ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

မြိတ်တွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်တိုက်မိ၊ တစ်ဦးသေဆုံး

diz_admin

May 12, 2020

မြိတ်မြို့ လေယာဉ်ကွင်းလမ်းမကြီးတွင် မေလ ၃ ရက်နေ့က အမျိုးသမီးတစ်ဦးမောင်းနှင်လာသည့် မော်တော်ယာဉ်နှင့် ဆိုင်ကယ်တစ်စီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။ မော်တော်ယာဉ်မှာ ပုလဲမွန်လမ်းဆုံဘက်မှ လေယာဉ်ကွင်းဘက်သို့ မောင်းနှင်လာပြီး လမ်းခုလတ်တွင် ယာဉ်လမ်းအလယ်ကြောမှ ပြန်လှည့်ရန်ပြုလုပ်နေစဉ် နောက်မှလိုက်လာသည့် မော်တော်ဆိုင်ကယ်က ယာဉ်နောက်ဘက်မှဝင်တိုက်မိခဲ့ကြောင်း မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးချိုလွင်က ပြောသည်။ ယာဉ်တိုက်မှုဖြစ်ပွားပြီး‌နောက် ဒဏ်ရာရသည့် ဆိုင်ကယ်စီးအမျိုးသားအား မြိတ်ဆေးရုံကြီးသို့ တင်ပို့ရာညဘက်တွင် သေဆုံးသွားခဲ့ကြောင်း အထက်ပါစခန်းမှူးက ပြောသည်။ လက်ရှိတွင် မော်တော်ယာဉ်မောင်းနှင်လာသူအား မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ယင်းရဲစခန်းမှ သိရသည်။ မြင့်မိုရ်(မြိတ်)

ရော်ဘာအရနည်း၊ ဈေးထက်ဝက် နီးပါးကျ

diz_admin

May 12, 2020

ယခုနှစ်တွင်မြိတ်ရှိ ရော်ဘာများအရနည်းပြီးဈေးနှုန်းများလည်း ထက်ဝက်နီးပါးကျဆင်းနေကြောင်း ရော်ဘာစိုက်တောင်သူများနှင့် ရော်ဘာအဝယ်ဒိုင်အချို့ထံမှ သိရသည်။ ကိုဗစ်နိုင်တင်းမဖြစ်မီက မှိုင်းခံရော်ဘာအပြား တစ်ပိဿာကျပ်၂၇၀ဝ အထိဈေးပေါက်ခဲ့ပြီး ယခုလတွင်ကျပ် ၁၈၀ဝ သာပေါက်ဈေးရှိတော့ကြောင်း မြိတ်မြို့၊ ကမ်းနားလမ်းရှိရော်ဘာအဝယ် ဒိုင်ပိုင်ရှင်ဦးဖိုးကျော်က ပြောသည်။ “ပြီးခဲ့တဲ့နှစ်ကထက် ရော်ဘာအထွက်နှုန်းနည်းလာသလိုဈေးကလည်း တော်တော်ကျဆင်းသွားတယ်” ဟု ၎င်းက ပြောသည်။ ယခင်နှစ်ထက် ယခုနှစ်နွေရာသီ အပူချိန်ပိုများလာပြီးရော်ဘာ အထွက်နှုန်းကျဆင်းကာ ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ဈေးနှုန်းများလည်းကျဆင်းခဲ့ရကြောင်း မြိတ်မြို့နယ်၊ ရွှေဒူးရွာရှိရော်ဘာ စိုက်တောင်သူကိုကျော်နိုင်က ဆိုသည်။ “အစေးကလည်းလျော့၊ ဈေးက လည်းကျသွားတယ်ဆိုတော့ ငွေကြေးအားဖြင့် ထက်ဝက်လောက်ကွာသွားတာပေါ့” ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့်နှစ်က တစ်ညလျှင် ရော်ဘာအရည် ၁၅ ဂါလံဝင်နှစ်ပုံးခန့်ရနေရာမှ ယခုနှစ်တွင်တစ်ပုံးကျော်ကျော်သာ ရရှိတော့ကြောင်းကိုကျော်နိုင်က ပြောပြသည်။ ယင်းအပြင်ည၁၀နာရီမှနံနက် ၄ နာရီအတွင်း ညမထွက်ရဒေသန္တရအမိန့်ကြောင့် ရော်ဘာစိုက်တောင်သူများအတွက် ရော်ဘာအစေးခြစ်ချိန်နည်းပါးလာကြောင်း […]

ပုလောမြို့ရှိ ပျံကျဈေးသည်များအား နေရာသစ်သို့ ထပ်ပြောင်း

diz_admin

May 11, 2020

မြိတ်ခရိုင် ပုလောမြို့ပေါ်ရှိ ပျံကျဈေးသည်များအား မေလ ၆ ရက်နေ့မှစပြီး နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယရင်ပြင်တော်ပေါ်သို့ ရွှေ့ပြောင်းနေရာချထားကြောင်း ပုလောမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးတင်စိုးထံမှ သိရသည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးမပြုလုပ်ရန် ထုတ်ပြန်ထားသည့် အခြေအနေတွင် ပုလောမြို့မဈေးကြီး အပြင်ဘက်တွင်ရောင်းချနေကြသည့် ပျံကျဈေးသည်များအား ရပ်ကွက်သုံးခုတွင် သုံးနေရာခွဲပြီးရောင်းချနိုင်ရန် ဆောင်ရွက်ပေးထားပြီးဖြစ်သော်လည်း အဆင်မပြေသောကြောင့် ယခုကဲ့သို့ ထပ်ပြောင်းခြင်းဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးတင်စိုးက ပြောပြသည်။ “ခွဲပေးတဲ့‌ နေရာမှလည်း အဆင်မပြေဘူး။ လူစုလူဝေး ထပ်ဖြစ်နေတာ” ဟု စည်ပင်ကော်မတီ ဥက္ကဋ္ဌဦးတင်စိုးက ပြောသည်။ ထို့ကြောင့် မြို့နယ်သံဃနာယက ဆရာတော်များနှင့် နှစ်ကျိပ်ရှစ်ဆူဘုရား ကျင်းပရေး ကော်မတီတို့၏ ခွင့်ပြုချက်တို့ဖြင့် ပြောင်းရွှေ့ရောင်းချစေခဲ့ခြင်းဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးတင်စိုးက ပြောပြသည်။ ရွှေ့ပြောင်းပေးထားသည့် နေရာတွင် လမ်းအကျယ် ပေ ၃၀ နှင့် […]

မြိတ်တွင်ရေငန်တား တမံကျိုးပြီး လယ်ဧက ရာချီ ရေမြုပ်

diz_admin

May 11, 2020

မြိတ်မြို့၏ မြောက်ဘက်ပင်လယ်ကမ်းနဘေးရှိ ကလွင်ကျေးရွာတွင် ရေငန်တားတမံရိုးကျိုးသဖြင့် ပြီးခဲ့သည့်နှစ်ကတည်းက လယ်ဧကသုံးရာခန့်နှင့် ကျေးရွာနေအိမ်အချို့ ရေနစ်မြုပ်လျက် ရှိသည်။ ယမန်နှင့် စပါးရိတ်ရာသီမတိုင်မီ တာရိုးကျိုးသဖြင့် လယ်ဧကရာချီရှိ စပါးများဆုံးရှုံးခဲ့သေးသည်။ ယင်းနောက် တာရိုးကျိုးမှု တဖြည်းဖြည်းများလာပြီး မေလဆန်း၌ လယ်ဧက သုံးရာခန့်အထိ ရေမြုပ်လာကြောင်း ဒေသခံများထံမှ သိရသည်။ လက်ရှိအချိန်တွင် ရေနစ်မြုပ်နေသည့် နေအိမ်အချို့မှမိသားစုများသည် နီးစပ်ရာအိမ်များတွင် ယာယီနေထိုင်နေကြကြောင်း ယင်းကျေးရွာနေသူများက ပြောပြသည်။ “ဒီရေတက်လာရင် အနီးအနားအိမ်တွေမှာတောင်းပြီး လိုက်နေကြတယ်။ ရေကျသွားရင်တော့ တိုက်ချွတ်ဆေးကြောပြီး ပြန်နေကြရတာပေါ့”ဟု ယင်းတံငါရွာနေသူတစ်ဦး ပြောပြသည်။ လယ်ကွင်းများမှာ နေ့စဉ်ဒီရေတက်ချိန်တွင်း ရေမြုပ်နေပြီး ရွာရှိနေအိမ် ၁၀ အိမ်ဝန်းကျင်မှာ ဒီရေထရက်များတွင် တစ်လနှစ်ကြိမ်ပုံမှန် ရေနစ်မြုပ်လေ့ရှိသည်။ ယင်းကျေးရွာတွင် အိမ်ခြေတစ်ရာကျော်နှင့် လူဦးရေလေးရာခန့်ရှိကာ ကျောင်းသူကျောင်းသား ရှစ်ဆယ်ဦးခန့်သည် ပုံမှန်ကျောင်းဖွင့်ချိန် မိုးရာသီတွင် ဗွက်ထနေသည့် […]

မြိတ်ကေတီဗွီဆိုင်ကိစ္စ ပြစ်ဒဏ်နည်း၍ ပြင်ဆင်မှုတက်ရန် ပြင်

diz_admin

May 11, 2020

မြိတ်တွင် ဒေသန္တရအမိန့် ချိုးဖောက် ခဲ့သည့် ကေတီဗွီဆိုင် သုံးဆိုင်အား ဒဏ်ငွေ ကျပ်ငါးသောင်းစီ ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့ခြင်းအပေါ် ပြင်ဆင်မှု တက်ရန် ဆွေးနွေးရန်ရှိကြောင်း တနင်္သာရီ တိုင်းဒေသကြီး ဥပဒေချုပ် ဦးစိုးမြင့်က ပြောသည်။ အမိန့်ထုတ်ပြန်ပြီးနောက် ယင်း ကဲ့သို့ဖောက်ဖျက်ခြင်းမှာ အမိန့်ကို တမင် ဖီဆန်သည့်သဘောဖြစ်နေသည့် အတွက် ပြစ်ဒဏ်တိုးမြှင့်နိုင်ရေး ပြင်ဆင် မှုတက်သင့်^ မသင့် ဆွေးနွေးရန်ရှိကြောင်း ၎င်းက ဆိုသည်။ စည်းကမ်းဖောက်ဖျက်သည့် ကေတီဗီ ဆိုင် ၃ ဆိုင်ကို ရာဇသတ်ကြီးပုဒ်မ-၁၈၈ အရ ဒဏ်ငွေငါးသောင်းပေးဆောင်စေရန် မြိတ်မြို့နယ်တရားရုံးက အမိန့်ချခဲ့ကြောင်း ဦးစိုးမြင့်က ပြောသည်။ “မင်္ဂလာဆောင်တို့၊ ဘုန်းကြီးပျံတို့ ဆိုတာ ဒါကတကယ့် လူမှုရေးကိစ္စပါ။ ကေတီဗွီလိုဟာမျိုးကျတော့ ဒါက သက်သက်မဲ့ အမိန့်ဖီဆန်တဲ့သဘော မျိုးဖြစ်တာ။ ဒီကာလကြီးမှာ […]

ကိုဗစ်အမိန့်ဖောက် မာဆတ် အရေးယူရန် ခက်နေသည်

diz_admin

May 11, 2020

ကိုဗစ်ရောဂါ တားဆီးကာကွယ်ရေး အတွက် ချမှတ်ထားသော စည်းကမ်းချိုး ဖောက်သည့် မြိတ်မြို့မှ မာဆတ် (အနှိပ်ခန်း) ကို အရေးယူရန် အခက်တွေ့ နေကြောင်း တနင်္သာရီတိုင်း ဒေသကြီး ဥပဒေချုပ် ဦးစိုးမြင့်က ပြောကြားသည်။ မြိတ်တွင် ချမှတ်ထားသည့် အမိန့် ကို ဖောက်ဖျက်သည့် ကေတီဗွီ (ကာရာ အိုကေလုပ်ငန်း) ၃ ခုကို အရေးယူခဲ့ပြီး ဖြစ်သော်လည်း အနှိပ်ခန်းလုပ်ငန်းကိုမူ အရေးယူရန် ဥပဒေအကြံတောင်းထား ဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။ တားမြစ်ထားသည့်အမိန့်တွင် အနှိပ်ခန်းလုပ်ငန်း မပါဝင်သည့်အတွက် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်း ရေးဥပဒေဖြင့် အရေးယူရန် ဆွေးနွေး နေကြောင်း တိုင်းဒေသကြီး ဥပဒေချုပ်က ဆိုသည်။ “အမိန့်ထုတ်ထားတဲ့အထဲမှာ မာဆတ် မပါဘူး။ မာဆတ်မပါတော့ ဘယ်လို လုပ်ရင်ကောင်းမလဲ၊ ကူးစက်(ဥပဒေ) […]

ကိုဗစ်ကာကွယ်ရေး ဖောက်ဖျက်မှု ၇၀ ကျော်

diz_admin

May 11, 2020

တနင်္သာရီတိုင်းအတွင်း ကိုဗစ် ထိန်းချုပ်ရေးအမိန့်ကို ဖောက်ဖျက်၍ အရေးယူခဲ့သည့်အမှုပေါင်း ၇၀ ဝန်းကျင် ရှိကြောင်း တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။ ကိုဗစ်ကာလ ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက် ဖောက်ဖျက်သည့် အတွက် ဖမ်းဆီးအရေးယူခဲ့သည့်အမှု အရေအတွက် ၆၀ ကျော်ရှိကြောင်း ၎င်းက ဆိုသည်။ ယင်းအပြင် ထင်ရှား သည့်အမှု ၇ မှုရှိခဲ့ကြောင်း ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။ မြိတ်မင်္ဂလာဆောင်ကိစ္စ၊ ရေဖြူ ဘုန်းကြီးပျံပွဲကိစ္စ၊ ကော့သောင်း မလိဝမ်း ရှိ စောင့်ကြည့်စခန်းတွင် ခြိမ်းခြောက် ပြောဆိုပြီး စောင့်ကြည့်စခန်းမှ ထွက်သွား သည့်ကိစ္စ၊ မြိတ်တွင် ကျန်းမာရေးအစစ် ဆေးမခံသည့် လိုင်စင်မဲ့ကားကိစ္စ၊ ထိုင်း နိုင်ငံမှ ကော့သောင်းသို့ ပဲ့ချိတ်ဖြင့် ခိုးဝင်လာသည့် ကိစ္စ၊ မြိတ်ကေတီဗွီ […]

နှာခေါင်းပိတ်မတပ်က ထိထိရောက်ရောက် အရေးယူတော့မည်ဟုဆို

diz_admin

May 7, 2020

လမ်းထွက်ချိန် နှာခေါင်းပိတ်မတပ်ပါက ထိထိရောက်ရောက် အရေးယူတော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။ နှာခေါင်းပိတ်မတပ်သူများကို မေလ ၈ ရက်နေ့က စတင်ကာ မြို့နယ်အလိုက် ထိထိရောက်ရောက် အရေးယူတော့မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ နှာခေါင်းပိတ်မတပ်ပါက ဖမ်းဆီးပြီး ကျပ်ငါးထောင်နှင့် ညီမျှသည့် Mask (နှာခေါင်းပိတ်) များ ပြန်ပေးမည့်ပုံစံဖြင့် အရေးယူမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။ အပြင်ထွက်ချိန် နှာခေါင်းပိတ်မတပ်ပါက အရေးယူမည့်အကြောင်းကို ဧပြီလအစောပိုင်းတွင် စာထုတ်ညွှန်ကြားခဲ့သည်။ထိုသို့ စာထုတ်ပြီးအချိန်က လိုက်နာသူများခဲ့သော်လည်း နောက်ပိုင်းတွင် အများစုက လိုက်နာမှုမရှိကြတော့ပေ။ ထိုအချိန်က ဖမ်းဆီးကြပ်မတ်ခြင်းကို ရက်ပိုင်းသာ ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ နှာခေါင်းစည်းမတပ်သူများကို စတင်အရေးယူ ယင်းသို့သောအခြေအနေတွင် နှာခေါင်းပိတ်မတပ်ဘဲ အပြင်ထွက်က ထိထိရောက်ရောက်အရေးယူတော့မည့်အကြောင်း မေလ ၇ […]