မြိတ်တွင် ညမထွက်ရအချိန် လျှော့ချ
Dawei Watch
October 30, 2023မြိတ်မြို့တွင် ညမထွက်ရအချိန် သတ်မှတ်ချက်ကို အောက်တိုဘာလ ၂၇ ရက်နေ့မှစပြီး လျှော့ချသတ်မှတ်လိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်လိုက်သည်။ ယခင်က ညမထွက်ရအမိန့်ကို ည ၁၂ နာရီမှ မနက် ၄ နာရီအထိ သတ်မှတ်ထားရာမှ အောက်တိုဘာလ ၂၇ ရက်နေ့မှစပြီး ည ၁၂ နာရီမှ မနက် ၃ နာရီသို့ လျှော့ချသတ်မှတ်လိုက်ခြင်းဖြစ်သည်။ အဆိုပါ ည ၁၂ နာရီမှ မနက် ၃ နာရီအထိ သတ်မှတ်လိုက်ကြောင်းကို မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှု၏ လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ညမထွက်ရအမိန့်ကို လျှော့ချသတ်မှတ်ခဲ့သော်လည်း ညရှစ်နာရီနောက်ပိုင်းတွင် အသွားအလာ မရှိတော့ကြောင်း မြို့ခံအချို့က ဆိုသည်။ “ရှစ်နာရီနောက်ပိုင်းဆို လူပြတ်ပြီ၊ အချို့ရပ်ကွက်တွေကျတော့ ကိုးနာရီအထိ အသွားအလာရှိကြတယ်” ဟု […]


