တနင်္သာရီ ထုံမခါကျေးရွာဝန်းကျင်တွင် တိုက်ပွဲ ရက်ရှည်ဖြစ်
Dawei Watch
February 11, 2025တနင်္သာရီမြို့နယ်၊ ထုံမခါကျေးရွာဝန်းကျင်တွင် ဇန်နဝါရီလနှောင်းပိုင်းမှစတင်ကာ ယနေ့အထိ တိုက်ပွဲ ရက်ရှည် ဖြစ်ပွားနေကြောင်း ကျေးရွာနေပြည်သူများနှင့် မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ အင်အား ၂၇၀ ခန့်ပါသည့် စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၂၇ရက်မှစကာ ဘန်လောရွာ၊ ငါးမိုင်၊ ခြောက်မိုင်ဘက်မှ ထုံမခါကျေးရွာဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်သည်။ စစ်ကြောင်းထိုးလာစဉ် လမ်းတွင် ဇန်နဝါရီလ ၂၈ရက်က တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ ၂၉ရက်တွင် ငါးမိုင်ကျေးရွာ၌ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ ထုံမခါကျေးရွာတွင်လည်း အဆိုပါစစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးတပ်တို့ ဖေဖော်ဝါရီလ ၁ရက်မှ ယနေ့အထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း မြေပြင်ရှိတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “တိုက်ပွဲအတွင်း သူတို့(စကစ)ဘက်က ဒဏ်ရာရတာတွေ၊ သေဆုံးတာတွေရှိသလို အရှင်ဖမ်းဆီးရမိတာတွေလည်းရှိတယ်။ ကျွန်တော်တို့ဘက်က ထိခိုက်ဒဏ်ရာရတာမျိုးတွေလည်းရှိတယ်။ အတိအကျကို အတည်ပြုလို့ မရသေးဘူး” ဟု အဆိုပါရဲဘော်က ပြောဆိုသည်။ ထိုသို့ […]


