ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မလေးရှားသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာလုပ်သား ရှစ်ဦးအဖမ်းခံရ

diz_admin

August 17, 2022

မလေးရှားနိုင်ငံ စယ်လာရမ်းဒေသအနီးရှိ Kuala Lumpur wholesale market ပတ်ဝန်းကျင်တွင် မကြာသေးမီက တရားမဝင်လမ်းကြောင်းဖြင့် ရောက်ရှိလာသော မြန်မာအလုပ်သမား ရှစ်ဦးကို ယနေ့ (ဩဂုတ် ၁၇) တွင် ဖမ်းမိကြောင်း မလေးရှားသတင်းဌာနများတွင် ဖော်ပြထားသည်။ မလေးရှားနိုင်ငံအတွင်း လူနေတိုက်ခန်းများ၊ ဈေးဆိုင်များအတွင်း တရားမဝင် နေထိုင်လုပ်ကိုင် လျက်ရှိသော နိုင်ငံခြားသားများကို အော်ပရာစီစီမံချက်ဖြင့် ဝင်ရောက်ဖမ်းဆီးစစ်ဆေးရာမှ ယင်းသို့ ဖမ်းမိခြင်းဖြစ်သည်ဟု ဆိုသည်။ အော်ပရာစီစီမံချက်မှာ တရားမဝင် နိုင်ငံခြားသား အလုပ်သမားများကို ရှာဖွေဖမ်းဆီးသည့် စီမံချက်ဖြစ်သည်။ ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများသည် အသက် ၂၀ မှ ၄၀ နှစ်အရွယ်ထိရှိပြီး (tekong) ဟုခေါ်သော လူမှောင်ခိုပို့သည့် မလေးရှားနိုင်ငံသား ပွဲစားတစ်ဦးကိုပါ ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ကွာလာလမ်ပူ ဒုရဲမှူး Datuk Yahaya Othman […]

ထိုင်းသို့ တရားမဝင် ဝင်လာသည့် မြန်မာလုပ်သားများပါသောကား သစ်ပင်ဝင်တိုက်၊ သုံးဦးသေဆုံး

diz_admin

August 17, 2022

ထိုင်းနိုင်ငံတောင်ပိုင်း နခွန်စီထမရတ်ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများလိုက်ပါလာ သည့်ကား ယနေ့ (ဩဂုတ် ၁၇) နံနက်ပိုင်းတွင် လမ်းဘေးရှိ သစ်ပင်ကိုဝင်တိုက်မိသဖြင့် မြန်မာအလုပ်သမားသုံးဦး သေဆုံးသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ နခွန်စီထမရတ်ခရိုင် ကျူလာဖွန် (Chulabhorn) ဒေသရှိ အမှတ် ၄၂ အာရှလမ်းမကြီးပေါ်တွင် ယနေ့ နံနက် ၁၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းကားမှာ ရနောင်းခရိုင်မှတဆင့် မောင်းနှင်လာခြင်းဖြစ်သည်ဟုဆိုသည်။ ပစ်ကပ်ကားသည် အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ကို ဝင်တိုက်မိခြင်းဖြစ်ပြီး သုံးဦးသေဆုံးသည့်အပြင် လေးဦးထက် မနည်းလည်း ဒဏ်ရာပြင်းထန်စွာရရှိကာ အလုပ်သမားအများစုမှာ ကြောက်လန့်ကာ ထွက်ပြေးသွားခဲ့ကြကြောင်း သတင်းတွင် ရေးသားထားသည်။ သေဆုံသူများနှင့် ဒဏ်ရာရရှိသူများကို အနီးအနားရှိ ကျူလာဖွန်ဆေးရုံ၊ လွန်ဖိဘုန်ဆေးရုံ နှင့် မဟာရတ်နခွန်စီထမရတ်ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း ဖော်ပြထားသည်။ ကားတိုက်မှုဖြစ်ရာနေရာတွင် အဖြူရောင်ပစ်ကပ်ကားသည် လမ်းဘေးရှိ […]

ချောင်းဆုံတွင် တောင်မြေပြိုမှု ဆက်တိုက်ဖြစ်

diz_admin

August 17, 2022

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပြိုမှုများ ဆက်တိုက် ဖြစ်ပွားနေကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ဩဂုတ်လ ၁၅ ရက်နေ့ညကစပြီး အဆက်မပြတ် သည်းထန်စွာရွာသွန်းနေသည့် မိုးကြောင့် ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် ကလော့ကျေးရွာတွင် တောင်မြေပြိုမှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ တောင်မြေပြိုမှုကြောင့် ကလော့ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနှင့် နေအိမ် လေးလုံး ထိခိုက်ပျက်စီးသွားပြီး လူထိခိုက်မှုမရှိကြောင်း ဒေသခံတို့က ပြောသည်။ “အိမ်တွေက တောင်အောက်မှာရှိနေတော့ အိမ်ပေါ်ကို ပြိုကျသွားတာပေါ့။ လူတော့ ထိခိုက်တာမရှိဘူး” ဟု ကလော့ရွာခံတစ်ဦးက ဆိုသည်။ ချောင်းဆုံမြို့နယ် ကဒါကျေးရွာတွင်လည်း ယနေ့နံနက်ပိုင်းက တောင်မြေပြိုမှုဖြစ်ပွားခဲ့ပြီး နေအိမ် ၂ လုံး ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။ တောင်ပြိုမှု ထပ်ဖြစ်လာမည်ကို […]

ရေးတွင် မီတာခဈေးထပ်တက်၊ လျှပ်စစ်မီး အချိန်ပိုင်းသာရ

diz_admin

August 17, 2022

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာခ ကျပ်နှစ်ရာ ဈေးထပ်တက်သဖြင့် တစ်ယူနစ် ကျပ် ၁၅၅၀ အထိ ပေးဆောင်နေရပြီး လျှပ်စစ်မီးမှာလည်း အချိန်ပိုင်းသာရတော့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ စက်သုံးဆီ ဈေးမြင့်တက်လာခြင်းနှင့် ဆီဝယ်ယူရန် ခက်ခဲလာခြင်းကြောင့် ရေးမြို့နယ်အတွင်း လျှပ်စစ် ဖြန့်ဖြူးနေသည့် ပုဂ္ဂလိကကုမ္ပဏီတို့က တစ်ယူနစ် ၁၃၅၀ ကျပ်ကနေ ၁၅၅၀ ကျပ်သို့ တိုးမြှင့်ကောက်ခံရန် မီးလင်းရေးကော်မတီက ဩဂုတ်လ ၁၅ ရက်နေ့က ကြေညာထားသည်။ ၎င်းအပြင် လျှပ်စစ်မီးဖြန့်ဖြူးခြင်းကိုလည်း ၂၄ နာရီပေးနေရာမှ အချိန်ပိုင်းသာ ဖြန့်ဖြူးတော့မည်ဟုလည်း မီးလင်းရေးကော်မတီက ကြေညာထားသည်။ လျှပ်စစ်မီးမှာ နံနက် ၄နာရီမှ နေ့လယ် ၁၂ နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ ၁နာရီမှ ည ၁၀ နာရီအထိ တစ်ကြိမ် ရရှိကြောင်း […]

ဆေးခြောက်ထုတ်လုပ်ရေးနှင့် တောခွေးဝှေးစေ့ တရုတ်ပို့ရေးအစီအစဉ်ဖြင့် ကင်ညာသမ္မတလောင်းမဲဆွယ်

diz_admin

August 17, 2022

ကင်ညာ သမ္မတရွေးကောက်ပွဲတွင် ထိပ်သီးသမ္မတလောင်းနှစ်ဦးက ဦးဆောင်နေပြီး တတိယနေရာက လိုက်နေသူသည် တိုင်းပြည်စီးပွါးရေးပြဿနာ ဖြေရှင်းရန်အတွက် ဆေးခြောက်ထုတ်လုပ်ရေးကို မဟာဗျူဟာ ကျကျ ဆောင်ရွက်ရန်နှင့် အာဖရိကတောခွေး ဟိုက်အီးနား များ၏ ဝှေးစေ့ကို နိုင်ငံခြားသို့ တင်ပို့ရန် အစီအစဉ်များ ချပြမဲဆွယ်လျက် ရှိသည်။ သမ္မတရွေးကောက်ပွဲ ပထမအကျော့ကို ဩဂုတ်လ (၉) ရက်နေ့တွင် စတင်ခဲ့ရာ အတိုက်အခံခေါင်းဆောင် ရိုင်လာအိုဒင်ဂါ နှင့် ဒုတိယသမ္မတ ဝီလီယမ်ရူတို တို့က ပြိုင်ဆိုင်မှု ပြင်းထန်စွာ ဦးဆောင်နေလျက်ရှိသည်။ တတိယနေရာက လိုက်နေသော ရက်ဂေးအနုပညာရှင် သမ္မတလောင်း ဂျော့ဝါဂျက်ကိုရာ ကမူ တိုင်းပြည်၏ ကြွေးမြီပြဿနာကို ဖြေရှင်းမည့် ကိုယ်ပိုင်နည်းလမ်းဖြင့် မဲဆွယ်လျက်ရှိသည်။ နိုင်ငံရေးသမားများ ကိုင်တွယ်ရန် ပျက်ကွက်လျက်ရှိသော အကျင့်ပျက်ခြစားမှု၊ ငွေဖောင်းပွမှု၊ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးမှု တို့ကို […]

ထားဝယ်ကမ်းနား ဆီဘောမြင်ကွင်း

diz_admin

August 17, 2022

ထားဝယ်မြို့ ကမ်းနားလမ်းရှိ ဒေသအခေါ် ဆီဘောတွင် စက်သုံးဆီကို ယနေ့ ဩဂုတ်လ ၁၇ ရက် နံနက်တွင် အလှည့်ကျတိုကင်စနစ်ဖြင့် ရောင်းချပေးလျှက်ရှိသည်။ တုံကင်နံပတ်မှာ ရာဂဏန်းအထိရှိနေပြီဖြစ်ကြောင်း သိရသည်။ ယင်းသို့ စက်သုံးဆီဝယ်ယူရန် အလှည့်ကျသူများ လာရောက်တန်းစီဝယ်ယူနေကြသူများမြင်ကွင်းကို ဖော်ပြပေးလိုက်ပါသည်။

ရန်ပုံငွေနှင့် စက်သုံးဆီအခက်အခဲကြောင့် လူနာသယ်ဆောင်ပေးသည့်ပရဟိတအဖွဲ့များ ရပ်တည်ရန်ခက်လာ

diz_admin

August 17, 2022

ရန်ပုံငွေနှင့် စက်သုံးဆီ ရရှိမှုအခက်အခဲကြောင့် အရေးပေါ်လူနာ (အခမဲ့) ကူညီသယ်ဆောင်ပေးနေသည့် ပရဟိတ အသင်းအဖွဲ့များ ရပ်တည်ရန်ခက်ခဲလာကြောင်း ထားဝယ်ခရိုင်က အရေးပေါ်လူနာကူညီသယ်ဆောင်ပေးနေသည့် ပရဟိတအသင်းအဖွဲ့အချို့က ပြောသည်။ လက်ရှိကာလတွင် စက်သုံးဆီ တစ်လီတာလျှင် ၃၀၀၀ ကျပ်ဝန်းကျင်ဖြစ်နေပြီး လိုသလောက် ဝယ်မရခြင်းတို့ကြောင့် အရေးပေါ်လူနာကူညီသယ်ဆောင်ပေးရေးတွင် အခက်အခဲဖြစ်လာကြောင်း ယင်းအဖွဲ့တို့ထံမှ သိရသည်။ ထားဝယ်မြို့က ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့မှာ ရန်ပုံငွေအခက်အခဲနှင့် စက်သုံးဆီ ရရှိမှု အခက်အခဲတို့ကြောင့် ဩဂုတ်လ ၁၁ ရက်နေ့မှ စတင်ကာ ယာယီရပ်နားထားသည်။ “အရင်က တစ်လကို (ရန်ပုံငွေ) ဆယ့်ခြောက်သိန်းကျော်လောက် ရနေတဲ့နေရာမှာ အခုက တစ်လကို လေးသိန်း ကျော်ကျော်လောက်နဲ့ ကျွန်တော်တို့မှာ လည်ပတ်နေရတယ်။ ပြီးတော့ လာရောက်လှူပေးတဲ့ အလှူရှင်တွေလည်း အရင်တုန်းကလိုမျိုး သိပ်ပြီးမရှိဘူးပေါ့” ဟု ယင်းအဖွဲ့ ဥက္ကဋ္ဌ ကိုနိုင်မျိုးသွင်က […]

ရေကြီးနေတဲ့ မွန်ပြည်နယ်

diz_admin

August 16, 2022

မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ပေါင် အစရှိသည့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအချို့တို့တွင် ယနေ့ ဩဂုတ် ၁၆ နံနက်ပိုင်းမှစတင်ကာ ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်နေသည်။ မော်လမြိုင်မြို့ အနိမ့်ပိုင်းရပ်ကွက်များမှ ဒေသခံအချို့မှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြရပြီဖြစ်သည်။ ယနေ့ ညပိုင်းအထိ ရေကြီးနေဆဲဖြစ်သည်။ မော်လမြိုင်အပါအဝင် မြို့နယ်အချို့တွင် ရေကြီးရေလျှံမှု မြင်ကွင်းအချို့ကို ဖော်ပြအပ်ပါသည်။