တနင်္သာရီတွင် တိုက်ပွဲဆက်ဖြစ်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေ
diz_admin
January 3, 2023တနင်္သာရီမြို့နယ်တွင် တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ တနင်္သရီမြို့နယ်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဒီဇင်ဘာလ ၃၁ ရက်နှင့် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဖြစ်ပွားပြီး ယနေ့လည်း ဆက်လက် ဖြစ်ပွားနေခြင်းဖြစ်သည်။ တနင်္သာရီမြို့နယ်၊ သမီးလှရွာနှင့် ဘန်းကြုတ်ရွာဝန်းကျင်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ယနေ့ ဇန်နဝါရီလ ၃ ရက် နံနက်က ထိတွေ့ တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။ “ဒီမနက် ၉ နာရီလောက်က နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ကြတယ်။ နာရီဝက်လောက်တော့ ကြာတယ်။ အဲဒီနောက် စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်တယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ လက်နက်ကြီး ပစ်ခတ်မှုကြောင့်လည်း အနီးအနားကျေးရွာနေ ဒေသခံအချို့ ဘေးလွတ်ရာ […]


