မြိတ်တွင်ညမထွက်ရ ဖောက်ဖျက်မှု လူ ၂၀ နီးပါးကို အရေးယူ
diz_admin
April 27, 2020မြိတ်တွင်ညမထွက်ရအမိန့်ဖောက်ဖျက်မှုဖြင့် အရေးယူထားသူနှစ်ဆယ် နီးပါးရှိလာနေပြီဖြစ်ကြောင်း မြိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။ ကိုဗစ်နိုင်တင်းရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ညမထွက်ရအမိန့်ကို ဧပြီလ ၁၈ရက် နေ့စွဲဖြင့်ထုတ်ပြန်ပြီးတစ်ပတ်အကြ ာအမျိုးသား ၁၇ ဦးအားအရေး ယူထားပြီးဖြစ်ကြောင်း မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က ပြောသည်။ ည ၁၀နာရီနောက်ပိုင်း လမ်းပေါ် တွင်တွေ့ရှိသူ ကလွင်ကျေးရွာအုပ်စုမှ လူ ၁၂ဦးနှင့် မြိတ်တောင်ကျေးရွာအုပ်စုမှ ၅ ဦး စုစုပေါင်း ၁၇ဦးကို စစ်ဆေးအရေးယူပြီး တစ်ဦးလျှင်ဒဏ်ငွေကျပ်ငါးသောင်း စီပေးဆောင်စေခဲ့ကြောင်း အုပ်ချုပ်ရေး မှူးက ပြောပြသည်။ “မနေ့က (ဧပြီ၂၄ည) အထိအရေး ယူထားသူအားလုံးပေါင်းပေါ့”ဟု ဦးဝင်း သူအောင်က ပြောသည်။ ဥပဒေအရအမိန့်ချိုးဖောက်သူများအား ထောင်ဒဏ်ခုနစ်ရက်မှ ခြောက်လအထိချနိုင်ပြီး တစ်ဦးလျှင် ဒဏ်ငွေတစ်သိန်းအထိနှင့် ထောင်ဒဏ်နှင့်ငွေဒဏ်ပါ နှစ်ခုစလုံးချမှတ်နိုင်သည်ဟု အုပ်ချုပ်ရေးမှူးက ရှင်းပြသည်။ ဧပြီလ […]