တနင်္သာရီ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ရွာသားတစ်ချို့ ထိခိုက်ဒဏ်ရာရ
diz_admin
December 22, 2022တနင်္သာရီမြို့၊ ဗောဓိကမ်းရွာနေ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ညောင်ပင်ကွင်းရွာနှင့် ဘန်လောကျေးရွာတို့မှ အရပ်သား အနည်းဆုံးခြောက်ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ ညောင်ပင်ကွင်းရွာဖက်သို့ ဒီဇင်ဘာ ၂၁ ရက်နေ့ မွန်းတည့်ချိန်မှ ညနေအချိန်အထိ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ညောင်ပင်ကွင်းရွာတွင် ရော်ဘာခြစ်နေသည့် ပြည်သူလေးဦးနှင့် ဘန်လောရွာနေ ပြည်သူနှစ်ဦး စုစုပေါင်း ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “ညောင်ပင်ကွင်းကိုကျော်ပြီး ဘန်လောရွာလမ်းဆုံမှာ နှစ်လုံးလာကျတယ်။ နှစ်ယောက်ထိတယ်။ လူနာတွေအားလုံး အခု မြိတ်ဆေးရုံကို ရောက်နေတယ်။ မိန်းကလေးတစ်ယောက်က ဦးနှောက်မှာထိပြီး အခြေအနေဆိုးနေတယ်လို့ ကြားရတယ်”ဟု ဘန်လောရွာ ဒေသခံကပြောသည်။ ညောင်ပင်ကွင်းရွာနှင့် ဘန်လောရွာတို့တွင် ပြည်သူ့ကာကွယ်ရေးတပ်တစ်ချို့ မကြာခဏ အဝင်အထွက်ပြုလုပ်လေ့ရှိပြီး ပစ်ခတ်သည့်အချိန်တွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိကြောင်း ဒေသခံတစ်ချို့ကဆိုသည်။ “သူ့တိုတပ်(စစ်ကောင်စီတပ်)ကို လာမချခင် ကြိုကာပြီး […]