က) က သွားလို့ရနေ […]


