ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

မြိတ် တုံးဗျောရွာတွင် စစ်ကောင်စီရိက္ခာယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

Dawei Watch

April 1, 2025

တနင်္သာရီမြို့ဘက်သို့ ရိက္ခာလာပို့သည့် စစ်ကောင်စီယာဥ်တန်းကို မြိတ်မြို့နယ် တုံးဗျောရွာတွင် မတ်လ ၃၁ ရက် နံနက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံအချို့ထံမှ သိရသည်။ တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းများကို ရိက္ခာပို့ရန် မြိတ်ဘက်မှ လာသည့် ကား ၇ စီးပါ ယာဉ်တန်းကို ယင်းနေ့ နံနက် ၈ နာရီခွဲအချိန်တွင် တုံးဗျောကျေးရွာအုပ်စု လသာရွာအနီး၌ မြိတ်ပကဖက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဆိုသည်။ မြိတ်မြို့မှ တနင်္သာရီဘက်လာသည့် စစ်ကောင်စီတပ် ရိက္ခာကား ၇ စီးကို ဆွဲမိုင်း ၆ လုံးဖြင့်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မြိတ်ပကဖ ပြန်ကြားရေးတာဝန်ခံကပြောသည်။ အဆိုပါစစ်ကောင်စီယာဥ်တန်းသည် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကား ၅ စီးသာ တနင်္သာရီဘက်သို့ ဆက်လက် မောင်းနှင်သွားပြီး နှစ်စီးမှာ မိုင်းဆွဲခံရသည့် […]

ပုလောမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

Dawei Watch

April 1, 2025

ပုလောမြို့ အမှတ် ၄ ရပ်ကွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။ အသက် ၆၀ ကျော်အရွယ် ဦးခင်မောင်ဝင်းသည် အမှတ် ၄ ရပ်ကွက် ရွှေဟင်္သာလမ်းရှိ နေအိမ်တွင်ရှိနေချိန် မတ်လ ၃၁ ရက် နေ့လယ်ပိုင်းတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ၎င်းမြို့ခံကပြောသည်။ ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းနှင့် ကရင်အမျိုးသားကာကွယ်ရေး တပ်မတော် KNDO တပ်ရင်း ၇ တို့ပူးပေါင်းပြီး ဦးခင်မောင်ဝင်အား ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက ယနေ့ (ဧပြီ ၁) တွင် ထုတ်ပြန်သည်။ စစ်ကောင်စီက ပြဌာန်းထားသည့် အဓမ္မစစ်မှုထမ်းဥပဒေ ပေါ်ပေါက်လာပြီးနောက် အဆိုပါအုပ်ချုပ်ရေးမှူးသည် လူငယ်များကို ဖိအားပေးပြီး စစ်မှုထမ်းဆောင်ရန်စေခိုင်းခြင်း၊ […]

စစ်ကောင်စီက ကုန်စည်သယ်ခွင့် ပိတ်ထား၍ တနင်္သာရီက ရွာသုံးရွာတွင် ကွမ်းသီးခြောက်စျေးကျ

Dawei Watch

April 1, 2025

တနင်္သာရီမြို့နယ်အတွင်းရှိ ပဝရွာ၊ လယ်သစ်ရွာနှင့် သရဖုံရွာများကို စစ်ကောင်စီတပ်က ကုန်ပစ္စည်းသယ်ဆောင်ခွင့် ပိတ်ထားသဖြင့် ကွမ်းသီးခြောက်ဈေးကျနေကြောင်း ဒေသခံနှင့်ကွမ်းသီးရောင်းဝယ်သူများ ထံမှသိရသည်။ ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့မှစကာ ပဝရွာ၊လယ်သစ်ရွာနှင့်သရဖုံရွာသို့ သွားရာလမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များက ကုန်ပစ္စည်းသယ်ဆောင်ခွင့် ကန့်သတ်ထားရာ မြိတ်မြို့သို့ ကွမ်းသီးခြောက်တင်ပို့ခွင့်မရသဖြင့် စျေးကျလာကြောင်း ဒေသခံများက ပြောသည်။ ကားလမ်းမပိတ်မီက ကွမ်းသီးခြောက် တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်ဈေးရှိသော်လည်း လက်ရှိအချိန်တွင် ကျပ် ၁၅၀၀၀ ဝန်းကျင်သာ ဈေးရှိတော့ကြောင်း အသက် ၃၅ နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ ထိုသို့ဈေးကျနေသော်လည်း တိုက်ပွဲဖြစ်ပွားနိုင်သည့်အခြေအနေများကြောင့် သိုလှောင်မထားတော့ဘဲ ရသည့်ဈေးဖြင့် ထုတ်ရောင်းနေရကြောင်း ၎င်းကပြောသည်။ “အရင်ကလို သိုမထားတော့ဘူး။ ဘယ်အချိန်ဘာနဲ့ ကြုံမယ်မှန်းမသိဘဲ တစ်နေ့ တစ်မျိုးစျေးပြောင်းနေတယ်လေ။ စျေးကျလည်း ရတဲ့စျေးနဲ့ပဲ ရောင်းနေရတယ်” […]

မြိတ်ဘက်မှ တနင်္သာရီသို့ ရိက္ခာလာပို့သည့် စစ်ကောင်စီယာဥ်တန်းကို တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်

Dawei Watch

March 31, 2025

မြိတ်မြို့ဘက်မှ တနင်္သာရီဘက်သို့ ရိက္ခာလာပို့ပြီး ပြန်လာသည့် စစ်ကောင်စီယာဥ်တန်းကို တော်လှန်ရေးတပ်များက တစ်ရက်အတွင်း နှစ်ကြိမ်တိုင်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံအချို့ထံမှ သိရသည်။ တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းများကို ရိက္ခာပို့ရန် မြိတ်ဘက်မှ လာသည့် ကား ၄ စီးပါ ယာဉ်တန်းကို မတ်လ ၂၉ ရက် နံနက် ၇နာရီခွဲအချိန်တွင် ရမ်းဖိုကျေးရွာတွင် စောင့်ဆိုင်းတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဆိုသည်။ အဆိုပါ စစ်ကောင်စီယာဥ်တန်းသည် ခမရ ၅၅၆ တပ်ရင်း ၊အမှတ် ၃၀၆ အမြောက်တပ်နှင့် ခမရ ၅၅၇ တပ်များကို ရိက္ခာလာဖြည့်သည့် ကားများဖြစ်ကြောင်း အသက် ၄၃ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။ ”ဘိတ်က တက်လာတုန်းကတော့ ကား ၇ စီးဖြစ်တယ်။ ဇဝဲတပ်ထဲမှာ […]

အလှူလုပ်ရန် ဆန် ၄ အိတ်ဝယ်လာသည့် ဘန်းလမွတ်ဒေသခံကို PDF ထောက်ပို့ဟုဆိုကာ စစ်ကောင်စီဖမ်းဆီး

Dawei Watch

March 31, 2025

အလှူလုပ်ရန် မြိတ်မြို့မှ ဆန်အိတ်များဝယ်ပြီး သယ်ဆောင်လာသည့် တနင်္သာရီမြို့နယ် ဘန်းလမွတ်ရွာ ဒေသခံတစ်ဦးကို PDF ထောက်ပို့ဟု စစ်ကောင်စီက စွပ်စွဲပြီး ဖမ်းဆီးခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ မတ်လ ၂၈ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် မြိတ်မြို့မှ ပြန်လာသည့် ကား(ကုန်ပါတင်သည့် ကားအသေး) ပေါ်တွင် ဆန် ၄ အိတ်တင်ဆောင်လာစဉ် ကြေးနန်းတိုင်တံတားစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခံခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ အသက် ၂၉ နှစ်ဝန်းကျင်အရွယ် ကိုနိုင်လင်းသည် ဇဝဲကျေးရွာဘုရားပွဲတွင် အလှူလုပ်ရန် ဆန်အိတ်အပါအဝင် ပစ္စည်းဝယ်ပြီးအပြန်တွင် ဆန် ၄ အိတ်ပါသည်ဆိုသည့် အကြောင်းပြချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ “ဆန်အိတ် ၄ အိတ်ပါလို့ မင်းလားကွ ထောက်ပို့ဆိုပြီး […]

တကူကျေးရွာအုပ်စုတွင် တောခုတ်လုပ်သားရှားနေသည့်အတွက် စရန်ငွေကြိုထုတ်ပေးနေရဟုဆို

Dawei Watch

March 30, 2025

တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုရှိရွာများတွင် တောခုတ်အလုပ်သမားရှားပါးနေသည့်အတွက် စရန်ငွေကြိုထုတ်ပေးပြီး ငှားရမ်နေရကြောင်း ဒေသခံများနှင့်ဥယျာဥ်ခြံ လုပ်နေသူများထံမှသိရသည်။ အဆိုပါဒေသတွင် ပြီးခဲ့သည့်နှစ်မှစကာ တောခုတ်အလုပ်သမားရှားပါနေပြီး ယခုနှစ်တွင် စရန်ငွေကြိုတင်ထုတ်ပေးပြီး ငှားရမ်းနေရကြောင်း ဒေသခံတောင်သူများက ဆိုသည်။ တကူကျေးရွာအုပ်စုရှိ ဥယျာဥ်များတွင် ကွမ်းသီးပင်ကို အဓိကစိုက်ပျိုးထားပြီး ငှက်ပျောပင်နှင့် အုန်းပင် အနည်းငယ်ကိုလည်း စိုက်ပျိုးထားကြသည်။ ”အရင်နှစ်တွေက အလုပ်သမားလိုရင် သူတို့နေအိမ်မှာ သွားခေါ်ရတယ်။ အခုက တောခုတ်ချိန်မတိုင်ခင် စရံငွေ ကြိုထုတ်ပေးထားရတဲ့ အခြေအနေတွေဖြစ်လာတယ်”ဟု အသက်၂၆နှစ်ဥယျာဥ်လုပ်နေသူကဆိုသည်။ ပြီးခဲ့သည့်နှစ်က မြက်ခုတ်စက်ဖြင့် တောခုတ်သူတစ်ဦးလျှင် နေ့စားခတစ်ရက် ကျပ်တစ်သောင်းခွဲရှိရာက ယခုနှစ်တွင် ကျပ်နှစ်သောင်းအထိ ဈေးပေါက်နေကြောင်း ဒေသခံများထံမှ သိရသည်။ ထို့အပြင် ကွမ်းပင်အရင်းတွင် ဓားဖြင့်မြက်ရှင်းသူတစ်ဦးလျှင် နေ့စားခအဖြစ် ၁၂၀၀၀ ကျပ်မှ ကျပ်၁၅၀၀၀ အထိ ဈေးပေါက်နေသည်။ ဥယျာဉ်ခြံ အကျယ်အဝန်းအပေါ်မူတည်ကာ အလုပ်သမားတစ်ဦးလျှင် […]

ဒဏ်ရာရစစ်ကောင်စီတပ်သားများ သယ်လာသည့် ယာဉ်တန်းကို ရမ်းဖိုရွာတွင် မိုင်းဆွဲတိုက်ခိုက်

Dawei Watch

March 29, 2025

တိုက်ပွဲရက်ရှည်ဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းတိုက်ပွဲတွင် ဒဏ်ရာရထားသည့် စစ်ကောင်စီတပ်သားများကို မြိတ်မြို့သို့ ပြန်လည်ပို့ဆောင်သည့် ယာဉ်တန်းကို တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ မတ်လ ၂၈ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ဒဏ်ရာရစစ်ကောင်စီတပ်သားများကို သယ်ဆောင်လာသည့် ကား ၇ စီးပါ စစ်ကောင်စီယာဉ်တန်းသည် အမှတ် ၃၀၆ အမြောက်တပ်မှ မြိတ်ဘက်သို့မောင်းနှင်လာချိန် တနင်္သာရီမြို့နယ် ရမ်းဖိုရွာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ အဆိုပါ စစ်ကောင်စီတပ်ယာဉ်တန်းကို ရမ်းဖိုရွာရှိ ဆီအုန်းကုန်းတွင် ဗိုလ်ခရင်းတပ်ဖွဲ့ ၊တောကြီးမြွေဟောက်တပ်ဖွဲ့၊ မြိတ်ပကဖအဖွဲ့ နှင့် ပကဖဇုန်(၃)တို့က မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ကားတစ်စီး ပျက်စီးသွားကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့က ထုတ်ပြန်သည်။ တစ်နာရီခန့်အကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ထိခိုက်မှုရှိနိုင်ကာ တော်လှန်ရေးပူးပေါင်းတပ်ဘက်ကမူ […]

ကျွန်းစု ဝန်တောင်ရွာတွင် တိုက်ပွဲဖြစ်ပြီး ဖုန်းတာဝါတိုင်ပျက်စီး

Dawei Watch

March 29, 2025

ကျွန်းစုမြို့နယ်၊ ဝန်တောင်ကျေးရွာတွင် မတ်လ ၂၆ရက်က စစ်သင်္ဘောများဖြင့် သွားလာနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဝန်တောင်ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ရာ Mytel ဖုန်းတာဝါတိုင် ထိမှန်ပျက်စီးသွားပြီး ရွာသားများမူ ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ပင်လယ်ပြင်ရှိ စစ်‌သင်္ဘောပေါ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ပြီး ကျေးရွာရှိ ပြည်သူများမှာ လှေဖြင့်ထွက်ပြေး တိမ်းရှောင်ကြသလို ဥယျာဉ်ခြံများအတွင်း ထွက်ပြေးသူများလည်းရှိကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “တစ်ရွာလုံး ပြောင်းခိုင်းထားတယ်လို့ ပြောနေကြတယ်။ လက်နက်ကြီးပစ်တာနဲ့ လေယာဉ်ဗုံးလာကြဲမှာပဲ ကြောက်တယ်။ ရွာမှာတော့လူ မရှိကြတော့ဘူး” ဟု အဆိုပါ ၎င်းက ပြောဆိုသည်။ မတ်လ ၁၃ ရက်ကလည်း ဝန်တောင်ကျေးရွာအနီး ပင်လယ်ပြင်တွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးကြောင်း ကျွန်းစုပကဖ၏ […]