BREAKING
October 29, 2025

မြိတ်

မြိတ် လျှပ်စစ်မီတာခ လတိုင်းနီးပါး ဈေးတက်၊ ၁၁လအတွင်း ဈေးတစ်ဆကျော်ခုန်တက်

diz_admin

December 26, 2021

ယခုနှစ်အစက စပြီး မြိတ်မြို့ရှိ လျှပ်စစ်မီတာခဈေးနှုန်းမှာ ကျဆင်းခြင်းမရှိဘဲ လတိုင်းနီးပါး တက်မြဲအတိုင်း တက်နေကြောင်း လျှပ်စစ်မီတာသုံးစွဲသူတို့ထံမှ သိရသည်။ မီတာခဈေးနှုန်းများမှာ ယခုနှစ်အစ ဇန်နဝါရီလတွင် တစ်ယူနစ်လျှင် ၂၃၅ ကျပ်မှ ဖေဖော်ဝါရီလတွင် ၂၅၈ ကျပ်၊ မတ်လတွင် ၂၈၀ ကျပ်၊ ဧပြီလ ၂၉၅ ကျပ်၊ မေ၊ ဇွန်၊ ဇူလိုင်လတို့တွင် ၃၈၅ ကျပ်၊ ဩဂုတ်လတွင် ၃၉၈ ကျပ်၊ စက်တင်ဘာလတွင် ၄၂၀ ကျပ်၊ အောက်တိုဘာလတွင် ၄၇၀ ကျပ်အထိ ပေးဆောင်ခဲ့ ရကြောင်း ၎င်းတို့ထံမှ သိရသည်။ လျှပ်စစ်မီတာခ ဈေးမကျသည့်အပြင် နိုဝင်ဘာလအတွက် တစ်ယူနစ်လျှင် ‌၄၇၈ ကျပ်အထိ တိုးမြှင့်ကောက်ခံနေကြောင်း မီးသုံးစွဲသူတို့မှ သိရသည်။ နိုဝင်ဘာလ ဈေးနှုန်းသည် နှစ်အစ […]

တကူကျေးရွာတွင် စစ်ကောင်စီတပ်နှင့် PDF တို့ ပစ်ခတ်မှုဖြစ်

diz_admin

December 25, 2021

တနင်္သာရီမြို့နယ်၊ တကူကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တနင်္သာရီ PDF တို့ ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဒီဇင်ဘာ ၂၅) နေ့လယ် ၁၂ နာရီခန့်က တကူကျေးရွာ၊ အနောက်ကမ်း မျှော့အင်းခေါ်ထိကပုံးကွမ်းတော အရပ်တွင် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်နှင့် အတူလိုက်ပါလာသူ အရပ်သားတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ တကူကျေးရွာနေ ဦးဗေဒါဆိုသူမှာ စစ်ကောင်စီတပ်သားများအား ဆိုင်ကယ်သုံးစီးဖြင့် ခေါ်လာပြီး သူနှင့် မြေယာကိစ္စ စကားများဖူးသည့် ဦးလူပုအား လာရောက်ဖမ်းဆီးစဉ် တွေ့ရှိရခြင်းမရှိဘဲ အပြန်တွင် PDF များက လိုက်လံပစ်ခတ်ကြောင်း ရွာသားများက ပြောသည်။ “PDF တွေကို ဦးလူပုက သေနတ်လုပ်ပေးနေတယ်ဆိုပြီး သွားတိုင်တော့ ဟိုကလာဖမ်းတာ အဲဒီမှာ PDF တွေက လာပစ်ကြတာပေါ့” ဟု တကူကျေးရွာနေသူတစ်ဦးက […]

မြိတ်နယ်တခွင် တစ်ပတ်ရစ်ဆိုင်ကယ် အဝယ်လိုက်

diz_admin

December 23, 2021

မြိတ်ခရိုင်အတွင်းရှိ ကျေးရွာဘက်တို့တွင် ဒီဇင်ဘာလဆန်းပိုင်းမှစတင်ပြီး တစ်ပတ်ရစ် မော်တော် ဆိုင်ကယ်များ အဝယ်လိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။ ဒေါ်လာဈေးကြောင့် ဆိုင်ကယ်အသစ်ဈေးကွက်တွင် ဈေးနှုန်း ခုန်တက်သွားသဖြင့် တစ်ပတ်ရစ် ဆိုင်ကယ် များကို ကျေးရွာများတွင် လိုက်လံဝယ်ယူနေခြင်းဖြစ်ကြောင်း ဆိုင်ကယ်ဈေးကွက်အတွင်းမှ စုံစမ်း သိရှိ ရသည်။ မော်ဒယ်နိမ့် တစ်ပတ်ရစ်ဆိုင်ကယ် တစ်စီးလျှင် ငွေသိန်းဂဏန်းအထိ ဈေးပိုပေးပြီး လာရောက်ဝယ်ယူ နေကြခြင်းဖြစ်ကြောင်း ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စု ပဲ့တိုင်ကျေးရွာနေ အမျိုးသားတစ်ဦးက ပြောပြသည်။ “ဈေးကောင်းရတော့ ရောင်းကြတယ်။ ရောင်းပြီး အသစ်ပြန်ဝယ်မှ ဈေးတက်နေမှန်း သိကြတာ” ဟု ၎င်းက ပြောသည်။ အဆိုပါ ပဲ့တိုင်ကျေးရွာရှိ မော်တော်ဆိုင်ကယ်အဟောင်း တစ်ပတ်ရစ်များဖြစ်သည့် ၂၀၁၈ ခုနှစ်ထုတ် ဗီယက်နမ်အမျိုးအစား ဆိုင်ကယ်တစ်စင်းကို ကျပ်ခြောက်သိန်းမှ ကိုးသိန်းကျပ်အထိ၊ ၂၀၁၅ ခုနှစ်ထုတ် […]

ကင်းမွန် ဖမ်းဆီးရရှိမှုနည်းသဖြင့် ကုန်ကျစရိတ် မကာမိဟုဆို

diz_admin

December 22, 2021

မြိတ်ခရိုင်အတွင်း ကင်းမွန်ဖမ်းဆီးရမိမှု နည်းသည့်အတွက် ကုန်ကျစရိတ် မကာမိကြောင်း ကင်းမွန်လှေရှင်များက ပြောသည်။ တနင်္သာရီပင်လယ်ပြင်အတွင်း ရာသီပေါ်ကင်းမွန်များကို နိုဝင်ဘာလဆန်းက စတင်ဖမ်းဆီးနေကြပြီး လက်ရှိအချိန်အထိ ဖမ်းဆီးရမိမှုနည်းကာ လှေအချို့ စရိတ်မကာမိကြကြောင်း လှေပိုင်ရှင်များက ဆိုသည်။ “(စက်သုံး) ဆီစရိတ်၊ အစားသောက်စရိတ်ကကြီးပြီး ကင်းမွန်အရနည်းတော့ မကျန်ဘူးပေါ့” ဟု မြိတ်မြို့မှ ကင်းမွန်လှေပိုင်ရှင် ဦးလှိုင်ဖူးက ပြောသည်။ ပြီးခဲ့သည့်နှစ်က စက်သုံးဆီ တစ်ပေပါ တစ်သိန်းနှစ်သောင်းသာ ရှိခဲ့ရာမှ လက်ရှိအချိန်တွင် တစ်ပေပါ သုံးသိန်းနီးပါးဖြင့် ဝယ်သုံးနေကြရသလို အခြေခံစားသောက်ကုန်များသည်လည်း ထက်ဝက်ခန့် ဈေးနှုန်းမြင့်တက်နေသည်။ နှစ်စဉ်တစ်လကို လှေတစ်စီးလျှင် နှစ်ဆယ်ကီလိုဝင် ကင်းမွန်ဘန်းရေ တစ်ရာရရှိနေသည့်လှေသည် ယခုအခါ ကင်းမွန်ဘန်းရေ လေးဆယ်မှ အများဆုံး ခြောက်ဆယ်အထိသာ ဖမ်းယူရရှိနေကြကြောင်း ကင်းမွန်လှေရှင် ကိုအေးမင်းက ပြောသည်။ “လှေတော်တော်များများက အရင်ကလောက် […]

ပဝတ်ကုန်းရွာသား လေးဦး နှစ်ပတ်ကျော်ကြာသည်အထိ ပြန်မလွတ်သေး

diz_admin

December 20, 2021

မြိတ်ခရိုင်၊ ပုလောမြို့နယ် ပဝတ်ကုန်းကျေးရွာ ဒေသခံ ၂၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပြီး ဒေသခံ လေးဦးကိုမူ နှစ်ပတ်ကျော်ကြာသည်အထိ ဆက်လက် ဖမ်းဆီးထားဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ပဝတ်ကုန်းကျေးရွာတွင် ဒီဇင်ဘာလ ၃ ရက်ညက ရွာသား ၂၇ ဦးကို စစ်တပ်နှင့် ရဲများက လာရောက် ဖမ်းဆီးသွားခြင်းဖြစ်သည်။ ယင်းနောက် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရှစ်ဦးနှင့် ပြီးခဲ့သည့်သီတင်းပတ်အတွင်း နောက်ထပ် ၁၅ ဦးတို့ကို ပြန်လွှတ်ပေးခဲ့ကြောင်း ပဝတ်ကုန်းကျေးရွာဒေသခံများက ပြောသည်။ “တစ်ပတ်နီးပါးလောက်တော့ ရှိပြီပေါ့။ (၁၅ဦး) ပြန်လွတ်လာတာ” ဟု ပဝတ်ကုန်းရွာသားတစ်ဦးက ဆိုသည်။ သို့သော် အသက်သုံးဆယ်ကျော်ဝန်းကျင်ရှိကြသည့် ကိုငြိမ်းချမ်း၊ ကိုဇော်ထိုက်၊ မဇင်သီမာနှင့် နောက်ထပ် အမျိုးသားတစ်ဦးတို့မှာ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးကြောင်း အဖမ်းဆီးခံ […]

မြန်မာလုပ်သား ခြောက်ဦးပါသည့် တရားမဝင်ငါးဖမ်းလှေ ထိုင်းတွင် အဖမ်းခံရ

diz_admin

December 19, 2021

မြန်မာရွှေ့ပြောင်းအလုပ်သမား ခြောက်ဦး လိုက်ပါသည့် တရားမဝင် ငါးဖမ်းလှေတစ်စီးကို ဒီဇင်ဘာလ ၁၇ ရက်နေ့က ထိုင်းပင်လယ်ပြင်တွင် ဖမ်းမိကြောင်း ထိုင်းအာဏာပိုင်များ ပြောသည်။ မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ကော့သောင်းမြို့တစ်ဖက်ရှိ ထိုင်းနိုင်ငံ ရနောင်းခရိုင် ကမောက်ကျွန်းအနီးတွင် ဖမ်းမိခြင်းဖြစ်ကြာင်း ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထိုင်းအာဏာပိုင်များက ပြောဆိုခဲ့သည်။ Sathaphon အမည်ရှိ အဆိုပါ ထိုင်းငါးဖမ်းလှေပေါ်တွင် ထိုင်းနိုင်ငံသား နှစ်ဦးနှင့် မြန်မာ ခြောက်ဦးတို့ ပါရှိပြီး တရားမဝင် ငါးဖမ်းနေ၍ ဖမ်းဆီးခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ထိုင်းနိုင်ငံ၏ ရေကြောင်းအမျိုးသားအကျိုးစီးပွားဗဟိုဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၏ တရားမဝင် ငါးဖမ်း စောင့်ကြည့်ရေးစင်တာ (FMC) က တွေ့ရှိပြီး သက်ဆိုင်ရာဌာနတို့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောဆိုသည်။ ဖမ်းဆီးမိသည့် […]

တနင်္သာရီတွင် အမျိုးသားနှစ်ဦး ပစ်သတ်ခံရ၊ ပစ်သတ်ခံရသူ သုံးရက်အတွင်း ငါးဦးအထိ ရှိလာ

diz_admin

December 18, 2021

တနင်္သာရီမြို့နယ်တွင် အမျိုးသားနှစ်ဦး ယနေ့ (ဒီဇင်ဘာ ၁၈) ပစ်သတ်ခံရပြီး အဆိုပါမြို့နယ်တွင် ပစ်သတ်ခံရသူ သုံးရက်အတွင်း ငါးဦးအထိရှိလာပြီဖြစ်ကြောင်း ဒေသခံများကို မေးမြန်းချက်အရ သိရသည်။ ယနေ့ မွန်းလွဲ ၂ နာရီခန့်က လယ်သစ်ကျေးရွာ ရွာလမ်းတွင် ဒလန်ဟု သတင်းထွက်နေသူ တစ်ဦးကို လက်နက်ကိုင်လူတစ်စုက လာရောက်ပစ်သတ်သွားကြောင်း အဆိုပါကျေးရွာက ဒေသခံများက ပြောသည်။ အပစ်သတ်ခံရသူသည် အသက် ၄၀ နီးပါးရှိသူ ဦးဆန်းဝင်းဟုသိရှိရပြီး ယမန်နေ့က အသတ်ခံရသူ ဒေါ်လှဝင်း၏ အစ်ကိုဖြစ်ကြောင်း ရွာသားများက ပြောဆိုသည်။ ဒလန်ဟု သတင်းထွက်နေသည့် ၎င်း၏ ညီမ ဇနီးမောင်နှံနှင့် ၎င်းတို့၏ အပေါင်းအပါ အမျိုးသားတစ်ဦး ဒီဇင်ဘာလ ၁၆ ရက်နေ့ ညတွင် ပစ်သတ်ခံရဖြင့် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ညီမဖြစ်သူ […]

မြိတ်တွင် မြကန်သာရွာက ပြောင်းရွှေ့ခံရသည့် လူရှစ်ရာကျော် အကူအညီလို

diz_admin

December 18, 2021

မြိတ်မြို့တွင် မြကန်သာကျေးရွာဟု ခေါ်ဝေါ်ကြသည့်နေရာမှ ပြောင်းရွှေ့ခံရသည့် အိမ်ထောင်စု ၁၆၀ နီးပါး လူဦးရေအားဖြင့် ရှစ်ရာကျော်အတွက် အကူအညီလိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ကလွင်ကျေးရွာအုပ်စု၊ MFD အိမ်ရာအနီးရှိ မြကန်သာကျေးရွာဟု အမည်တပ်ထားသည့် မြေပေါ်တွင် နေထိုင်သည့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းအပါအဝင် အိမ် ၁၅၂ ဆောင် အိမ်ထောင်စုအားဖြင့် ၁၆၀ နီးပါးကို မြိတ်အနာဂတ်ဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီ (MDF) က ပြောင်းရွှေ့ခိုင်းခြင်း ဖြစ်သည်။ ယင်းနေရာတွင် ဆယ်စုနှစ်တစ်ခုနီးပါး နေထိုင်ခဲ့သည့် အဆိုပါ လူရှစ်ရာကျော်သည် ကုမ္ပဏီက အစားထိုး နေရာချပေးသည့် မြကန်သာရွာနှင့် မိုင်ဝက်ခန့် ဝေးကွာသည့် တောင်ခြေရင်းသို့ ဒီဇင်ဘာလ ၁၇ ရက်နေ့ တွင် စတင်ပြောင်းရွှေ့နေကြခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ၎င်းတို့အတွက် လတ်တလောတွင် စားသောက်ရန် အခြေခံစားသောက်ကုန်များ […]