အာဏာသိမ်းပြီးနောက်ပိုင်း မြိတ်တွင် နှစ်ကျိပ်ရှစ်ဆူဘုရား ပထမဆုံးအကြိမ်လှည့်လည်ပူဇော်ခံမည်ဟုဆို
Dawei Watch
November 5, 2024မြိတ်မြို့တွင် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ပူဇော်ပွဲကို အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လှည့်လည်ပူဇော်ခံမည်ဟု ဆုံးဖြတ်ထားကြောင်း ပွဲစီစဉ်သူများနှင့် နီးစပ်သူများထံမှ သိရသည်။ နှစ်ကျိပ်ရှစ်ဆူဘုရားများကို လာမည့်နိုဝင်ဘာ ၁၀ရက်နေ့တွင် ဦးမြတ်လေးပန်းခြံ၌ အပူဇော်ခံမည်ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ထိုနေ့ ညနေ ၄နာရီတွင် နှစ်ကျိပ်ရှစ်ဆူဘုရားများကို အနေကဇာတင်ခြင်းနှင့် ပရိတ်ရွတ်ဖတ်ကာ ဖွင့်ပွဲအခမ်းအနား လုပ်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ယင်းနောက် ဦးမြတ်လေးပန်းခြံတွင် ငါးရက်ကြာ အပူဇော်ခံထားရှိပြီး နိုဝင်ဘာလ ၁၅ရက် (တန်ဆောင်မုန်းလပြည့်နေ့) ညနေပိုင်းတွင် မြို့အတွင်းလှည့်လည်အပူဇော်ခံရန် ဆုံးဖြတ်ထားကြောင်း ၎င်းက ဆိုသည်။ “အစည်းအဝေးမှာကတော့ ညနေ ၃နာရီကနေ ည ၁၀နာရီ ၁၁နာရီနောက်ဆုံးထားပြီး မြို့လှည့်မယ်လို့ ဆုံးဖြတ်ထားကြ တယ်။ လမ်းကြောင်းကတော့ အရင်အတိုင်းပါပဲ” ဟု အဆိုပါ နီးစပ်သူက ပြောဆိုသည်။ ယင်းကဲ့သို့ […]


