တနင်္သာရီရှိ ကျေးရွာသုံးရွာကို တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးအလုံး နှစ်ဆယ်ကျော်ကြဲချ
Dawei Watch
April 24, 2024တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက Mi 2 ရဟတ်ယာဉ်ဖြင့် နှစ်ကြိမ်လာရောက် ဗုံးကြဲချကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း – ၁ ထံမှ သိရသည်။ ဧပြီလ ၂၂ ရက်နေ့ ညနေက မြို့နယ်အတွင်းရှိ သူဌေးရွာ၊ ဘန်းပြည့်ရွာနှင့် သိန္ဒောရွာဝန်းကျင်ကို လာရောက်ဗုံးကြဲခဲ့ကြောင်း ပူးပေါင်းစစ်ကြောင်း-၁ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ရဟတ်ယာဉ်က ပထမအကြိမ်အဖြစ် ညနေ ၃ နာရီဝန်းကျင်တွင် ဗုံးသီး ၁၅ လုံးထက်မနည်း ကြဲချခဲ့ပြီး ညနေ ၅ နာရီခွဲခန့် တွင် ဗုံးသီး ၁၀ လုံးဝန်းကျင် ထပ်မံကြဲချခဲ့ကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း- ၁ က ထုတ်ပြန်ထားသည်။ ထိုသို့နှစ်ကြိမ်တိုင်တိုင်ဗုံးကြဲတိုက်ခိုက်ရာတွင် နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ပြီး အိမ်အရေအတွက်ကိုမူ မသိရသေးကြောင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ “လူတော့ ထိခိုက်မှုမရှိဘူး။ […]


