မူးယစ်ဆေးသံသယဖြင့် မှားယွင်းရှာဖွေခံရမှု အရှက်ရဟု မိသားစုများပြော
diz_admin
November 11, 2020လောင်းလုံးမြို့နယ် ကြက်ယက်တွင်း ကျေးရွာမှ နေအိမ်သုံးဆောင်အား မူးယစ် ဆေးသံသယဖြင့် ရဲတပ်ဖွဲ့က အောက်တိုဘာလ ၂၇ ရက်တွင် တစ်ပြိုင်တည်းဝင် ရောက်ရှာဖွေခဲ့ကြသည်။ ယင်းသို့ရှာဖွေခဲ့သော်လည်း မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ မတွေ့ရှိခဲ့ရပေ။ ထိုကြောင့် ယင်းကိစ္စအား မှားယွင်းဝင်ရောက်ရှာဖွေမှု(သို့) မှားယွင်းစွာတိုင်တန်းမှုအဖြစ် ရဲတပ်ဖွဲ့က ကောက်ချက်ချခဲ့ရသည်။ အဆိုပါနေအိမ်များမှာ အသက်ရွယ် ကြီးရင့်သူနှင့် အမျိုးသမီးများနေထိုင် သည့် နေအိမ်များဖြစ်သည်။ အသက် ၈၀ ကျော်အဘိုးတစ်ဦး၊ အသက် ၅၀ နှင့် ၃၉ နှစ်အရွယ် အမျိုးသမီးနှစ်ဦး နေထိုင်သည့် အိမ်တစ်အိမ်၊ အသက် ၆၀ ကျော် အဖွားတစ်ဦး၊ လူလတ်ပိုင်း အမျိုးသမီးတစ်ဦးနှင့် အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦး နေထိုင်သည့် အိမ်တစ်အိမ်နှင့် အသက် ၄၀ မှ ၈၀ […]