တနင်္သာရီ၊ တကူကျေးရွာအုပ်စုကို စစ်ကောင်စီ ဗုံးကြဲ
Dawei Watch
March 2, 2025တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ မတ်လ ၁ရက်နေ့ နံနက် ၈ နာရီခွဲတွင် တကူကျေးရွာအုပ်စု မြရာချောင်းကျေးရွာကို စစ်ကောင်စီက K8W အမျိုးအစား ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ပြောရေးဆိုခွင့်ရှိသူ ကိုမျိုးကြီးက ဆိုသည်။ “ဗုံးကြဲတာက တစ်ကြိမ်တည်းပါပဲ။ ဗုံးသီးကျတာက သုံး လေးနေရာလောက်ရှိတယ်။ ဥယျာဉ်ခြံတွေထဲကိုလည်းကျတယ်။ တံတားနားမှာလည်းကျတယ်။ ဘောလုံးကွင်းနားမှာလည်း ကျတယ်” ဟု ၎င်းက ပြောသည်။ ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြရာချောင်းကျေးရွာရှိ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး ဒေသခံလူထု ထိခိုက်မှုမရှိကြောင်း မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဆိုသည်။ “တိုက်ပွဲဖြစ်နေတာလည်းမဟုတ်ဘူးပေါ့။ ဘုန်းကြီးကျောင်းကတော့ဗုံးစမှန်သွားတယ်။ မိုးကြိုးပစ်သံထက်ကို ကြမ်းတာ။ တော်တော်လေးကိုကြမ်းတာ” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီတပ်က […]


