ပလမြို့အနီးတဝိုက်တွင် တိုက်ပွဲဆက်ဖြစ်၊ ကျေးရွာသုံးရွာတွင် မီးလောင်
diz_admin
December 30, 2022မြိတ်ခရိုင်၊ ပလမြို့အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ယနေ့ မွန်းလွဲ ၃ နာရီခွဲအထိဆက်လက်ဖြစ်ပွားနေသေးပြီး နေအိမ်မီးလောင်သည့် နေရာများလည်း ထပ်တိုးလာကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဒီဇင်ဘာလ ၃၀ ရက် နံနက် ၁၀ နာရီမှစတင်ပြီး တိုရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် တို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး တိုရွာရှိနေအိမ်အချို့ မီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။ မွန်းလွဲ ၃ နာရီတွင်မူ မီးခိုးလုံးများ မမြင်ရတော့ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းနောက် စစ်ကောင်စီတပ်က တန်းရှင်းရွာနှင့် သင်္ကန်းတောရွာများသို့လည်း ဝင်ရောက်နေကြောင်းဒေသခံများက ပြောဆိုသည်။ “သင်္ကန်းတော ရွာလယ်ကအိမ် အခုမီးစလောင်နေပြီ။ လက်နက်ကြီးပစ်သံ၊ မိုင်းကွဲသံတွေလည်း အခုထိ ကြားနေရတုန်းပဲ” ဟု ထွက်ပြေးနေရသည့် ဒေသခံတစ်ဦးက မွန်းလွဲ ၃ နာရီခွဲခန့်က ပြောသည်။ […]