ကျွန်းစုရှိ မြစ်ချောင်းအချို့တွင် ညဘက်သွားလာခွင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကန့်သတ်
Dawei Watch
April 6, 2025ကျွန်းစုမြို့နယ်အတွင်းရှိ မြစ်ချောင်းအချို့ကို ညဘက်သွားလာအသုံးပြုခြင်း မလုပ်ရန် ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ဧပြီလ ၅ရက်တွင် ထုတ်ပြန်ကန့်သတ်လိုက်သည်။ ဘဒ္ဒနဲကျေးရွာအုပ်စုရှိ သံပြာ-ဘန္နဲမြစ်ကြောင်း၊ ရှော်တော်မော်-မန်းကြီးမြစ်ကြောင်းနှင့် ဝန်တောင်-ရှမ်ပုံ မြစ်ကြောင်း များကို ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ပြည်သူများသွားလာ အသုံးပြုခြင်းမလုပ်ရန် အသိပေးချက် ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်က အဆိုပါကျေးရွာအုပ်စုအတွင်းရှိ မြစ်ချောင်းများကို အသုံးပြုကာ အင်အားတိုးချဲ့ စစ်ကြောင်းထိုးခြင်းနှင့် မြစ်ချောင်းများအတွင်း စစ်ရေးလှုပ်ရှားမှုများ ရှိနေသဖြင့် ပြည်သူများ၏ လုံခြုံရေးနှင့် ခရီးသွားလာခြင်းကို ခြိမ်းခြောက်နေ ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ထို့ကြောင့် အဆိုပါမြစ်ချောင်းများအတွင်း ညဘက်ခရီးသွားအသုံးပြုခြင်းကို ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ “စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးနေလို့ ပြည်သူတွေကို ဖမ်းဆီးတာမျိုး၊ ပစ်ခတ်တာမျိုး […]


