ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် စားသုံးဆီတစ်ပိဿာ ၄၀၀၀ ကျပ်ဖြင့်ရောင်း၊ တန်းစီဝယ်ယူကြရ

diz_admin

August 15, 2022

မြိတ်မြို့တွင် စားသုံးဆီ (စားအုန်းဆီ) တစ်ပိဿာ လေးထောင်ကျပ်ဖြင့် ရောင်းချပေးနေသဖြင့် အလုအယက် တန်းစီဝယ်ယူနေကြောင်း တွေ့ရသည်။ မြန်မာနိုင်ငံ ဆီကုန်သည်များအသင်းက ဦးဆောင်၍ မြိတ်ခရိုင်ဆီလုပ်ငန်းရှင်များ အသင်းမှ ကားများဖြင့် ရပ်ကွက်အတွင်း လှည့်လည်ရောင်းချနေခြင်း ဖြစ်သည်ဟု ဒေသခံများ ကပြောသည်။ “ဒီနေ့ ရပ်ကွက်မှာ လာရောင်းလို့ သွားတန်းစီလိုက်တယ်။ ရေသန့်နှစ်ဗူး (တစ်ပိဿာ) လေးထောင်ပေးရတယ်’ဟု တောရကျောင်းရပ်ကွက်နေ အိမ်ရှင်မတစ်ဦး ကပြောသည်။ သြဂုတ်လ ၁၃ ရက် နံနက်ကလည်း မြို့သစ်စျေးတွင် လာရောက်ရောင်းချခဲ့ကြောင်း၊ နောက်နေ့တွင် ဇေယျာသီရိ(တိုးချဲ့စျေး)တွင် လာရောင်းချသော်လည်း တိုးဝှေ့ဝယ်ကြသဖြင့် မရောင်းပေးတော့ပဲ ပြန်သွားကြောင်း ရပ်ကွက်နေသူများ ကပြောသည်။ “လူတွေက ဝယ်ဖို့လာစောင့်နေကြတာ သုံးလေးရာလောက်ရှိတယ်။ တိုးပြီးဝယ်တော့ မရောင်းပေးတော့ဘူး”ဟု စျေးအနီး နေထိုင်သည့် အမျိုးသမီး ကပြောသည်။ ပြင်ပစျေးကွက်တွင် စားသုံးဆီတစ်ပိဿာ ၉၀၀၀ ကျပ်ခန့် […]

ပုလောကျေးရွာအချို့ကို ညအချိန် လက်နက်ကြီးဖြင့်ပစ်ခတ်နေ

diz_admin

August 15, 2022

မြိတ်ခရိုင်၊ပုလောမြို့နယ်ရှိ ကျေးရွာအချို့ကို ပုလောစစ်ကောင်စီတပ်က ညအချိန်လက်နက်ကြီးများနှင့် ပစ်ခတ်နေကြောင်း ဒေသခံများ ထံမှသိရသည်။ ပုလောအရှေ့ခြမ်းရှိ နန်းတောင်၊ကျောင်းနိမ့်နှင့် မှော်မိကျေးရွာများသို့ သြဂုတ်လ ၁၃ ရက်နှင့် ၁၄ ညများတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “ညကဆို လက်နက်ငယ်အသံတွေပါကြားရတယ် လက်နက်ကြီးကလည်း ဆယ်ချက်လောက်ကြားတယ်”ဒေသခံအမျိုးသား ကပြောသည်။ ပစ်ခတ်ခံရသည့် ကျေးရွာများသည် ဇွန်လအတွင်းကဖြစ်ခဲ့သည့် နှစ်ဖက်တိုက်ပွဲများကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရသည့် ကျေးရွာများဖြစ်ပြီး ထွက်ပြေးသူတစ်ချို့ ပြန်လာနေရန် တာစူနေချိန်ဖြစ်ကြောင်း ဒေသခံများကပြောသည်။ “ပြန်လာနေလို့ မရဲအောင်ကို လုပ်နေတဲ့သဘောပဲ”ဟု ဂျင့်ဂါရွာ ဒေသခံ အမျိုးသား ကပြောသည်။ ပစ်ခတ်ခံရသည့် နှစ်ညအတွင်း ကျောင်းနိမ့်ကျေးရွာမှ အုပ်ချုပ်ရေးမှူးဟောင်း နေအိမ်တစ်လုံးနှင့် ဂျင့်ဂါရွာနှင့်မှော်မိရွာကြားရှိ နေအိမ်တစ်လုံး ပျက်စီးသွားကြောင်း ဒေသခံများ ကပြောသည်။ ပုလောအရှေ့ခြမ်းကျေးရွာများ ဖြစ်သည့် နန်းတောင်၊ကျောင်းနိမ့်၊ ဂျင့်ဂါ၊မှော်မိ၊ ဒူးရင်းပင်ရှောင်နှင့် […]

ရေဖြူ ကလုံးထာရွာဘက် စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများထွက်ပြေးနေရ

diz_admin

August 14, 2022

ရေဖြူမြို့နယ်၊ တလိုင်းယာကျေးရွာအုပ်စု ကလုံးထာကျေးရွာဘက်သို့ ယနေ့ (ဩဂုတ် ၁၄) နံနက်ပိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ နံနက် ၈ နာရီခန့်တွင် ကလုံးထာရွာဘက်ကို မြေသယ်ကားနှစ်စီးဖြင့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လာသဖြင့် ဒေသခံများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း ကလုံးထာရွာမှ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ကြောင်း ၎င်းက ဆိုသည်။ “မနက်တည်းက သတင်းရထားလို့ ကျွန်တော်တို့ ရွာသားတွေအားလုံးကို ရှောင်ခိုင်းလိုက်တယ်။ ရွာထဲထိတော့ လက်နက်ကြီး မရောက်ဘူး” ဟု ၎င်းက ပြောဆိုသည်။ ရွာသားအများစုမှာ တောတောင်ဥယျာဉ်များသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အသက်ကြီးပိုင်းအချို့မှာ ကလုံးထာရွာဘုန်းကြီးကျောင်းတွင် […]

မြိတ်-ကျွန်းစု အမြန်ရေယာဉ် စီးသူခေါက်ချိုးလျော့ကျပြီး ကုန်တင်လှေစီးသူများလာ

diz_admin

August 14, 2022

ငွေကြေးကျပ်တည်းလာသဖြင့် ကျွန်းစု-မြိတ် ပြေးဆွဲနေသည့် အမြန်ရေယာဉ်စီးသူ ခရီးသည် ခေါက်ချိုးလျော့နည်းလာပြီး ကုန်တင်စက်လှေစီးနင်းသူပိုများလာကြောင်း အမြန်ရေယာဉ်ပိုင်ရှင်အချို့နှင့် ခရီးသည်များကို မေးမြန်းချက်အရ သိရသည်။ ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ နေ့စဉ်အလှည့်ကျ ပြေးဆွဲနေသည့် အမြန်ရေယာဉ် ၃ စီးနှင့် ကုန်တင်စက်လှေ နှစ်စီးရှိရာ လက်ရှိတွင် ဒေသခံများမှာ ကုန်လှေများကို ပိုမိုအသုံးပြုလာကြကြောင်း ကျွန်းစုမြို့ ဒေသခံများက ပြောသည်။ ကျွန်းစုမှ မြိတ်သို့ ခရီးသည်တစ်ဦး အမြန်ရေယာဉ်စီးနင်းလျှင် ကျပ်ငွေ လေးထောင် ပေးရပြီး ကုန်တင်လှေစီးလျှင် ကျပ်နှစ်ထောင်သာ ပေးရသည့်အတွက် လက်ရှိအချိန်တွင် ကုန်တင်လှေဖြင့် စီးနင်းလိုက်ပါသူ များလာခြင်း ဖြစ်ကြောင်း ကျွန်းစုမြို့ဒေသခံများက ပြောဆိုသည်။ “ငွေကြေးကျပ်တည်းတော့ အမြန်ယာဉ်မစီးနိုင်တော့ဘူး။ နှစ်ထောင်ပေးပြီး ကုန်လှေစီးလိုက်တယ်။ ပိုတဲ့နှစ်ထောင် ဘိတ်ရောက်ရင် ထမင်းဇံပုံ (အသားငါးတစ်မျိုးပါသည့် ပုဂံပုံထမင်း) ဆွဲလိုက်တယ်” ဟု ကျွန်းစုဒေသခံအမျိုးသားတစ်ဦးက […]

ရနောင်းတွင် ပိတ်မိနေသည့် မြန်မာလုပ်သားတစ်ရာကျော် အလုပ်လုပ်ခွင့်ရတော့မည်

diz_admin

August 13, 2022

ပွဲစားလိမ်ခေါ်လာသည့်ပြီး ထိုင်းနိုင်ငံ ရနောင်းမြို့ လနှင့်ချီကြာ ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၁၆၆ဦး ထိုင်းအလုပ်အကိုင်ဌာနတွင် စာရင်းသွင်းထားပြီဖြစ်ပြီး အလုပ်ရှင်ကလည်း အလုပ်ခန့်ထားရန် ဆောင်ရွက်နေပြီဖြစ် ကြောင်း အဆိုပါအလုပ်သမားများနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရုံးထံမှ သိရသည်။ ဧရာဝတီ၊ ပဲခူး၊ မကွေး အစရှိသည့် ဒေသအသီးသီးမှလာသည့် မြန်မာနိုင်ငံသားများသည့် ရနောင်းမြို့ရှိ ရှိ အဆောက်အအုံတစ်ခုတွင် နေထိုင်နေကြရခြင်းဖြစ်သည်။ အလုပ်ရသည်အထိ ဆောင်ရွက်ပေးမည်ဟုဆိုကာ တစ်ဦးလျှင် ငွေကျပ် ၁၇ သိန်းစီတောင်းခံပြီး မြန်မာပွဲစားတစ်ဦး ၎င်းတို့ကို ထိုင်းနိုင်ငံသို့ ခေါ်ဆောင်လာခြင်းဖြစ်သည်။ အဆိုပါမြန်မာအလုပ်သမားများသည် ကော့သောင်းမြို့မှတဆင့် ရနောင်းမြို့သို့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass) ဖြင့် ဖြတ်သန်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း လုပ်သမားသံအရာရှိရုံးက သတင်းထုတ်ပြန်သည်။ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass) မှာ ထိုင်းနိုင်ငံသို့ ရက်အကန့်အသတ်ဖြင့်သာ ဝင်ရောက်ခွင့်ပြု ထားသည့် […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

August 13, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ ခေါင်ခိုက်လာသည့် ကုန်ဈေးနှုန်း ပြည်တွင်းမှာ အခြေခံစားသောက်ကုန်များ ဈေးနှုန်း ခုန်တက်နေပြီး အဓိက စားကုန်ဖြစ်သည့် ဆန်ဈေးမှာလည်း အာဏာ သိမ်းကာလမှာပင် ဈေးနှစ်ဆတက်သွားသဖြင့် အိမ်ရှင်မများ ဈေးသွားရန်ပင် လန့်လာကြသည်အထိ ဖြစ်လာသည်။ ဝင်ငွေထွက်ငွေကို ချိန်ဆပြီး မီးဖိုချောင်စရိတ်ကို ချွေတာသုံးစွဲရေးက အိမ်ရှင်မများအတွက် ခေါင်းခဲဖွယ်ရာ အခြေအနေပင်။ ရွှေဘိုပေါ်ဆန်း ၂၄ ပြည်တစ်အိတ် ကျပ် ခုနစ်သောင်းဝန်းကျင် ရှိရာမှ ကျပ် တစ်သိန်းနီးပါးအထိ ပေးဝယ်နေရပြီး အခြားသော အခြေခံစားကုန်များလည်း ယခုသီတင်းပတ်အတွင်း ဈေးတက်လာနေသည်။ အာဏာသိမ်းကာလ တစ်နှစ်ကျော်တွင်မူ ဆန်ဈေးမှာ နှစ်ဆတက်သွားသည်။ ထို့ကြောင့် ပြည်သူများမှာ […]

တနင်္သာရီနှင့် ပုလောတွင် မနက်ဖြန်မှစ၍ လျှပ်စစ်မီးအချိန်ပိုင်းသာရတော့မည်

diz_admin

August 13, 2022

မြိတ်ခရိုင်အတွင်းရှိ တနင်္သာရီနှင့် ပုလောမြို့နယ်တို့တွင် ဩဂုတ်လ ၁၄ ရက်နေ့မှစပြီး လျှပ်စစ်မီး အချိန်ပိုင်းသာ ပေးဝေသွားမည်ဖြစ်ကြောင်း လျှပ်စစ်ဖြန့်ဖြူးခွင့်ရထားသည့် ဖိုးသီးချိုမီးလင်းရေးကုမ္ပဏီမှ တနင်္သာရီမြို့နယ် မန်နေဂျာ ဦးဝင်းကိုက ပြောသည်။ လက်ကျန် ဒီဇယ်လောင်စာဆီ လျော့နည်းနေသဖြင့် အချိန်ပိုင်းဖြင့်သာ ဖြန့်ဖြူး‌ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ပြသည်။ “မနက် ၄ နာရီကနေ ညနေ ၄နာရီအထိ မီးပိတ်ထားမယ်။ နေ့ခင်းဘက် မီးပိတ်မှာပေါ့” ဟု မန်နေဂျာ ဦးဝင်းကိုက ပြောဆိုသည်။ လက်ကျန်ဒီဇယ်ဆီ တစ်ဆယ့်ကိုးလုံး (၁၉ ပီပါ) သာ ကျန်ရှိနေသည့်အတွက် အချိန်ပိုင်းမှာလည်း ကိုးရက်သာ ပေးနိုင်တော့မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ “လက်ရှိဆီနဲ့ဆို ကိုးရက်ပဲမောင်းရမယ်။ ကိုးရက်ကျော်ရင် ဆီလုံးလုံး မရှိတော့ပြီ” ဟု မန်နေဂျာ ဦးဝင်းကိုက ပြောသည်။ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

August 12, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ သြဂုတ်လ ၅ ရက်နေ့မှ ၁၂ ရက်နေ့အထိ ရုရှားကို စစ်သားတစ်သိန်းစစ်ကူနိုင်တယ်လို့ မြောက်ကိုရီးယားဆို ယူကရိန်းကိုတိုက်ဖို့ ရုရှားကို မြောက်ကိုရီးယားကနေ စစ်သားတစ်သိန်း စေလွှတ်ပေးမယ်လို့ ကမ်းလှမ်းထားသလို မြောက်ကိုရီးယားရဲ့ စစ်ရေးအတွေ့အကြုံ ပြည်စုံတာကိုလည်း ရုရှားဘက်က ချီးကျူးတယ်လို့ ရုရှားနိုင်ငံပိုင်သတင်းစာကနေ သိရပါတယ်။ ယူကရိန်းရဲ့ ဖက်ဆစ်ဝါဒ ကို ဆန့်ကျင်တိုက်ဖျက်ဖို့ မြောက်ကိုရီးယားက တာဝန်ထမ်းဆောင်လိုတဲ့ ဆန္ဒရှိရင် ခွင့်ပြုသင့်ပါတယ်လို့လည်း ရုရှားစစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူ Korotchenko က ဆိုထားပါတယ်။ မြောက်ကိုရီးယားစစ်တပ်ဟာ ကမ္ဘာပေါ်မှာ စတုတ္ထအင်အားအကြီးဆုံးစစ်တပ်ဖြစ်ပြီး တပ်ဖွဲ့ဝင်ပေါင်း ၁ ဒသမ ၃ သန်းနီးပါးရှိတယ်လို့ ဆိုကြပါတယ်။ Ref: WION ဒေါ်နယ်ထရမ့်၏ အိမ်ကို […]