လောင်းလုံးတွင် တစ်ရက်တည်း လူသုံးဦး ပစ်သတ်ခံရ
diz_admin
October 29, 2022ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ ကျေးရွာနှစ်ရွာတွင် အောက်တိုဘာလ ၂၈ ညက ဒလန်ဟုဆိုသူ သုံးဦး ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ပစ်သတ်ခံရသူများမှာ လောင်းလုံးမြို့အထက်ဘက် မောင်းမကန်ကမ်းခြေအနီးရှိ ကျောက်ဆင်းရွာသား အသက် ၆၀ ကျော်အရွယ် ဦးဟန်သိန်းဆိုသူနှင့် လောင်းလုံးမြို့အောက်ဘက် ထားဝယ်-ရှင်မော်သွားလမ်းပိုင်းရှိ သကျက်တော ကျေးရွာနေ ဇနီးမောင်နှံနှစ်ဦးဖြစ်သူ အသက် ၅၀ ကျော်အရွယ် ဦးအောင်စိုး၊ ဒေါ်ကြည်စန်းတို့ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ ၎င်းတို့ သုံးဦးစလုံးအား လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဦးဟန်သိန်းမှာ စစ်ကောင်စီခန့် ကျောက်ဆင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဦး(၂၀၂၁ စက်တင်ဘာလက ပစ်သတ်ခံရပြီး သေဆုံး) ၏ ဖခင်ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ “ကျောက်ဆင်ရွာက သူ့အိမ်မှာပဲ ပစ်သတ်ခံရတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။ အောက်တိုဘာလ […]


