ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

ကျောင်းထိုင်ဆရာတော် ကြိုးဆွဲချ သတ်သေ

diz_admin

August 4, 2020

ကျွန်းစုမြို့နယ်တွင် ကျောင်းထိုင် ဆရာတော်တစ်ပါး ကြိုးဆွဲချ သတ်သေသွားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ညောင်ဘီးကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီးကျောင်းတွင် သက်တော် ၃၇ နှစ် (ဝါတော် ၁၆ ဝါ) ရှိသည့် ကျောင်းထိုင်ဆရာတော်က ဇူလိုင်လ ၂၉ ရက်နေ့တွင် သတ်သေခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ အဆိုပါကျေးရွာအုပ်စုနေ အသက် ၅၉ နှစ်အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦးက ၎င်း၏လက်ကိုင်ဖုန်းပျက်သွားသဖြင့် ဆရာတော်ကို ပြင်ခိုင်းရန် ဘုန်းကြီးကျောင်းသို့ သွားရောက်ခဲ့ကြေင်း ရဲမှတ်တမ်းတွင်ဖော်ပြသည်။ ထိုသို့သွားရာတွင် ဘုန်းကြီးကျောင်းအတွင်းရှိ တိုးချဲ့တိုက်ကျောင်းဆောင် အပေါ်ထပ်တွင် ကြေးစည်ချိတ် ဆွဲရန်ထားရှိသည့် ကြိုးဖြင့်ကြိုးဆွဲချ သတ်သေထားသည်ကို တွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ သဇင်နယ်မြေရဲစခန်းတွင် သေမှုသေခင်းဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

တားမြစ်ထားသော်လည်း ငါးလိပ်စွန်များ မကြာခဏဖမ်းဆီးခံနေရ

diz_admin

August 4, 2020

ရှားပါးရေသတ္တဝါဖြစ်သောကြောင့် မဖမ်းဆီးရန် တားမြစ်ထားသည့် Mandaray ခေါ် ငါးလိပ်စွန်များမှာ မကြာခဏ ဖမ်းဆီးခြင်းခံနေရကြောင်း ကိုယ်တိုင်မြင်တွေ့ရသူများထံမှ သိရသည်။ ယင်းငါးလိပ်စွန်များကို မြိတ်မြို့ရှိ ကမ်းနီးတံငါသည်တချို့က ဖမ်းဆီးပြီး မြိတ်ကမ်းနားလမ်းရှိ ပြည်တော်သာတံတား၊ ဆားတံတားနှင့် မြိတ်ခရိုင်ငါး လုပ်ငန်းဦးစီးဌာနအနီး သစ်ယာဝတံတားတို့တွင် မကြာခဏတင်ချလေ့ရှိကြောင်း မျက်မြင်များက ပြောပြသည်။ ငါးလိပ်စွန်တစ်ကောင်လျှင် အနည်းဆုံး အချိန်ပိဿာနှစ်ရာမှ အငယ်ဆုံး နှစ်ဆယ်ပိဿာခန့်ရှိပြီး တစ်ခါလာရောက် တင်ချလျှင် အနည်းဆုံးဆယ်ကောင်မှ အကောင်သုံးဆယ်ခန့် အထိ လာရောက် ရောင်းချလျက်ရှိနေသည်ဟု မြိတ်ကမ်းနားတွင် တက္ကစီမောင်းသူအချို့က ပြောပြသည်။ “ငါးလုပ်ငန်းက တင်ထားတဲ့ဆိုင်း ဘုတ်ကြီးအောက်မှာကိုပဲ အတင်အချ လုပ်နေတာ။ ငါးလိပ်စွန်တင် မဟုတ်ဘူး။ ငါးမန်းတွေပါ အကုန်တင်တယ်” ဟု တက္ကစီယာဉ်မောင်းနှင်သူ အသစ် ၅၅ နှစ်ခန့်အရွယ် မျက်မြင်အမျိုးသားတစ်ဦးက ဆိုသည်။ ယင်းနေရာများ၌ […]

၂၀၂၀ ရွေးကောက်ပွဲ မြိတ်ခရိုင်အတွင်း နိုင်ငံရေးပါတီများ တိုးလာ

diz_admin

July 28, 2020

၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ မြိတ်ခရိုင်အတွင်း နိုင်ငံရေးပါတီများတိုးလာကြောင်း မြိတ်ခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ အချိန်က မြိတ်ခရိုင်အတွင်း ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ ခြောက်ခုသာရှိခဲ့ပြီး ယခုလာမည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ဆယ်ခုအထိရှိလာကြောင်း မြိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးဝင်းကြည်က ပြောသည်။ ပြီးခဲ့သည့် ၂၀၁၅ ရွေကောက်ပွဲတွင် မြိတ်ခရိုင်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသားတိုးတက်ရေးပါတီနှင့် ကရင်တိုင်းရင်းသားပါတီတို့ ရှိခဲ့သည်။ အွန်လိုင်းကနေသင်ယူဖို့ တက္ကသိုလ်ကျောင်းသားတွေရဲ့ အခက်အခဲများ ယခုရွေးကောက်ပွဲတွင် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ကောင်းကျိုးဆောင်ပါတီတို့ ထပ်မံတိုးလာကြောင်း ကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။ “ပါတီတွေက ထပ်တိုးလာသလို မဲဆန္ဒရှင်ဦးရေကလည်း အရင်ထပ်ထပ် ပြီးတိုးလာတယ်” ဟု ၎င်းက ပြောသည်။ မြိတ်ခရိုင်အတွင်း ပြီးခဲ့သည့် […]

တနင်္သာရီမြို့နယ် ရေတံခွန် လည်ပတ်ခွင့်ပိတ်

diz_admin

July 27, 2020

တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စု ဘန်းလမွတ်နှင့် ပနပ်ငယ်ကျေးရွာအကြားရှိ ရေတံခွန်တွင် လူစုလူဝေးများဖြင့် လည်ပတ်နေကြသည့်အတွက် ဇူလိုင်လ ၂၄ ရက်နေ့မှစပြီး ဝင်ခွင့်ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ယင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်ထံမှ သိရသည်။ အဆိုပါ ရေတံခွန်သို့ ယခုလပိုင်းအတွင်းမှစပြီး စနေနှင့် တနင်္ဂနွေ‌နေ့နှင့် အားလပ်ရက်တို့တွင် ရပ်ဝေး/ရပ်နီးမှ လာရောက်လည်ပတ်သူများဖြင့် စည်းကားနေကြောင်း ဘန်းလမွတ်ကျေးရွာနေသူတို့မှ သိရသည်။ “လူက အရမ်းများတယ်။ ဘာမှ မဖြစ်ရင် ကိစ္စမရှိဘူးပေါ့” ဟု တနင်္သာရီ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က ပြောသည်။ မြိတ်မီးလင်းရေးကုမ္ပဏီ မြေယာလုပ်ပိုင်ခွင့် မရသေးဟုဆို ကိုဗစ်ကာလအတွင်း လူစုလူဝေးဖြစ်နေကြခြင်းနှင့် အလည်ပတ်လာသူတို့အကြား ထိခိုက်မှုတစ်စုံတစ်ရာ ဖြစ်ပွားမည်စိုးသည့်အတွက် ပိတ်ခိုင်းထားရခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က ပြောပြသည်။ “အာဇာနည်နေ့တုန်းကဆိုရင် ကားတွေနဲ့ လာကြတာ လူတော်တော် ပေါတယ်” ဟု […]

ဂျင်းစားခရု များပြားလာခြင်းကြောင့် ဂျင်းမွေးမြူသူများ အခက်ကြုံ

diz_admin

July 27, 2020

ဂျင်းဟုဒေသခံများခေါ်သည့် ဂုံးကောင်များအား သတ်ဖြတ်စားသောက်လေ့ရှိသည့် ဂျင်းစားခရု ယခုနှစ်တွင်ပိုမို များပြားလာသည့်အတွက် အခက်ကြုံနေရကြောင်း ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာနေ ဂျင်းမွေးမြူသူများထံမှ သိရသည်။ ဂျင်းစားခရုများသည် ဂျင်းသားပေါက်သည့်နေရာများတွင် ယခင်ကတည်းကအနည်းအကျဉ်းနေထိုင်ကျက် စားလေ့ရှိသော်လည်း ယခုနှစ်ဂျင်းသား ပေါက်ရာသီတွင်မူ ၎င်းခရုများထူးထူး ခြားခြားများပြားလာကြောင်း ယင်းရွာသားများကဆိုသည်။ ယင်းသို့များပြားလာသည့်အတွက် ရွာသားများအား ခရုတစ်ကီလိုလျှင် ကျပ်တစ်ထောင်အခကြေးငွေပေးကာ ကောက်ရှင်းခိုင်းနေရကြောင်း ရေကန်တောင်ကျေးရွာနေအစုအဖွဲ့ပိုင် ဂျင်းမွေးမြူရေးလုပ်ကိုင်သူ ဦးလှဝေက ပြောပြသည်။ “တစ်နေ့ကို လူတစ်ဆယ်လောက်နဲ့ ကောက်တာ ကီလိုနှစ်ရာလောက်ရတယ်” ဟု၎င်းက ပြောသည်။ ကောက်ယူရရှိသည့် ခရုများကို ကျေးရွာနေလူအချို့ ကြော်လှော်စားသုံးကြသော်လည်း ယင်းခရုများသည် ဈေးကွက်တွင် ရောင်းတန်းမဝင်ကြောင်း ဦးလှဝေက ဆိုသည်။ “အရေးကြီးတာက ဒီခရုတွေကိုဖယ် ရှားပစ်ဖို့ပဲ။ အဲဒီလိုမလုပ်နိုင်ရင်တော့ ဆုံးရှုံးမှု တော်တော်များလိမ့်မယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။ ရေကန်တောင်ကျေးရွာအနီး ရွှံ့သောင်ပေါ်ရှိ […]

မြိတ်မီးလင်းရေးကုမ္ပဏီ မြေယာလုပ်ပိုင်ခွင့် မရသေးဟုဆို

diz_admin

July 27, 2020

ဇူလိုင်လ ၁၉ ရက်နေ့မှစ၍ မြိတ်မြို့တွင် လျှပ်စစ်မီးပေးနေသည့် Petro & Trans မီးလင်းရေးကုမ္ပဏီသည် လက်ရှိအချိန်တွင် မြေနေရာလုပ်ပိုင်ခွင့် မရရှိသေးကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။ တိုင်းအစိုးရနှင့် စာချုပ်ချုပ်ဆိုထားသည့်အတိုင်း မြိတ်မြို့နယ်အား HFO စက်ကြီးများဖြင့် လျှပ်စစ်ဓာတ် အားဖြန့်ဖြူးရန် Petro & Trans ကုမ္ပဏီမှ မြေ ၄ ဒသမ ၈၅ ဧကကို ကလွင်ကျေး ရွာအုပ်စုအတွင်း လျာထားခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏ လျှပ်စစ်ဖြန့်ဖြူးရေး၊ အထွေထွေမန်နေဂျာ ဦးတင်ထွန်းဦးက ပြောသည်။ “စာချုပ်မှာပါတဲ့တည်နေရာဟာ လယ်ယာမြေ ဖြစ်နေပါတယ်။ ဒါကြောင့် အခြားနည်းအသုံးပြုခွင့် ဆောင်ရွက်ပြီးမှသာလျှင် ဖြန့်ဖြူးခွင့် ပြုမယ်ဆိုပြီး ညွှန်ကြားလာပါတယ်” ဟု၎င်းက ပြောသည်။ မြိတ်မြို့နယ်အတွက် HFO လောင်စာဖြင့် အသုံးပြုပြီး ၂၀ မဂ္ဂါဝပ် […]

တိုင်းအတွင်း မြို့ ၆ မြို့တွင် မွန်ညီညွတ်ရေးပါတီက ရွေးကောက်ပွဲ ဝင်မည်

diz_admin

July 21, 2020

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေဖြူ၊ ပုလော၊ မြိတ်၊ တနင်္သာရီ၊ ဘုတ်ပြင်းနှင့် ကော့သောင်း စသည့် မြို့ခြောက်မြို့တွင် မွန်ညီညွတ်ရေးပါတီက ရွေးကောက်ပွဲဝင်ပြိုင်ရန် လျာထားကြောင်း ယင်းပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် နိုင်စိုးမြင့်ထံမှ သိရသည်။ အဆိုပါ မြို့စာရင်းသည် ကနဦး လျာထားစာရင်းသာဖြစ်ပြီး အပြောင်းအလဲ ဖြစ်နိုင်သေးကြောင်း သိရသည်။ ရွေးကောက်ပွဲအတွက် လျာထားသည့် မြို့တချို့တို့တွင် မွန်လူဦးရေ နည်းသည့်အတွက် ယှဉ်ပြိုင်ရန် စိတ်အားထက်သန်မှု လျော့နည်းနေ၍ ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ကြောင်း နိုင်စိုးမြင့်က ပြောသည်။ ယှဉ်ပြိုင်မည့် မြို့နယ်များနှင့် ကိုယ်စားလှယ်စာရင်းကို ဇူလိုင်လကုန်ခန့်တွင် သိရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ မြေပြင် မွန်လူဦးရေစာရင်းနှင့် လ.ဝ.က စာရင်း ကွာဟမှုကြောင့် တနင်္သာရီတွင် မွန်တိုင်းရင်းသားရေးရာဝန်ကြီး မရဖြစ်နေ ‌ရွေးကောက်ပွဲဝင်ရန် လျာထားမြို့များအနက် မြိတ်မြို့တွင် ဇူလိုင်လ ၁၄ ရက်က […]

ဘုတ်ပြင်းတွင် ဖခင်အရင်းက သမီးကို မုဒိမ်းကျင့်

diz_admin

July 21, 2020

ဘုတ်ပြင်းမြို့တွင် ဖခင်အရင်းက သမီးဖြစ်သူကို မုဒိမ်းကျင့်ခဲ့ကြောင်း တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ယင်းကဲ့သို့ မုဒိမ်းကျင့်ခဲ့ကြောင်းကို မိခင်ဖြစ်သူက ဇူလိုင်လ ၅ ရက်နေ့က ရဲစခန်းတွင် လာရောက်တိုင်တန်းခဲ့သည်ဟု ရဲမှတ်တမ်း အရသိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် မေလအတွင်းက အသက် ၄၂ နှစ်အရွယ်ရှိ ဖခင်က အသက် ၁၁ နှစ်အရွယ် သမီးဖြစ်သူကို မုဒိမ်းကျင့်ခဲ့သည်ဟု တိုင်တန်းခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ညဘက်အိပ်နေစဉ် ဖခင်ဖြစ်သူက သမီးကို အိပ်ရာထဲသို့ခေါ်ဆောင်ပြီး မုဒိမ်းကျင့်ခဲ့သည်ဟု သမီးဖြစ်သူက မိခင်ကို ပြောပြခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဖခင်ဖြစ်သူ အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ- ၃၇၆ (မုဒိမ်းမှု)ဖြင့် ဘုတ်ပြင်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။