BREAKING
May 16, 2025

သတင်း

တပ်မဲရုံအမှတ် ၁၃ တွင် ပြည်သူ့လွှတ်တော်အတွက် ၁၆ မဲ တွင် USDP က ၁၄ မဲရ

diz_admin

November 8, 2020

မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု၊ ရှမ်းချောင်းရပ် အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း တပ်မဲရုံတစ်ခုဖြစ်သည့် မဲရုံအမှတ် ၁၃ တွင် မဲဆန္ဒရှင်ပေါင်း ၆၇၀ ရှိပြီး ကြိုတင်မဲပေးသူ ၁၆ ဦး ရှိကြောင်း သိရသည်။ ကြိုတင်မဲများရေတွက်ရာ ပြည်သူ့လွှတ်တော်တွင် USDP ပါတီကိုယ်စားလှယ်လောင်း ဦးဇော်လှိုင်ဝင်းက ၁၄ မဲနှင့် NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးဥက္ကာမင်းက ၁ မဲ ရရှိခဲ့သည်။ ကျန် ၁ မဲမှာ ပယ်မဲ ဖြစ်သည်။ ကျန်သည့် ပြည်သူ့ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ တစညပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီတို့မှာ မဲမရှိခဲ့ပေ။ မြင့်မိုရ်(မြိတ်)/ Dawei Watch

ထားဝယ်မြို့ ဗုံးထောင်သည့်ဖြစ်စဉ်ကြောင့် ရွေးကောက်ပွဲနေ့ လုံခြုံရေးတင်းကျပ်

diz_admin

November 8, 2020

ပြီးခဲ့သည့် သုံးရက်က ဗုံးထောင်သည့် ဖြစ်စဉ်ကြောင့် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ယခင်ထက် လုံခြုံရေးပိုမိုတင်းကျပ်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ပတ္တလားတံတားအနီးတွင် နိုဝင်ဘာလ ၅ ရက်နေ့က ဗုံးတွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ထိုနောက် ဗုံးထောင်သူဟုယူဆရသည့် အသက် ၃၀ နှစ်ဝန်းကျင် အမျိုးသားအား နောက်တစ်ရက် နေ့လယ်ပိုင်းတွင် လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်၊ သဘော့ဆိပ်ကျေးရွာရှိ ၎င်းနေထိုင်ရာ နေအိမ်တွင် ဖမ်းမိခဲ့သည်။ အထက်ပါ အမျိုးသားကို စစ်ဆေးချက်အရ ထားဝယ်မြို့ပေါ်ရှိ ထိန်သစ်ရပ်ကွက်နှင့် မြောင်းပုလဲတံတားအနီးတွင် ထောင်ထားသည့် လက်လုပ်မိုင်းများကို ထပ်မံသိမ်းဆည်းနိုင်ခဲ့သည်။ “ကျွန်တော်တို့ ကြိုပြီးတော့ မိလိုက်တဲ့အတွက်လည်း အဆင်ပြေသွားတာပေါ့ဗျာ၊ အားလုံး။ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားတာ ပေါ့နော်” ဟု ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။ […]

ကျွန်းစုမြို့နယ်၊ ထိန်ချောင်းရွာ မဲရုံအမှတ်(၂)တွင် တံဆိပ်တုံးပျက်စီး

diz_admin

November 8, 2020

ကျွန်းစုမြို့နယ်၊ ထိန်ချောင်းရွာ မဲရုံအမှတ်(၂)တွင် ဆန္ဒမဲပေး ရာတွင်အသုံးပြုသော တံဆိပ်တုံးပျက်စီးကာ အမှန်ခြစ်အမှတ်အသားနှင့် UEC အမှတ်အသားများမပေါ်တော့ကြောင်း တွေ့ရှိရသည်။ ယင်းမဲရုံတွင် မဲပေးခွင့်ရှိ သူစုစုပေါင်းဂတော့ ၈၈၃ ဦးရှိပြီး ၇၀၅ ဦးမှာ မဲပေးပြီးသွားပြီဖြစ်သည်။ ယင်းတံဆိပ်တုံးဖြင့် မဲပေးခဲ့ရသူအရေအတွက်ကို အတိအကျမသိရသော်လည်း ခန့်မှန်းခြေအားဖြင့် ငါးဦးဝန်းကျင်ရှိမည်ဟု မဲရုံမှ စုံစမ်းသိရှိရသည်။ အဆိုပါကိစ္စကို မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါတံဆိပ်တုံးဖြင့်ပေးခဲ့သည့်ဆန္ဒမဲများသည် ပယ်မဲဖြစ်မည်ဟု ၎င်းက ပြန်လည်ဖြေဆိုသည်။ သတင်း/ ဓါတ်ပုံ- ဘုန်းမြတ်ထွေး

ရေဖြူမြို့နယ်၊ ကလိန်အောင်၊ ဇင်းဘာမဲရုံ အမှတ် ၂ တွင် မဲအားလုံး USDP ရ

diz_admin

November 8, 2020

အဆိုပါ ဇင်းဘာမဲရုံ အမှတ် ၂ သည် အမှတ် ၄၁၀ ခြေမြန်တပ်ရင်းမှ တပ်မိသားစုဝင်များ ဆန္ဒမဲပေးသည့် မဲရုံဖြစ်သည်။ ပြည်သူ့လွှတ်တော် USDP- ၁၉၆ မဲတစည- ၀UBP- ၀NLD- ၀NDF- ၀ အမျိုးသားလွှတ်တော် USDP- ၁၉၇ မဲUBP- ၀NLD- ၀NDF- ၀ တိုင်းဒေသကြီးလွှတ်တော် USDP- ၁၉၇ မဲတစည- ၀UBP- ၀NLD- ၀NDF- ၀DNP- ၀KPP- ၀ တိုင်းရင်းသားရေးရာဝန်ကြီး USDP- ၄ မဲတစည- ၀UBP- ၀NLD- ၀NDF- ၀PPP- ၀တစ်သီးပုဂ္ဂလ- ၀

ကဒဲကဒွတ်ကျေးရွာ၏ မွန်းလွဲပိုင်း ရွေးကောက်ပွဲအခြေအနေ

diz_admin

November 8, 2020

ကျွန်းစုမြို့နယ်၊ ကဒဲကဒွတ်ကျေးရွာ၊ မဲရုံအမှတ်၂ ၌ မွန်းလွဲပိုင်းတွင် မဲလာပေးသူ မရှိသလောက် နည်းပါးသွားခဲ့သည်ကို တွေ့ရသည်။ အရိပ်များ မိုးပေးထားသော်လည်း နေအပူရှိန်ပြင်းလွန်းသည့်အတွက် မဲလာမပေးကြခြင်းဖြစ်သလို ယင်းမဲရုံတွင် မဲဆန္ဒရှင် ၃၁၇ ဦး ရှိသည့်အနက်မှ မနက်ပိုင်းမှာပင် မဲပေးမှု ၇၀ရာခိုင်နှုန်းအထိ ပြီးမြောက်ခဲ့သောကြောင့် နည်းပါးသွားခြင်း ဖြစ်သည်။ မဲဆန္ဒရှင်အချို့အနေနှင့် ရာဘာခြံလုပ်သားများလည်း ပါဝင်နေရာ အချို့မှာ အလုပ်မပြီးမြောက်ကြသေးသောကြောင့်လည်း မလာသေးကြခြင်း ဖြစ်သည်။ လက်ကျန် မဲဆန္ဒရှင်များထဲတွင် တစ်ဝက်လောက်မှာ ညနေပိုင်းတွင် လာပေးနိုင်ဖွယ်ရှိပြီး ကျန်တစ်ဝက်လောက်မှာ ခရီးလွန်နေသည်ဟု ဒုတိယမဲရုံမှူးက ပြောသည်။ ။ ဓါတ်ပုံ- ဟိန်းသက်ပိုင်/ Dawei Watch

သုံးပုံနှစ်ပုံဝန်းကျင် အခြေအနေကောင်းဟု ဒေါက်တာညိုညိုသင်းပြော

diz_admin

November 8, 2020

ယခုရွေးကောက်ပွဲတွင် အနိုင်ရရှိရန်သုံးပုံနှစ်ပုံဝန်းကျင်(၆၅ ရာခိုင်နှုန်းဝန်းကျင်) အခြေအနေရှိနေကြောင်း ဒေါက်တာညိုညိုသင်းက ပြောဆိုလိုက်သည်။ ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် မဲပေးနေမှုများ မပြီးသေးခင် နေ့ခင်းပိုင်းတွင် ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အဆိုပါခန့်မှန်းချက်မှာ ပြီးခဲ့သည့် မဲဆွယ်ကာလအတွင်း လူထု၏ ထောက်ခံမှုအခြေအနေအပေါ် သုံးသပ်ကာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ သို့သော် ရွေးကောက်ပွဲကော်မရှင်အနေနှင့် စီမံခန့်ခွဲမှုကိစ္စနှင့် ကြိုတင်မဲကောက်ယူခြင်းလုပ်ငန်းစဉ်များတွင် အားနည်းချက်များရှိနေခဲ့မှုကို ၎င်းက ထောက်ပြဝေဖန်ခဲ့ပြီး ယင်းကြောင့် ကြိုတင်မဲများ၏ ရလဒ်တွင်မူ သူ့အနေနှင့် ဆုံးရှုံးနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။ ထို့အပြင် ယင်းမဲဆန္ဒနယ်မြေအတွင်း သူ့နာမည်ကို ထည့်သွင်းဖော်ပြထားခြင်းမရှိသည့် မဲလက်မှတ်အတုများလည်း ထွက်ပေါ်ခဲ့သည်ဟု ဆိုသည်။ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ အသက် ၆၀ နှင့်အထက် […]

တနင်္သာရီတိုင်းအတွင်းက ရွေးကောက်ပွဲ နံနက်ပိုင်း အနှစ်ချုပ်

diz_admin

November 8, 2020

ပြီးခဲ့သည့်ရက်ပိုင်းက ထားဝယ်မြို့၊ နေရာအချို့တွင် ဗုံးလန့်မှုများ ရှိခဲ့သော်လည်း ရွေးကောက်ပွဲကျင်းပသည့် ယနေ့ နိုဝင်ဘာလ ၈ ရက်တွင် မဲရုံအသီးသီး၌ မဲလာပေးကြသူများမှာ ပုံမှန်အတိုင်းရှိခဲ့သည်ကို တွေ့ရသည်။ မဲရုံအချို့တွင် မဲရုံစတင်ဖွင့်ချိန်ဖြစ်သည့် နံနက် ၆ နာနီမတိုင်မီကတည်းက တန်းစီစောင့်ဆိုင်းနေခဲ့ကြသည်။ ကိုဗစ်-၁၉ ကူးစက်မှုကပ်ဘေးကြောင့် တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာ(၆ ပေ) ရှိနေစေရန် အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်တို့က စီစဉ်ညွှန်ကြားခဲ့သော်လည်း စီစဉ်ထားသည့် နေရာအခင်းအကျင်းနှင့် မဲလာပေးသူဦးရေ မမျှတခြင်းကြောင့် မဲရုံအချို့တွင် ယင်းအတိုင်း မရှိခဲ့သည်ကို တွေ့ရသည်။ အချို့နေရာများတွင် စုပြုံတိုးဝှေ့ကြသည်လည်း ရှိသည်။ ထားဝယ်မြို့ပေါ် ရပ်ကွက်နှစ်ခုတွင် ကိုယ်စားမဲပေးမှု နှစ်ခုကို ဖမ်းမိခဲ့ပြီး သက်ဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူထားသည်။ အဆိုပါ ကိုယ်စားမဲပေးသူနှစ်ဦးမှာ ၁၈ နှစ် မပြည့်သေးသည့် […]

အသက်မပြည့်သေးသူနှစ်ဦးက တခြားသူအစား ကိုယ်စားမဲပေး

diz_admin

November 8, 2020

ထားဝယ်မြို့အတွင်းရှိ ရပ်ကွက်နှစ်ခုတွင် ကိုယ်စားမဲလာပေးသူနှစ်ဦးကို ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့်ထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးလွင်က ပြောသည်။ ဒေါင်းငူရပ်ကွက်နှင့် ပုံကျွန်းရပ်ကွက်ရှိ မဲရုံတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆန္ဒမဲပေးနေစဉ် မဲရုံတာဝန်ရှိသူများက သိရှိခဲ့ခြင်းဖြစ်သည်။ “အမှုဖွင့်လိုက်ပြီ နှစ်ယောက်စလုံးကို၊ မဲလိမ်လည်ထည့်တာပေါ့” ဟု ဦးစိုးလွင်က ပြောသည်။ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ-၅၉(ဇ) အရ သူတစ်ပါးအယောင်ဆောင်၍ ဆန္ဒမဲပေးပါက တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေကျပ်တစ်သိန်းထက် မပိုသည့် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။ ကိုယ်စားမဲထည့်ခဲ့သည့် နှစ်ဦးစလုံးမှာ အသက် ၁၈ နှစ်မပြည့်သေးသူများဖြစ်သည်။ ဆန်းချီရပ်ကွက် (ပုံကျွန်း) မဲရုံတွင် အသက် ၁၃ နှစ်အရွယ် ကလေးငယ်မှ ဦးလေးဖြစ်သူ၏ မဲပေးခွင့်စာရွက်(စလစ်) ဖြင့် ကိုယ်စားလာပေးခဲ့ကြောင်း မဲရုံမှူးဖြစ်သူ ဒေါ်စန္ဒာသိန်းက ဆိုသည်။ ကိုယ်စားလာပေးသည့် ကလေးတွင် နှာခေါင်းစည်းတပ်ထားသည့်အတွက် ပြည်သူ့လွှတ်တော်နှင့် […]