တနင်္သာရီတွင် စစ်ကောင်စီက ရွာသားအချို့ကို လူသားဒိုင်းလုပ်၍ စစ်ကြောင်းထိုးဟုဆို
Dawei Watch
December 1, 2024တနင်္သာရီမြို့နယ်အတွင်း ကျေးရွာအချို့တွင် စစ်ကောင်စီတပ်က တောက်လျှောက် စစ်ကြောင်းထိုးနေပြီး ဒေသခံရွာသားများကို လူသားဒိုင်းလုပ်ကာ ဖမ်းဆီးခေါ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၂၅ ရက် ညနေကစကာ ဘန်းလမွတ်ရွာ၊ မော်တုန်းကျေးရွာအုပ်စုနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများကို ယနေ့အထိ တောက်လျှောက်စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ဆိုသည်။ စစ်ကောင်စီစစ်ကြောင်းတွင် အင်အား ၈၀ အထက်ရှိမည်ဟု ခန့်မှန်းကြောင်း၊ စစ်ကြောင်းငယ်များခွဲကာ စစ်ကြောင်းထိုးနေသဖြင့် အတိအကျပြောနိုင်ရန်ခက်ခဲသလို ရုတ်တရက်ပေါ်လာသည့်ပုံစံဖြင့် လှုပ်ရှားနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ပြောသည်။ “အင်အားကိုအတိအကျပြောလို့မရဘူး။ သူတို့(စကစ)က ဟိုနားပေါ်လိုက် ဒီနားပေါ်လိုက်နဲ့။ သူတို့က စစ်ကြောင်းကြီး(ပုံစံ)မျိုး သွားနေတာမျိုးမဟုတ်ဘဲ အဖွဲ့ခွဲပြီးသွားနေတဲ့ပုံစံမျိုးပါ” ဟု ဘန်းလမွတ်ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။ ထိုသို့ စစ်ကြောင်းထိုးရာတွင် စစ်ကောင်စီတပ်သားများက ဒေသခံအရပ်သားများကို ဖမ်းဆီးပြီး စစ်ကြောင်းတစ်လျှောက်ဖမ်းဆီးခေါ်ဆောင်နေကြောင်း အမည်မဖော်လိုသည့် မော်တုန်းဒေသခံ […]