တနင်္သာရီမြို့နယ်တွင် PDF နှစ်ဦးနှင့် ဆေးတပ်သားတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ
Dawei Watch
May 6, 2024တနင်္သာရီမြို့နယ် ဘန်းပြည့်နှင့် သိန္ဒေါရွာတို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ဆေးတပ်သားတစ်ဦးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များ၏ တာဝန်ရှိသူတို့က အတည်ပြုသည်။ ဘန်းပြည့်ရွာတွင် မေလ ၃ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂ ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ အဆိုပါတပ်ဖွဲ့ဝင်နှစ်ဦးမှာ မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်း – ၁ တွင် ပါဝင်သည့် ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဘန်းပြည့်ရွာက နေအိမ်တစ်အိမ်တွင် ခေတ္တဝင်နားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို စစ်ကောင်စီ တပ်စစ်ကြောင်းက ဝင်ဝိုင်းသဖြင့် PDF နှစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။ “သူတို့နှစ်ယောက်ကိုတော့ ဝင်ဝိုင်းတဲ့အချိန်မှာ အရှင်မိသွားတာပေါ့။ ကျန်တဲ့လူတွေကတော့ ပစ်ခတ်ပြီးတော့ လွတ်မြောက် သွားတယ်။ ညှင်းပန်းနှိပ်စက်ပြီးမှ ခေါင်းဖြတ် […]


