BREAKING
October 26, 2025

မြိတ်

ဖမ်းဆီးခံရသည့် ပိတပ်ရွာသားကိုးဦး ပြန်လွတ်လာ

Dawei Watch

September 15, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးချိန် ဖမ်းဆီးခေါ်ဆောင်သွားသည့် ပိတပ်ရွာသား အမျိုးသားကိုးဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။ စက်တင်ဘာလ ၁၄ရက် မွန်းလွဲ ၂နာရီခန့်က ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ဖမ်းထားတဲ့ ကိုးယောက်အုပ်စုကို ဘေးတွဲဆိုင်ကယ်နဲ့ သင်္ကန်းတောရွာ အဝင်ဝမှာ လာချထားရစ်တယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ စစ်ကောင်စီတပ်သည် ပိတပ်ကျေးရွာကို စက်တင်ဘာလ ၁၁ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်နှင့် ခုနစ်နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့သည်။ ပြန်ဆုတ်ချိန်တွင် အရပ်သားပြည်သူ ၁၅ ဦးဝန်းကျင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အမျိုးသမီးများကို ပြန်လွှတ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ အမျိုးသားကိုးဦးမှာ ဖမ်းဆီးခံရပြီနောက် လေးရက်အကြာတွင်သာ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။ အဆိုပါ အမျိုးသားများကို ပလမြို့ရဲစခန်းတွင် ချုပ်နှောင်စစ်ဆေးခံရပြီး ပြန်လွှတ်ပေးရန်အတွက် တစ်ဦးစီအတွက် ငွေကျပ်ငါးသိန်း […]

ပုလော ပိတပ်ကျေးရွာက ဖမ်းဆီးခံရသည့် အမျိုးသားကိုးဦး ပြန်မလွတ်သေး

Dawei Watch

September 14, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပိတပ်ကျေးရွာသို့ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်ပြီးနောက် ဖမ်းဆီးခေါ်ဆောင် သွားသည့် ဒေသခံအမျိုးသားကိုးဦး ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်က ပိတပ်ကျေးရွာကို စက်တင်ဘာလ ၁၁ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်နှင့် ခုနစ်နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ တိုက်ပွဲပြီးနောက် ပြန်ဆုတ်ချိန်တွင် အရပ်သားပြည်သူ ၁၅ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အမျိုးသမီးများကို ပြန်လွှတ်ခဲ့ပြီး အမျိုးသားကိုးဦးမှာမူ ယနေ့ စက်တင်ဘာလ ၁၄ရက်အထိ ရွာသို့ ပြန်မရောက်လာသေးကြောင်း ဒေသခံများက ဆိုသည်။ “အမျိုးသမီးတွေကိုတော့ ပြန်လွှတ်ပေးလိုက်ပြီ။ အမျိုးသားတွေ မလွှတ်လာကြသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ယနေ့ နံနက်ပိုင်းတွင် ပြောဆိုသည်။ ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ သာမန်အရပ်သားများဖြစ်ကြပြီး အများစုမှာ တံငါလုပ်ငန်းလုပ်ကိုင်ကြသူများဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ […]

ဘန်လောရွာကို လက်နက်ကြီးဖြင့် နှစ်ရက်ဆက်တိုက်ပစ်ခတ်သဖြင့် ရွာသားများထွက်ပြေးနေရ

Dawei Watch

September 13, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးများဖြင့် နှစ်ရက်ဆက်တိုက်ပစ်ခတ်သဖြင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ စက်တင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် ပစ်ခတ်ခြင်းဖြစ်ပြီး ဒေသခံများ ထွက်ပြေးနေရသဖြင့် အိုးအိမ်ထိခိုက်မှု ရှိမရှိ မသိရှိရသေးကြောင်း ၎င်းတို့က ဆိုသည်။ “ဘန်လောလမ်းဆုံမှာ (လက်နက်ကြီးကျည်တွေ) လာကျနေတယ်။ ရွာသားတွေတော့ ပြေးကုန်ကြပြီ။ အထိအခိုက်တော့ သေချာမသိရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်မှ မွန်းလွဲ ၂ နာရီဝန်းကျင်အထိ တနင်္သာရီမြို့၊ လေသာတောင်ပေါ်မှ ဘန်လောရွာဖက်သို့ လက်နက်ကြီး အနည်းဆုံး ငါးလုံး ပစ်ခတ်ကြောင်း ဒေသခံတို့က ဆိုသည်။ စက်တင်ဘာ ၁၂ ရက်နေ့ကဆိုလျှင် […]

ကမ်းနီးငါးခိုးဆွဲသည့် ကမ်းဝေးလှေများကို ပုလောကာကွယ်ရေးတပ် ပထမဆုံးအကြိမ်ဖမ်းဆီး

Dawei Watch

September 12, 2023

ပုလောမြို့နယ်အတွင်း ကမ်းနီးတွင် ငါးခိုးဖမ်းသည့် ကမ်းဝေးငါးဖမ်းလှေများကို ပုလောပြည်သူ့ကာကွယ်ရေး တပ်မတော်က ပထမဦးဆုံးအကြိမ် ဖမ်းဆီးအရေးယူလိုက်ကြောင်း ပုလောပြည်သူ့ကာကွယ်ရေး၊ မြိတ်ခရိုင်တပ်ရင်း (၁) ယနေ့ စက်တင်ဘာလ ၁၂ရက်တွင် ထုတ်ပြန်လိုက်သည်။ ပြည်သူများ၏ တိုင်ကြားချက်အရ စက်တင်ဘာလ ၇ရက်က ပုလောမြို့နယ်၊ ညှင်းဖို ညှင်းမကျွန်း ကမ်းနီးတွင် ဝင်ရောက်ခိုးဖမ်းနေသည့် ကမ်းဝေးငါးဖမ်းလှေ ခုနစ်စီးကို သွားရောက်ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဖမ်းဆီးရာတွင် ငါးဖမ်းလှေအား ယူဆောင်ခြင်းမပြုဘဲ တာဝန်ရှိသည့် လှေဦးစီး ပဲ့နှင်းခုနစ်ဦးကိုသာ ခေါ်ဆောင်လာခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း (၁) သတင်းနှင့် ပြန်ကြားရေးဌာနထံမှ သိရသည်။ “လှေကတော့ မသိမ်းဆည်းပါဘူး။ ပဲ့နင်း ၇ ယောက်ကိုပဲ ဖမ်းတာပါ။ သူတို့ကိုတော့ အနည်းဆုံးထောင်ဒဏ် ၂ နှစ်အထိ ‌အရေးယူဖို့တော့ ရှိပါတယ်” ဟု ပြန်ကြားရေးတာဝန်ခံက […]

ပုလောတွင် လက်နက်ကြီးကျည်စထိမှန်ပြီး PDF ရဲဘော်တစ်ဦးကျဆုံး၊ နှစ်ဦးဒဏ်ရာရ

Dawei Watch

September 12, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် လက်နက်ကြီးကျည်စထိမှန်ပြီး ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်တစ်ဦးကျဆုံးကာ နှစ်ဦးဒဏ်ရာရကြောင်း ပြည်သူ့ကာကွယ်ရေး၊ မြိတ်ခရိုင်တပ်ရင်း (၁) က ယနေ့ စက်တင်ဘာလ ၁၂ရက် နံနက်တွင် ထုတ်ပြန်သည်။ ပလမြို့ တိုတောင်ပေါ်ရှိ စစ်ကောင်စီတပ်နှင့် စစ်သင်္ဘောများက လက်နက်ကြီးဖြင့် မြဒေါင်ကျေးရွာသို့ စက်တင်ဘာ ၁၁ ရက် ညဦးအချိန်မှ ညနက်သည်အထိ ပစ်ခတ်ခဲ့ကြောင်း အထက်ပါတပ်ရင်းနှင့် ဒေသခံတို့ထံမှ သိရသည်။ ယင်းသို့ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ့ကာကွယ်ရေးအမှတ် (၁) တပ်ရင်းမှ အသက် ၃၀ နီးပါးအရွယ် တပ်စိတ်မှူး ရဲဘော်ဇင်ကို ကျဆုံးခဲ့ပြီး အနီးရှိ ရဲဘော်နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရကြောင်း ပြည်သူ့ကာကွယ်ရေးအမှတ် ၁ တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ “လက်နက်ကြီးလာကျပြီး ရဲဘော်ဇင်ကို ကျသွားတယ်။ ကျန်တဲ့နှစ်ဦးလည်း ထိပြီး […]

စစ်ကောင်စီ စစ်ကြောင်းထိုးမှုကြောင့် ပုလောတွင် ခုနစ်နာရီကြာတိုက်ပွဲပြင်းထန်

Dawei Watch

September 11, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး   ခုနှစ်နာရီခန့်ကြာသည်အထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ပုလောအခြေစိုက်၊ မြိတ်ခရိုင်(အမှတ် ၁ )တပ်ရင်းနှင့် ဒေသခံများ ထံမှသိသည်။ ယနေ့(စက်တင်ဘာ ၁၁) နံနက် ၅ နာရီ ၂၀ မိနစ်တွင် ပုလောမြို့နယ်၊ ပိတပ်ကျေးရွာသို့ အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်နှင့် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း(၁)၏ ထုတ်ပြန်ချက်နှင့် ဒေသခံများထံမှသိရသည်။ နှစ်ဖက်တိုက်ပွဲသည်  မွန်းလွဲ ၁၂ နာရီအချိန်အထိ ဖြစ်ခဲ့ပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်များ ပလမြို့ဘက်သို့ တဖြည်းဖြည်း  ပြန်လည်ဆုတ်ခွါသွားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တိုက်ပွဲဖြစ်နေစဥ်အတွင်း ပလမြို့စစ်ကောင်စီတပ်အပါအဝင် စစ်သင်္ဘောများမှ ပြည်သူ့ကာကွယ်ရေးတပ်ရှိရာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည် သိရသည်။ “လက်နက်ကြီးတွေ ထောင်းလိုက်တာမှ ရေထဲရော ကုန်းပေါ်ပါထောင်းတာ။ […]

တနင်္သာရီအမြန်ရေယာဉ်ကို စစ်ကောင်စီတပ် တက်စစ်၊ ဘိန်းစာမှုန့်များ ဖမ်းမိဟုဆို

Dawei Watch

September 11, 2023

တနင်္သရီမြို့မှ မြိတ်မြို့သို့ မောင်းနှင်လာသည့် တနင်္သာရီအမြန်ရေယာဉ်အား စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တက်ရောက်စစ်ဆေးခဲ့ပြီး ဘိန်းစာမှုန့်များ ဖမ်းမိကြောင်း မျက်မြင်တွေ့ရှိသူတို့က ပြောသည်။ အဆိုပါအမြန်ရေယာဉ်သည် မြိတ်သို့ဝင်ပြီး ယောကြီးဝတံတားတွင် ဆိုက်ကပ်ချိန် စစ်ကောင်စီ ယူနီဖောင်းဝတ်များ၊ ရဲယူနီဖောင်းဝတ် စုစုပေါင်း အင်အား သုံးဆယ်နီးပါးဖြင့် လာရောက်စစ်ဆေးခဲ့ကြောင်း မျက်မြင်‌တွေ့ရှိသူအချို့က ဆိုသည်။ “သတင်းအတိအကျရလို့ လာစစ်တာထင်တယ်။ အမြန်ယာဉ်ဆိုက်ခါနီး အဝင်တံခါးပိတ်ပြီး စစ်ဆေးနေကြတယ်” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောဆိုသည်။ အမြန်ရေယာဉ်ဆိုက်ကပ်စဉ် ခရီးသည်တို့အား စစ်ဆေးပြီးနောက် အမြန်ရေယာဉ်ထဲ ဆင်းစစ်ရာ ဆာလာအိတ် သုံးအိတ်ဖြင့် ထည့်ထားသည့် ဘိန်းစာမှုန့်တို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူအချို့က ဆိုသည်။ “ပိုင်ရှင်မပေါ်လို့ထင်တယ်။ ပဲ့နင်းနဲ့ စာရေးကို ခေါ်သွားတာ တွေ့ရတယ်” ဟု မျက်မြင်တွေ့ရှိသည့် သမ္ဗာန်မောင်းနှင်သူတစ်ဦးက […]

စစ်သင်္ဘောက ဖမ်းဆီးထားသည့် ပုလောငါးဖမ်းလှေများ ပြန်လွတ်

Dawei Watch

September 10, 2023

မြိတ်ခရိုင်၊ပုလောပင်လယ်ပြင်အတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ငါးဖမ်းလှေငယ်များကို ယနေ့ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသခံများ ထံမှသိရသည်။ ပုလောချောင်းဝ ပင်လယ်ပြင်ရှိ ညှင်းဦး၊ ကျောက္ကာရွာအရှေ့နှင့် ဒေသအခေါ် လုံးပြာအောက်တို့တွင် စစ်သင်္ဘောသုံးစီး ကျောက်ချရပ်နားထားပြီး ကမ်းနီးငါးဖမ်းလှေ အစီးရေ လေးဆယ်ခန့်ကို စက်တင်ဘာ  ၈ ရက်နှင့် ၉ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း၊ ယနေ့ မွန်းလွဲပိုင်းတွင်မူ ပြန်လွှတ်‌ပေးလိုက်ပြီဖြစ်ကြောင်း ဒေသခံများ ကပြောသည်။ “ဘာတွေကို စစ်တယ်မေးတယ် ဆိုတာတော့ သေချာမသိရသေးဘူး။ ပြန်လွတ်လာကြပြီလို့ပဲ လောလောဆယ် သိရသေးတယ်”ဟု ဒေသခံအမျိုးသာ ကပြောသည်။ စက်တင်ဘာ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် စစ်သင်္ဘောများက သေနတ်ပစ်ဖောက် ဖမ်းဆီးနေသဖြင့် ငါးဖမ်းလှေငယ်များ ပင်လယ်ပြင်မထွက်ရဲဘဲ ရွာသို့ပြန်ဝင်ပြေးလာကြသည်ဟု ဒေသခံများ ကပြောသည်။ “စစ်သင်္ဘောကဆွဲ(ဖမ်း)ထားတာကို အကုန်မြင်နေရတယ်။ အစီးရေဘယ်လောက်တော့မသိဘူး။ ဒီကနေ့ပြန်လွှတ်လိုက်ပြီ”ဟု ဒေသခံနောက်တစ်ဦး […]