မြိတ်တွင် ခန္ဓာကိုယ်အပေါ်ပိုင်းမရှိတော့သည့် ရုပ်အလောင်း တစ်လောင်းတွေ့
Dawei Watch
September 26, 2023မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စုတွင် ခန္ဓာကိုယ်အပေါ်ပိုင်း မရှိတော့သည့် ရုပ်အလောင်း တစ်လောင်းအား တွေ့ရှိကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။ ကုန်းဖောက်ရပ် ကုန်းဖောက်လမ်းမကြီးရှိ ဌာနဆိုင်ရာစုပေါင်းရုံးအနောက်ဘက်တွင် စက်တင်ဘာလ ၂၅ ရက် မွန်းလွဲပိုင်းက တွေ့ရှိခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်းတစ်သင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။ စုပေါင်းရုံအနောက်ဘက်ရှိ ခုနှစ်ဆောင်တန်း (နေအိမ်ခုနှစ်ဆောင်) အနီးရှိ ငှက်ပျော်တောတွင် ရုပ်အလောင်းအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “(ဦး) ခေါင်းမရှိတော့ဘူး။ နောက်ကျောရိုးတစ်ခုနဲ့ တင်ပဆုံ၊ ပေါင် အောက်ပိုင်းတစ်ပိုင်းပဲ ကျန်ပြီ” ဟု နာရေးကူညီမှုအသင်းဝင်က ပြောသည်။ အဆိုပါ အလောင်းရုပ်သည် ပုပ်သိုးပျက်စီးနေပြီဖြစ်သည့် လွန်ခဲ့သည့် ဆယ်ရက်ခန့်က သေဆုံးခြင်းဖြစ်နိုင်ပြီး အသက်အရွယ်အား ခန့်မှန်းနိုင်ခြင်း မရှိတော့ကြောင်း ၎င်းက ပြောဆိုသည်။ သေဆုံးသူ မည်သူမည်ဝါဖြစ်သည့်နှင့် သေဆုံးရသည့်အကြောင်းအရင်းအား မသိရှိရကြောင်း ၎င်းက […]


