ကျောက်လုံးကြီးစခန်းကို စစ်ကြောင်းပြန်ထိုးသည့် စစ်ကောင်စီတပ် လမ်းတစ်လျှောက်လုံးတိုက်ခိုက်ခံရ
Dawei Watch
June 25, 2024တနင်္သာရီမြစ်ဘေးက ကျောက်လုံးကြီးစခန်းကို စစ်ကြောင်းပြန်ထိုးလာသည့် စစ်ကောင်စီတပ်ကို လမ်းတစ်လျှောက်လုံးတွင် လေးရက်ဆက် တိုက်ခိုက်ခဲ့ကြောင်း PDF ပူးပေါင်းတပ်ဖွဲ့များက ပြောသည်။ တနင်္သာရီမြစ်ဘေးက အောင်သာဝရစခန်းကို ဇွန်လ ၁၄ရက်တွင် KNDO တပ်ရင်း (၇) ၊ KNLA တပ်ရင်း (၁၀) နှင့် PDF ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းယူပြီးနောက် ဇွန်လ ၁၅ ရက်တွင် ကျောက်လုံးကြီးစခန်းက စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာခဲ့ကြသည်။ ယင်းနောက် ဇွန်လ ၁၉ ရက်တွင် ဘုတ်ခြံရွာအခြေစိုက် ခလရ (၁၇) က ကျောက်လုံးကြီးစခန်းကို ကား ၁၀ စီးအပြင် ခြေလျင် စစ်ကြောင်းတို့ဖြင့် ပြန်လည် စစ်ကြောင်းထိုးလာကြောင်း KNU တပ်မဟာ (၄) နှင့် PDF ပူးပေါင်းတပ်ဖွဲ့ဝင်များက ဆိုသည်။ ခန့်မှန်းအင်အား […]

 
                     
                     
                     
                     
                     
                     
                     
                    
