ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်း စူရတ်ဌာနီတွင် အလုပ်ဖြုတ်ခံရသော မြန်မာလုပ်သားများ လျော်ကြေး ဘတ်တစ်သန်းကျော်ရမည်

diz_admin

October 8, 2022

ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်တွင် နစ်နာကြေးမရရှိဘဲ အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမား ၁၀၀ ကျော်အတွက် နစ်နာကြေး ဘတ် တစ်သန်းကျော်ရရှိတော့မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမား ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။ စူရတ်ဌာနီခရိုင် ချိုင့်ရာမြို့ ဖွန်ဖတ်သစ်စက်ရုံတွင် အလုပ်ရှင်သူဌေးပြောင်းသဖြင့် မြန်မာအလုပ်သမား ၁၁၀ ဦးကို နစ်နာကြေး တစ်စုံတစ်ရာမပေးဘဲ စက်တင်ဘာလ ၂၈ ရက်နေ့တွင် အလုပ်ထုတ်လိုက်ခြင်းဖြစ်သည်။ ကူညီဖြေရှင်းပေးရန် အလုပ်သမားများက တောင်းဆိုမှုကြောင့် NUG နှင့် ကိုရဲမင်း ဦးဆောင်သည့် AAC မဟာမိတ် အဖွဲ့တို့က အောက်တိုဘာလ ၆ ရက်တွင် စူရတ်ဌာနီခရိုင်ရှိ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး (ဆာဝါဒီကန်) နှင့် ချိတ်ဆက်၍ ကူညီပေးခဲ့ကြောင်း ထုတ်ပြန်သည်။ ယင်းနောက် အလုပ်ရှင်၊ အလုပ်သမားများ ညှိနှိုင်းပေးရာ နစ်နာကြေး ဘတ် […]

ထားဝယ်တွင် ပလတ်စတစ်မီးပုံးပျံများ ရောင်းအားကျ

diz_admin

October 8, 2022

သီတင်းကျွတ်ကာလတွင် ရောင်းအားကောင်းလေ့ရှိသည့် ပလတ်စတစ်မီးပုံးပျံများမှာ ယခုနှစ်တွင် ရောင်းအားကျဆင်းနေကြောင်း ထားဝယ်မြို့ပေါ်ရှိ ယင်းပစ္စည်း ရောင်းချသူများထံမှ သိရသည်။ ပြီးခဲ့သည့်ကိုဗစ်မတိုင်ခင်ကာလက ယခုလိုပွင့်လင်းရာသီမျိုးတွင် အဆိုပါ ပလတ်စတစ်မီးပုံးပျံများ အရောင်းသွက်လျက်ရှိပြီး ယခင်က အလုံးရေ ငါးရာမှ တစ်ထောင်ခန့်အထိ ရောင်းချ နေရာမှ ယခုနှစ်တွင် တစ်ရာအောက်သာ ရောင်းချရသည်ဟု အဆိုပါမီးပုံငယ် ရောင်းသည့်အမျိုးသမီးတစ်ဦးကပြောသည်။ “မနှစ်ကဆို သီတင်းကျွတ်မတိုင်ခင်မှာ အလုံးရေ လေးရာလောက် ရောင်းရပြီးပြီ ဒီနှစ်က တော့ အလုံးရေ ခြောက်ဆယ်လောက်ဘဲ့ ရောင်းချရသေးတယ်”ဟု ထိုအမျိုးသမီးက ပြောသည်။ ယခင်နှစ်များက ကုန်စုံဆိုင်များတွင် ဆိုင်တင်ရောင်းချလေ့ရှိသော်လည်း ယခုနှစ် တွင် အွန်လိုင်းမှသာ ရောင်းချနေသည်ကို အများဆုံးတွေ့ရသည်ဟု ကုန်စုံဆိုင် ပိုင်ရှင်တစ်ဦးကပြောသည်။ “ဒီနှစ်ဝယ်မရောင်းတော့ဘူး ကလေးတွေကတော့ ပလတ်စတစ်အိတ်တွေ ဝယ်ဝယ်ပြီး မီးပုံးလုပ်နေကြတာပဲ”ဟု ၎င်းကပြောသည်။ ယခင်က သီတင်းကျွတ်ကာလ […]

တနင်္သာရီတိုင်းတွင် တစ်နှစ်အတွင်း အရပ်သားနေအိမ် တစ်ရာကျော် မီးရှို့ခံရ

diz_admin

October 7, 2022

 အာဏာသိမ်းပြီး တစ်နှစ်အတွင်း တနင်္သာရီတိုင်းတွင် အရပ်သားနေအိမ် တစ်ရာကျော်မီးရှို့ခံရပြီး မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အများဆုံးဖြစ်ကြောင်း  Southern Monitor အဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ၂၀၂၂ စက်တင်ဘာလအထိ စုစည်းထားသည့် အချက်အလက်များအရ စစ်ကောင်စီတပ်နှင့် ၎င်း၏လက်အောက်ခံအဖွဲ့စည်းများ လက်ချက်ဖြင့် တိုင်းအတွင်း အရပ်သားနေအိမ် ၁၀၅ လုံး မီးရှို့ခံရသည်ဟု Southern Monitor ကအောက်တိုဘာ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ တိုင်းအတွင်း မြိတ်ခရိုင်ပုလောမြို့နယ်တွင် ၃၇ လုံး၊ သရက်ချောင်းမြို့နယ်တွင် ၃၁ လုံး၊ တနင်္သာရီမြို့နယ်တွင် ၁၈ လုံး၊ ရေဖြူမြို့နယ်တွင် ၈ လုံး၊ ထားဝယ်မြို့နယ်တွင် ၆ လုံး၊ ဘုတ်ပြင်းမြို့နယ်တွင် ၃ လုံး၊ လောင်းလုံးမြို့နယ်တွင် ၁ လုံးနှင့် မြိတ်မြို့နယ်တွင် ၁ လုံး မီးရှို့ခံရသည်ဟု […]

လူကုန်ကူးခံရသူများကို ပိတ်လှောင်ကာ နှိပ်စက်ညှင်းပန်းနေသော မြဝတီမြို့ကရေထောင်

diz_admin

October 7, 2022

လူကုန်ကူးခံရသူများကို ဖမ်းဆီးပိတ်လှောင်ကာ နှိပ်စက်ညှင်းပန်းပြီး အလုပ်ခိုင်းစေနေသော မြန်မာနိုင်ငံ၊ မြဝတီမြို့က ရေထောင်အကြောင်းကို ပြန်လည်လွတ်မြောက်လာသည့် အိန္ဒိယအိုင်တီ ပညာရှင်တစ်ဦးကဖွင့်ဟလိုက်သည်။ လွတ်မြောက်လာသော အိန္ဒိယအိုင်တီပညာရှင်မှာ နီဇမ်မာဘတ်ပြည်နယ်မှဖြစ်ပြီး လွန်ခဲ့သော ၄ ရက်ခန့်က ထိုင်းနိုင်ငံမှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူ တစ်ဦးဖြစ်သည်။ ၎င်းက ပြန်လည်ပြောပြခဲ့သော ကြောက်စရာကောင်းလှသည့် ရေထောင်အကြောင်းကို The Times of India သတင်းဌာနက အောက်တိုဘာလ ၅ ရက်နေ့တွင် ဖော်ထုတ်ရေးသား လိုက်ခြင်းဖြစ်သည်။ လူမှုကွန်ရက်ရှိ အလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းဆိုသည်များက ထိုင်းနိုင်ငံတွင်  လစာကောင်းသော အလုပ်ရမည်ဆိုကာ အိန္ဒိယအိုင်တီပညာရှင်များကို ဆွဲ‌ဆောင်ပြီးနောက် လူကုန်ကူးကာ ထိုင်းနိုင်ငံနယ်စပ်ဖြစ်သော မြန်မာနိုင်ငံ မြဝတီမြို့သို့ ခေါ်ဆောင်ကာ အဓမ္မဖမ်းဆီးလိုက်ကြသည်။ ယင်းနောက်တွင် ဆိုရှယ်လ်မီဒီယာမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများစွာကို အတင်းအကျပ်စေခိုင်းခံရတော့သည်။ ခိုင်းစေသောအရာများကို လုပ်ရန် ငြင်းဆန်မိပါက ဆိုးရွားသောပုံစံများဖြင့် နှိပ်စက်ညှင်းပန်း ခံကြရကြောင်း […]

ထားဝယ် အိမ်ခြံမြေစျေးကွက် အရောင်းများပြီး အဝယ်မရှိ

diz_admin

October 7, 2022

မြန်မာကျပ်ငွေတန်ဖိုး အဆမတန်ကျဆင်းချိန်က အရောင်းအဝယ်သွက်ခဲ့သည့် ထားဝယ်အိမ်ခြံမြေဈေးကွက်သည် လက်ရှိတွင် ရောင်းလိုသူများသော်လည်း အဝယ်မရှိသလောက် ဖြစ်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်အချို့ထံမှ သိရသည်။ ဖေ့ဘုတ်အွန်လိုင်းပေါ်ရှိ ထားဝယ်အိမ်ခြံမြေ ရောင်းဝယ်ရေး ဂရုများတွင်လည်း ရောင်းချရန် ကြော်ငြာသူက များနေသည်။ ရွှေဈေးအဆမတန် မြင့်တက်ခဲ့သည့် ဩဂုတ်လအတွင်းက ထားဝယ်မြို့ပေါ်တွင် အိမ်ခြံမြေ အရောင်းအဝယ်သွက်ခဲ့ပြီး တစ်လလျှင်မြေကွက် ၁၀ ကွက်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ဆိုသည်။ အရောင်းအဝယ်သွက်နေသည့် အိမ်ခြံမြေဈေးကွက်သည် စက်တင်ဘာလ နှောင်းပိုင်းမှစကာ အဝယ်မရှိသလောက် နည်းပါးလာကြောင်း ၎င်းကပြောသည်။ “အရောင်းအဝယ် တော်တော်လေး ပါးနေပါတယ်။ ငွေဂျမ်း(ငွေမလည်ပတ်နိုင်) ဖြစ်နေကြတယ်လို့ ကြားတယ်ရှင်”ဟု ၎င်းက ပြောသည်။ အိမ်ခြံမြေအရောင်းအဝယ် ကောင်းခဲ့ချိန်က ထားဝယ်မြို့အတွင်းနှင့် မြို့သစ်ဘက်တွင် ကျပ်သိန်းရာဂဏန်းမှ ထောင်ဂဏန်းတန် မြေကွက်များ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ထားဝယ်ဒေသနေသူများကပင် ဝယ်ယူကြကြောင်း အထက်ပါ အကျိုးဆောင်က ဆိုသည်။ လက်ရှိကြုံတွေ့နေရသည့် စီးပွားရေးအကျပ်အတည်းကြောင့် ငွေလိုအပ်သူများလာပြီး […]

မြိတ်တွင် ကိုဗစ်ရောဂါဖြင့် ရဟန်းတစ်ပါး ပျံလွန်တော်မူ

diz_admin

October 7, 2022

မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်ကုသရေးဆောင်တွင် အောက်တိုဘာလ ၆ ရက်နေ့က ကိုဗစ်နိုင်တင်း ရောဂါပိုးစစ်ဆေးတွေ့ရှိသည့် အသက်ကြီး ရဟန်းတစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း မြိတ်အခြေစိုက် နာရေးကူညီမှုအသင်းက အတည်ပြုပြောဆိုသည်။ အဆိုပါ ပျံလွန်တော်မူခဲ့သည့် ရဟန်းနှင့် ဆက်စပ်သူတို့တွင် ကိုဗစ်ပိုးရှိ၊မရှိ စစ်ဆေးခဲ့ရာ ငါးဦးတွင် ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့ကြောင်း မြိတ်အခြေစိုက် နာရေးကူညီမှုအသင်း တစ်သင်းမှ တာဝန်ခံက ပြောပြသည်။ မြိတ်တွင် အောက်တိုဘာ ၄ ရက်နေ့က အချုပ်ကျနေသည့် အမျိုးသားတစ်ဦးတွင် ကိုဗစ်ပိုးစတင်‌တွေ့ရှိခဲ့ပြီး ၎င်းနှင့် ဆက်စပ်မိသားစုဝင် ငါးဦးတွင် ကိုဗစ်ပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း နာရေးကူညီမှုအသင်း တာဝန်ခံက ဆက်လက်ပြောပြသည်။ အဆိုပါ အချုပ်ကျနေသည့် အမျိုးသားအား အမိန့်ချမည့်နေ့တွင် မိသားစုဝင်တို့က လာရောက်တွေ့ဆုံကြသဖြင့် ကို‌ဗစ်ပိုးကူးစက်ခံရခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်း တာဝန်ခံက ဆက်လက်ပြောပြသည်။ “ပိုးတွေ့တဲ့သူတွေနဲ့ ထိတွေ့ဆက်စပ်တဲ့သူတွေကို Home Quarantine အဖြစ် […]

တနင်္သာရီတိုင်းတွင် ကိုဗစ်ကူးစက်ခံရသူများလာ

diz_admin

October 7, 2022

တနင်္သာရီတိုင်းတွင် ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ခံရသူပမာဏ  မြင့်တက်လျက်ရှိကြောင်း တိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ တနင်္သာရီတိုင်းတွင် စက်တင်ဘာလ ၁ ရက်မှ အောက်တိုဘာလ ၆ ရက်အထိ တစ်လကျော်ကာလအတွင်း ကိုဗစ်ပိုးတွေ့လူနာ ၉၂ ဦးရှိကြောင်း တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာန စာရင်းအရသိရသည်။ စက်တင်ဘာလ ပထမပတ်တွင် ပိုးတွေ့သူတစ်ဦး၊ ဒုတိယအပတ်တွင် ၁၃ ဦး၊ တတိယအပတ်တွင် ၁၂ ဦး၊ နောက်ဆုံးအပတ်တွင် ၂၅ ဦးနှင့် အောက်တိုဘာလ ပထမအပတ်တွင် ၃၉ ဦး တွေ့ရှိခဲ့ရာ စုစုပေါင်း ၉၁ ဦးစစ်ဆေးတွေ့ရှိခဲ့သည်။ ယင်းကာလအတွင်း ကိုဗစ်စစ်ဆေးသူ ငါးထောင်ကျော်ရှိသည့်အနက် ၉၂ ဦးတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် သက်သာလာသဖြင့် ဆေးရုံဆင်းလူနာ ၇၀ ဦးရှိပြီး တစ်ဦးသေဆုံးကာ ကျန် ၂၀ […]

ထိုင်း-မြန်မာ မောတောင်နယ်စပ်ဂိတ် နံနက်ပိုင်းတွင်သာ ဖွင့်မည်ဟုဆို

diz_admin

October 7, 2022

ထိုင်း-မြန်မာ မောတောင်နယ်စပ်ဂိတ်ကို နေ့စဥ်နံနက်ပိုင်းတိုင်း ပုံမှန်ပြန်ဖွင့်မည်ဟု အောက်တိုဘာလ ၆ ရက်နေ့က ပြုလုပ်ခဲ့သည့်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြကြောင်း မြိတ်မြို့နေ ကုန်သည်ကြီးများထံမှ သိရသည်။ အောက်တိုဘာ ၅ ရက် ညက နယ်စပ်ဂိတ်အနီးတွင် တိုက်ပွဲဖြစ်ပွားသဖြင့် နယ်စပ်ဂိတ်ကို ယာယီပိတ်မည်ဟု ထိုင်းဘက်မှ ကုန်သည်များအား ပြောဆိုခဲ့သည်။ ယင်းကြောင့် ပြန်လည်ဆွေးနွေးခဲ့ကြရာ ပိတ်ရက်(တနင်္ဂနွေနေ့)မှလွဲပြီး နေ့စဥ်နံနက်ပိုင်း အချိန်တွင်နယ်စပ်ဂိတ်ဖွင့်ရန် ဆုံးဖြတ်ခဲ့သည်ဟု ကုန်သည်များကဆိုသည်။ “ထိုင်းဘက်ရော မြန်မာဘက်ပါ ပြောကြတယ်။မြန်မာဘက်က ပုံမှန်ဖွင့်မယ်။ ထိုင်းဘက်ကတော့ နံနက်ပိုင်းပဲ ဖွင့်ပေးမယ်။ နေ့လယ်ပိုင်းကတော့ လုံခြုံရေးအခြေနေအရ မလုပ်ပေးနိုင်ဘူးလို့ပြောတယ်”ဟု မြိတ်မြို့နေ ကုန်သည်ကြီး တစ်ဦးကပြောဆိုသည်။ အလားတူ မြိတ်မြို့မှ ထိုင်းနိုင်ငံသို့ရေထွက်ပစ္စည်း တင်ပို့နေသည့် ကုန်သည်အချို့နှင့် ကားသမားအချို့ကလည်း နယ်စပ်ဂိတ်ပုံမှန်ပြန်ဖွင့်မည်ဟု သိရှိရကြောင်း ပြောသည်။ “ဂိတ်ကတော့ အရင်လိုပုံမှန်တိုင်းပြန်ဖွင့်မယ်၊ တနင်္ဂနွေတစ်ရက်ပိတ်ပြီး […]