ပိုးကိုက်ခံရသည့် ပင်လယ်
diz_admin
September 9, 2020ငါးဖမ်းစက်လှေတို့၏ မရေရာသည့်အနာဂတ် ယခုနှစ်ငါးဖမ်းရာသီတွင် ငါးဈေးကွက် မရှိသည့်အတွက် တိုင်းအတွင်းရှိ ကမ်းဝေးငါးဖမ်းလှေထက်ဝက်ကျော်မှာ ယာယီ ရပ်နားထားရသည်။ သြဂုတ်လ ၃၁ ရက်တွင် ငါးမဖမ်းရရာသီ ကုန်ဆုံးပြီး စက်တင်ဘာလ ၁ ရက်နေ့တွင် ကမ်းဝေးငါးဖမ်းလှေများ နှစ်စဉ် ပင်လယ် ပြင်သို့ ပုံမှန် ပြန်လည်ထွက်ခွာလေ့ရှိကြသည်။ သို့သော် ယခုနှစ်တွင်မူ တချို့ တဝက်သာ ထွက်ခွာနိုင်တော့သည်။ တိုင်းအတွင်း ကမ်းဝေးငါးဖမ်းလှေ ထက်ဝက်ကျော် လောလောဆယ်တွင် ရပ်နားထားရသည်ဟု တနင်္သာရီတိုင်း ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက ပြောသည်။ တနင်္သာရီတိုင်းအတွင်း ကမ်းဝေးငါးဖမ်းလှေ တစ်ထောင့်လေးရာခန့်ရှိနေသည်။ မြိတ်ဒေသမှ ထွက်သည့် ရေထွက်ပစ္စည်း ကိုးဆယ်ရာခိုင်နှုန်းအား ထိုင်းနိုင်ငံ ရနောင်းသို့ နှစ်စဉ်ပုံမှန် တင်ပို့နေရပြီး ကိုဗစ်ကြောင့် ယခုအခါ ရေထွက်ပစ္စည်းများမှာ ဈေးနှုန်းထက်ဝက်ကျော် ကျဆင်းနေသည်။ ထိုင်းကုန်သည်တို့အနေနှင့်လည်း […]


