လက်နက်ကြီးဖြင့် ပစ်မည်စိုး၍ လယ်သစ်ဒေသခံများ ရွာလုံးကျွတ်ပြောင်းရွှေ့
Dawei Watch
November 14, 2023စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မည်ကို စိုးရိမ်သည့်အတွက် တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာက ဒေသခံများ ရွာလုံးကျွတ်ရွှေ့ပြောင်းနေကြကြောင်း ဒေသခံများထံမှ သိရသည်။ စန်းသစ်ရွာတောင်ပေါ်ရှိ စစ်ကောင်စီတပ်က လယ်သစ်ကျေးရွာဖက်ကို လက်နက်ကြီးဖြင့် ချိန်ရွယ်ထားသည် ဆိုသည့်သတင်းများကြားရပြီးနောက် နိုဝင်ဘာ ၁၃ ရက်နေ့မှစကာ ပြောင်းရွှေ့နေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ဒေသခံများက တောတောင်နှင့် ဥယျာဥ်အတွင်း ပြောင်းရွှေ့နေကြသည်ဟု ဒေသခံများ ကပြောသည်။ “ရွာမှာ လူမရှိတော့ဘူး။ညကတည်းက အကုန်(တောထဲ)ဝင်လာကုန်ပြီ။မကြောက်တဲ့ တစ်အိမ်နှစ်အိမ်လောက်ပဲ ကျန်တော့တယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ လယ်သစ်ကျေးရွာတွင် အရှေ့ကမ်းနှင့် အနောက်ကမ်း နှစ်ခုပေါင်းပါက နေအိမ်တစ်ထောင်ကျော်ရှိသည်။ ယခင်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စန်းသစ်ရွာတောင်ပေါ်ရှိ စစ်ကောင်စီတပ်က ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခဲ့ဖူးကြောင်း ဒေသခံများက ဆိုသည်။ လက်ရှိတွင် ပျူစောထီးများပါဝင်သည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် လယ်သစ်ရွာနှင့် မဝေးသည့် မင်းဂုတ်ရွာဝန်းကျင်သို့ရောက်ရှိနေပြီး […]


