ဆင်ထိုးကြီးရွာသားတစ်ဦး နေအိမ်အနီး မြေမြှုပ်မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်တောက်
Dawei Watch
March 15, 2025ပုလောမြို့နယ်၊ ဆင်ထိုးကြီးရွာသားတစ်ဦး နေအိမ်အနီးတွင် မြေမြှုပ်မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက် ပြတ်တောက်ကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ မတ်လ ၁၅ ရက် နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် အသက် ၃၀ ဝန်းကျင်အရွယ် ကိုပြုံးဆန်းအောင် (ခေါ်) ကိုပြုံးပြုံးသည် နေအိမ်ခြံဝင်း အတွင်းရှိ ဒူးရင်းပင်အောက် ဒူးရင်းသီးသွားကောက်စဉ် မိုင်းနင်းမိကြောင်း ဆင်ထိုးကြီးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “သူ့အိမ်ခြံဝန်းထဲမှာပဲဖြစ်တာ။ ဒူးရင်းသီးမှည့်နေတယ်ဆိုတော့ ဒူးရင်းသီးသွားကောက်တယ်တဲ့။ အဲ့ဒီမှာ မိုင်းနင်းမိတာ။ ခြေကျင်းဝတ်အောက်ပိုင်း ပြတ်ထွက်သွားတယ်။ အခုထားဝယ်ဆေးရုံကြီးကို ပို့ထားတယ်လို့ပြောတယ်” ဟု ၎င်းက ပြောဆိုသည်။ ဆင်ထိုးကြီးရွာတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်မှ နှစ်ကုန်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယင်းနောက် ဆင်ထိုးကြီးရွာထဲတွင် KNLA […]


