ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်များ စားနပ်ရိက္ခာ အခက်အခဲကြုံ

diz_admin

May 12, 2022

တနင်္သာရီမြို့နယ်အတွင်းရှိသည့် စစ်ဘေးရှောင်စခန်းများ၊ နီးစပ်ရာကျေးရွာများ၊ ဥယျာဉ်ခြံမြေများတွင် တိမ်းရှောင် နေရသည့် ဒေသခံများ စားနပ်ရိက္ခာအခက်အခဲကြုံတွေနေရကြောင်း စစ်ဘေးရှောင်များအား ကူညီနေသည့်အဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။ လူ တစ်ထောင်ကျော် ခိုလုံနေကြသည့် တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် စခန်းနှစ်ခုမှာ အလှမ်းဝေးသဖြင့် စားနပ်ရိက္ခာ၊ ဆေးဝါး အကူအညီများ ရရှိမှု အလွန်နည်းကြောင်း ခုနှစ်စဉ်ကြယ်အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အလှူရှင်တွေက မရောက်တော့၊ လက်လှမ်းမမီတော့ လာမယ့် မိုးရာသီအတွက် စားရေးသောက်ရေးက ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။ ယခုနှစ်အစမှ စပြီး တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် လယ်သစ်ကျေးရွာအုပ်စုနှင့် ပဝကျေးရွာအုပ်စုတို့မှ ပြည်သူတစ်ထောင်ကျော်မှာ အထက်ပါစခန်းနှစ်ခုတွင် နေထိုင်နေကြခြင်းဖြစ်သည်။ မြိတ်ခရိုင်အတွင်း စစ်ရှောင်စခန်းခြောက်ခုရှိပြီး ပုလောမြို့နယ်တွင် လေးခုနှင့် တနင်္သာရီမြို့နယ်တွင် နှစ်ခုရှိသည်။ ပုလော […]

ထားဝယ်ခရိုင်ရှိ တိမ်းရှောင်နေရသူများ စာသောက်ရေး အခက်ကြုံ

diz_admin

May 11, 2022

ထားဝယ်ခရိုင်အတွင်း နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုများကြောင့် တိမ်းရှောင်နေရသည့် ဒေသခံ စစ်ဘေးရှောင်များမှာ စားရေးသောက်ရေး အခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံအချို့က ပြောသည်။ မေလ ၁၀ ရက်ညက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ထားဝယ်မြို့နယ် ကျောက်မဲတောင်ကျေးရွာအုပ်စုရှိ ဒေသခံများအချို့မှာ အနီးအနားရှိ ကျေးရွာ၏ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရကြောင်း ဒေသခံအချို့က ပြောသည်။ “(ထိတွေ့ပစ်ခတ်မှုမဖြစ်ခင်) အရှေ့ရက်ပိုင်းတွေကတည်းက ကားလမ်းတွေ ပိတ်ထားတာဆိုတော့ ဆန်၊ ဆီ၊ ဆေး၊ ဆားတွေကရှိပေမယ့် သား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေ ဝယ်ဖို့ကျတော့ မရှိဘဲဖြစ်နေကြတာပေါ့” ဟု ကျောက်မဲတောင်ရွာသားတစ်ဦးက ပြောသည်။ လတ်တလောတွင်မူ အိမ်ထောင်စု ၂၀ ကျော်မှာ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေကြပြီး ပါလာသည့် စားစရာများကို စုပေါင်းချက်ပြုတ် စားသောက်နေကြရကြောင်း ၎င်းက ဆိုသည်။ ကျောက်မဲတောင်ကျေးရွာမှ […]

မြိတ်-မောတောင်သွားကားများ မှန်ချမောင်းရန် မေတ္တာရပ်ခံ

diz_admin

May 11, 2022

မြိတ်မြို့နှင့် မောတောင်မြို့သို့သွားလာနေသည့် ကားများ မှန်ချပြီးမှ မောင်းနှင်ကြရန် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော်၊တပ်ရင်း ၂ က ယနေ့(မေ ၁၁)ရက်စွဲဖြင့် မေတ္တာရပ်ခံ သတိပေးလိုက်သည်။ ယင်းအပြင်ကားများ စစ်ယာဉ်တန်းနှင့်နီးကပ်စွာသွားလာခြင်းမပြုရန်၊ ကုန်တင်ကားများ အနေဖြင့်လည်း သွားလာရာတွင် တာလပတ်ဖြင့် ဖုန်းအုပ်ထားခြင်း၊ စစ်ကောင်စီနှင့်ပတ်သက်သည့် လူနှင့် စစ်လက်နက်ပစ္စည်းများ တင်ဆောင်လာခြင်းတို့ မပြုလုပ်ရန်နှင့် ညအချိန်သွားလာခြင်းကို တတ်နိုင်သလောက်ရှောင်ကြရန် ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။ အထက်ပါအတိုင်း လိုက်နာမှုမရှိဘဲ သွားလာပါက တစ်စုံတစ်ရာထိခိုက်မှုရှိခဲ့လျှင် မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။ လက်ရှိတွင် မြိတ်-မောတောင်သို့ သွားနေသည့် ကုန်ကားများ ရပ်ထားသည်မှာ တစ်လနီးပါးရှိနေပြီဖြစ်ပြီး ခရီးသည်ကားများသာ သွားလာလျက်ရှိကြောင်း ကားသမားများကပြောသည်။ ခရီးသည်တင်ကားများသည်လည်း ညဖက်တွင် သွားလာခြင်းမရှိကြောင်း မြိတ်-မောတောင် ခရီးသည်တင်ကားမောင်းသူ တစ်ဦးကဆိုသည်။ “ည ၆ နာရီဆို […]

တနင်္သာရီတိုင်းတွင် မေလ ၁၃ ရက်နေ့အထိ မိုးထစ်ချုန်းရွာမည်

diz_admin

May 10, 2022

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် တနင်္သာရီတိုင်းတွင် မေလ ၁၃ ရက်နေ့အထိ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အာစန်နီအမည်ရှိ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းမှာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွှေ့လျားမည့်အခြေအနေ မရှိသေးသော်လည်း မုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၀ ခုတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား၊ နေရာကွက်၍ မိုးထစ်ချုန်းရွာခြင်း၊ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ ယင်းမုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်း၊ မြိတ်၊ ပုလော၊ ကော့သောင်း စသည့် မြို့နယ်များတွင် မေလ ၅ ရက်နေ့မှ စတင်ကာ နေရာအချို့တွင် မိုးရွာသွန်းမှုများ ရှိနေကြောင်း‌ ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။ […]

ဒူးရင်းသီးအစေ့ တစ်ပိဿာ ကျပ် ၇၅၀၀ ဈေးပေါက်

diz_admin

May 9, 2022

မြိတ်‌တွင် ယနေ့ (မေ ၉) ဒူးရင်းသီးအစေ့ တစ်ပိဿာလျှင် ကျပ် ၇၅၀၀ အထိ ဈေးပေါက်နေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ ပြီးခဲ့သည့်နှစ်က တစ်ပိဿာလျှင် အနည်းဆုံး ၃၀၀၀ ကျပ်မှ အများဆုံး ၆၀၀၀ ကျပ်အထိ ဈေးနှုန်းရှိခဲ့ ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ “ဈေးက အတက်အကျ ရှိတယ်။ တစ်နေ့တစ်ဈေးပဲ” ဟု မြိတ်တောင်ကျေးရွာအုပ်စု ရွှေပြည်တန်ရပ်ရှိ ဒူးရင်းသီးအစေ့ အဝယ်ဒိုင်ရှင်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် မေလ ၇ ရက်နေ့က ဒူးရင်းသီးအစေ့ တစ်ပိဿာလျှင် ၅၅၀၀ ကျပ်၊ ၈ ရက်နေ့တွင် ၇၀၀၀ ကျပ်နှင့် ၉ ရက်နေ့တွင် ၇၅၀၀ ကျပ်နှုန်းတို့ဖြင့် ဝယ်ယူနေကြကြောင်း အဝယ်ဒိုင်အချို့ထံမှ သိရသည်။ သို့သော် ဒူးရင်းသီး […]

တနင်္သာရီ ညောင်ပင်ကွင်းရွာတွင် စစ်ကောင်စီပိုင် ရော်ဘာစက်ရုံတိုက်ခိုက်ခံရသဖြင့် တိုက်ပွဲဖြစ်နေ

diz_admin

May 8, 2022

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာတွင် ယနေ့ (မေ ၈) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ပိုင် ရော်ဘာစက်ရုံ တိုက်ခိုက်ခံရသဖြင့် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ညောင်ပင်ကွင်းကျေးရွာတွင် ယနေ့ နံနက် ၁၀ နာရီ်ဝန်းကျင်မှစတင်ပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ စစ်ကောင်စီတပ်က ပိုင်ဆိုင်သည့် ရော်ဘာခြံတစ်ခြံလည်း မီးလောင်နေကြောင်း ဒေသခံများက ဆိုသည်။ “တိုက်ပွဲက အခုထိဖြစ်နေတုန်းပဲ။ နှစ်ဖက်အပြန်အလှန် ပစ်နေတယ်။ စစ်ကောင်စီတပ်ဖက်က လက်နက်ကြီးတွေနဲ့လည်း ပစ်နေကြတယ်” ဟု ဒေသခံရွာသားတစ်ဦးက ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ပြောသည်။ ညောင်ပင်ကွင်းရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး တပ်များက လာရောက် တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ကြောင်း ဒေသခံများက ပြောပြသည်။ တိုက်ပွဲကြောင့် ရွာသားများ ဘေးလွတ်ရာသို့ […]

တနင်္သာရီမြို့နယ် ထုံခါအကျဉ်းစခန်း တိုက်ခိုက်ခံရ

diz_admin

May 8, 2022

တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စုရှိ ထုံခါအကျဉ်းစခန်း ယနေ့ (မေ ၈) နံနက် ၅နာရီခန့်က တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ထုံခါအကျဉ်းစခန်းကို မေလ ၈ ရက်နံနက်က လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီ ဒေသခံများက ပြောသည်။ “ကြက်တွန်ကြီး ဝင်ပစ်ကြတာ။ ရဲနှစ်ယောက်သေပြီး ဒဏ်ရာရကြတယ်လို့လည်းကြားတယ်။ အသေးစိတ် မသိရသေးဘူး” ဟု သိန်ခွန်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။ သိန်ခွန်းကျေးရွာအုပ်စုရှိ ဆင်ဖြူရှင် ၄ ထုံခါအကျဉ်းစခန်းအား ယနေ့ နံနက် ၅ နာရီအချိန်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ မြိတ်ခရိင်တပ်ရင်း (၂) တပ်ခွဲတစ်ခုက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း Tanintharyi Defense Force အဖွဲ့က ထုတ်ပြန်သည်။ စခန်းအား ဝင်ရောက်စီးနင်းခဲ့စဉ် မိနစ် (၂၀) […]

ဘုတ်ပြင်းတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သားအချို့ အထိအခိုက်ရှိဟုဆို

diz_admin

May 6, 2022

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြိုနယ်၊ ရတနာပုံကျေးရွာအနီးတွင် မေလ ၅ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိသည်ဟု ကြားသိရကြောင်း ဒေသခံများက ပြောသည်။ လေညာ-ရတနာပုံလမ်းတွင် မေလ ၅ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က တိုက်ပွဲဖြစ်ခဲ့ပြီး လက်နက်ကြီး ပစ်ခတ်သံ ၁၀ ခန့် လည်း ကြားရကြောင်း ရတနာပုံကျေးရွာမှ တောင်သူများက ပြောသည်။ “ရတနာပုံ ကုန်သယ်လမ်း မိုင်နှစ်ဆယ်တန်းလောက်မှာ ဖြစ်ခဲ့တာပါ။ စစ်တပ်ဖက်ကတော့ အထိအခိုက် ရှိတယ်လို့ ကြားရတယ်” ဟု အဆိုပါဒေသခံကပြောသည်။ နှစ်နာရီခန့်ကြာ ပစ်ခတ်သံများကြားရပြီးနောက် ညနေ ၆ နာရီဝန်းကျင်တွင် ပစ်ခတ်သံများ တိတ်သွားကြောင်း ဒေသခံများက ပြောဆိုသည်။ တိုက်ပွဲမှာ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြစ်ပွားခြင်း မဟုတ်ဘဲ လေညာ-ရတနာပုံ လမ်းခွဲအတွင်း ဖြစ်သည့်အတွက် […]