မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းတွင် စစ်ဆေးရေးဂိတ်နှစ်ဆတိုးပြီး ငွေတောင်းကြမ်းလာ
Dawei Watch
February 24, 2025မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် စစ်ဆေးရေးဂိတ် ယခင်ကထက် ၂ ဆခန့်ပိုများလာပြီး ငွေတောင်းကြမ်းလာကြောင်း ကားသမားများနှင့် ခရီးသွားများထံမှသိရသည်။ လက်ရှိအချိန်တွင် အဆိုပါလမ်းပိုင်း၌ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်၊ PDFစစ်ဆေးရေးဂိတ်၊ KNU စစ်ဆေးရေးဂိတ် နှင့် KTLA ဂိတ် အပါအဝင် စစ်ဆေးရေးဂိတ် ၄၀ ဝန်းကျင်အထိ ရှိလာကြောင်း ၎င်းတို့က ဆိုသည်။ မြိတ်-ကော့သောင်းလမ်းပိုင်းမှာ ၂၆၈ မိုင်ခန့် ကွာဝေးပြီး အာဏာမသိမ်းမီက ခရီးသည်များကို စစ်ဆေးသည့် စစ်ဆေးရေးဂိတ် မရှိပေ။ အာဏာသိမ်းပြီး ၃ နှစ်ခန့်အကြာ ၂၀၂၃ ခုနှစ်နှစ်လယ်ပိုင်းတွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ် အပါအဝင် စစ်ဆေးရေးဂိတ် ၈ ခုထက်မနည်းရှိလာပြီး ၂၀၂၄ နှစ်လယ်ပိုင်းတွင် စစ်ဆေးရေးဂိတ် ၂၀ ခန့်ရှိလာကြောင်း၊ သို့သော်လက်ရှိအချိန်တွင် ဂိတ်ပေါင်း ၄၀ ခန့် […]


