တနင်္သာရီတွင် စစ်ဘေးရှောင်များ ငှက်ဖျားအဖြစ်များလာ၊ စစ်ဆေးသည့်ကိရိယာများ အရေးပေါ်လို
Dawei Watch
June 14, 2024တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင်များ ငှက်ဖျားရောဂါ ဖြစ်ပွားမှုများလာပြီး ရောဂါ ရှိ မရှိ စစ်ဆေးသည့်ကိရိယာ (Test Kit) များ အရေးပေါ်လိုအပ်နေကြောင်း မြို့နယ်အတွင်းရှိ PDF ဆေးမှူးအချို့က ပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်များ ထိန်းချုပ်ထားသည့်နေရာအချို့တွင် ငှက်ဖျားရောဂါဖြစ်ပွားနေခြင်းဖြစ်ပြီး အမြန်သွေးစစ် ကိရိယာ (Test Kit) များ ပြတ်လပ်နေပြီဖြစ်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ဆေးမှူးတစ်ဦးက ဆိုသည်။ ပြီးခဲ့သည့်မေလက ငှက်ဖျားဖြစ်ပွားသူ ၁၉ဦးရှိရာမှ ယခုဇွန်လပထမအပတ်တွင်ပင် ၁၉ဦးအထိ ရှိနေကြောင်း ၎င်းက ပြောဆိုသည်။ ယခင်ကမူ တနင်္သာရီမြို့နယ်အတွင်း ငှက်ဖျားပိုးတွေ့သူ အနည်းအကျဉ်းသာရှိကြောင်း ၎င်းက ဆိုသည်။ အဆိုပါငှက်ဖျားရောဂါဖြစ်ပွားသူစာရင်းတွင် ၎င်းတာဝန်ယူထားသည့် ကျေးရွာများတွင်ဖြစ်ပွားသည့် အရေအတွက်သာ ဖြစ် ပြီး မြို့နယ်အတွင်းရှိ အခြားကျေးရွာများတွင်လည်း အဖြစ်များနေကြောင်း အထက်ပါဆေးမှူးက ဆက်လက်ပြောဆိုသည်။ “ဒီနှစ်မှာ […]

 
                     
                     
                     
                     
                     
                     
                     
                    
