မြိတ်တွင် အမျိုးသားတစ်ဦး ထပ်မံကြိုးဆွဲချ သတ်သေ
Dawei Watch
November 28, 2024မြိတ်မြို့၊ အင်းလေးကမ်းရပ်ကွက်၊ ဦးသွယ် သဲကျောက်ကွင်းအတွင်းတွင် ယနေ့ နိုဝင်ဘာလ ၂၈ ရက် နံနက် ၆ နာရီခွဲဝန်းကျင်က အသက် ၂၅ နှစ်ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးသွားကြောင်း မြို့ခံများထံကသိရသည် ။ ယနေ့ နံနက် ၆ နာရီခွဲ ဝန်းကျင်တွင် သေဆုံးသူ၏ ညီဖြစ်သူက ကြိုးဆွဲချသေနေသည်ကိုမြင်၍ လူမှုကယ်ဆယ်ရေးအသင်းထံ အကြောင်းကြားကာ အကူအညီတောင်းခံခဲ့သည်ဟု သွားရောက်ကူညီပေးသူများထံက သိရသည် ။ “ဂဏန်းပုံး ချည်တဲ့ ပလပ်စတစ်ကြိုးနဲ့ ကြိုးဆွဲချထားတာ ။ သူ့ညီ မြင်တဲ့ချိန်ဆို အသက်မရှိတော့ဘူး။ ၇ နာရီကျော်ကျော်လောက်မှာ နာရေးအဖွဲ့တစ်ခုက အလောင်းလာသယ်ပေးသွားတယ်” ဟု ဖြစ်စဥ်အနီး မျက်မြင်တွေ့ခဲ့ရသည့် မြို့ခံတစ်ဦးကပြောသည်။ သေဆုံးသူ၏ ရုပ်အလောင်း ကို မြိတ်မြို့ရှိ စစ်တပ်ဆေးရုံ ရင်ခွဲရုံသို့ […]


