မြိတ်မြို့တွင် ဆယ်ကျော်သက်ယောကျ်ားလေးတစ်ဦး ကြိုးဆွဲချသေဆုံး
Dawei Watch
January 5, 2025မြိတ်မြို့၊ တိုးချဲ့ရပ်၊ ဇေယျသီရိ ၃ ရပ်ကွက်တွင်နေထိုင်သည့် ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတစ်ဦး ဇန်နဝါရီလ ၅ ရက် နံနက်က ကြိုးဆွဲချသေဆုံးကြောင်း မိသားစုနှင့်နီးစပ်သူအချို့နှင့် အိမ်နီးချင်းအချို့ထံမှ သိရသည်။ ဇေယျာသီရိ ၃ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၅ နှစ်အရွယ် ယောကျာ်လေးသည် နေအိမ်တွင်ပင် ကြိုးဆွဲချ သေဆုံးခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ၎င်းသည် WY စိတ်ကြွဆေးသုံးစွဲမှုများပြီး စိတ်အခြေအနေ ပုံမှန်မဟုတ်သူဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။ “ဆေးတအားရှူတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ သွားတွေတောင် မရှိတော့ဘူး” ဟု အထက်ပါမိသားစုနှင့် နီးစပ်သူက ဆိုသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်ကလည်း မြိတ်မြို့တွင် ဆယ်ကျော်သက်အရွယ်ကျောင်းသားတစ်ဦး သတ်သေသွားခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့ရွာများအတွင်း မူးယစ်ဆေးကို ပေါ်ပေါ်ထင်ထင် […]


