ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

တနင်္သာရီ ခြောက်မိုင်ရွာသို့ ရောက်နေသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်များတိုက်ခိုက်

Dawei Watch

March 6, 2026

တနင်္သာရီမြို့နယ်၊ ခြောက်မိုင်ရွာတွင် နေရာယူထားသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက သွားရောက်တိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ပြောဆိုချက်နှင့် မြိတ်ခရိုင်တပ်ရင်း (၂) ၏ ထုတ်ပြန်ချက်တို့ အရ သိရသည်။ ခြောက်မိုင်ရွာ ဘုန်းကြီးကျောင်းတွင် နေရာယူထားသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက မတ်လ ၄ ရက် ညနေ ၃နာရီခွဲခန့်တွင် သွားရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ကြောင်း မြိတ်ခရိုင်တပ်ရင်း (၂) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ တိုက်ပွဲတွင် စစ်အာဏာရှင်တပ်က အရာရှိအပါအဝင် လေးဦးသေဆုံးပြီး တော်လှန်ရေးတပ်ဘက်က သုံးဦး ဒဏ်ရာရကြောင်း ဖော်ပြသည်။ စစ်အာဏာရှင်တပ်ထံမှ သေနတ်နှစ်လက်ကိုလည်း သိမ်းဆည်းရရှိကြောင်း ထုတ်ပြန်ချက်တွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားကို တွေ့ရသည်။ စစ်အာဏာရှင်တပ်ဘက်က သေဆုံးမှုနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ စစ်အာဏာရှင်တပ်သားများသည် မတ်လ ၄ရက် […]

မြိတ်တွင် အုန်းသားခြောက် ဈေးထက်ဝက်ကျ

Dawei Watch

March 5, 2026

မြိတ်မြို့တွင် အုန်းသားခြောက်ဈေး ထက်ဝက်ကျနေပြီး တစ်ပိဿာလျှင် ကျပ်တစ်သောင်းဝန်းကျင်သာ ဈေးပေါက် နေကြောင်း အုန်းသားခြောက်လုပ်နေသူများထံမှ သိရသည်။ အုန်းဆီပြုလုပ်ရာတွင် အသုံးပြုသည့် အုန်းသားခြောက် တစ်ပိဿာဈေးနှုန်းမှာ ယမန်နှစ်က ကျပ်နှစ်သောင်းဝန်းကျင် ရှိခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ မြိတ်-ထားဝယ်လမ်းတွင် တိုက်ပွဲနှင့် စစ်ရေးတင်းမာမှုများကြောင့် သယ်ယူရခက်ခဲနေသဖြင့် အုန်းသားခြောက် ဈေးကျနေခြင်းဖြစ်ကြောင်း မြိတ်မြို့တွင် အုန်းသားခြောက်လုပ်နေသူတစ်ဦးက ဆိုသည်။ မြိတ်မြို့တွင် ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်က အုန်းသီးရှားပါးကာ ဝယ်ယူရခက်ခဲသည့်အတွက် အုန်းသီးတစ်လုံးလျှင် ကျပ် လေးထောင်အထိ ဈေးတက်ခဲ့ရာမှ ယခုနှစ်ဆန်းပိုင်းမှစတင်ကာ ၁၅၀၀ ကျပ်ဝန်းကျင်သာ ဈေးရှိတော့ကြောင်းအုန်းသီးကုန်သည်အချို့ထံမှ သိရသည်။ “အုန်းသီးဈေးတွေ ပြန်ကျသွားတော့ အုန်းသားခြောက်ဈေးလည်း ပြန်ကျလာတယ်ဗျ။ အရင်က လှန်းထားတဲ့ဟာတွေ ဈေးကောင်း မရတော့ဘူး။ ရန်ကုန်ကို ပို့မယ်လုပ်ထားတာ ကားလမ်းပိတ်နေတာနဲ့ ဈေးကျတာနဲ့ […]

တနင်္သာရီမြို့တွင် ဓာတ်ဆီပြတ်နေ၍ဟုဆိုကာ ဆိုင်ကြီးများ အရောင်းပိတ်

Dawei Watch

March 4, 2026

တနင်္သာရီမြို့သို့ နေ့စဉ်လာနေသည့် မြိတ်မှ ဆီဘောက်ဆာကားများ မလာသဖြင့် မြို့အတွင်းရှိ လောင်စာဆီအရောင်းဆိုင်ကြီးများ အရောင်းရပ်ထားကြောင်း ဓာတ်ဆီရောင်းနေသူများနှင့် ဒေသခံအချို့ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၃ ရက်မှစကာ တနင်္သာရီမြို့တွင် ဓာတ်ဆီဆိုင်ကြီးများ၌ ဝယ်ယူ၍ မရတော့ကြောင်း တနင်္သာရီမြို့မှတစ်ဆင့် ဓာတ်ဆီဝယ်ရောင်းနေသည့် ညောင်ပင်ကွင်းရွာသားတစ်ဦးက ဆိုသည်။ “ဆီဘောက်ဆာတွေ မနေ့ကတည်းက မလာတော့ဘူးလို့ သိရတယ်။ အရင်က ရက်တိုင်းလိုလို လာတယ်။ ဈေးကြီးပေးပြီး ဝယ်လည်း မရတော့ဘူး။ ပြတ်သွားပြီလို့ ပြောတယ်” ဟု အထက်ပါ ရွာသားက ပြောသည်။ ဓာတ်ဆီများကို ရေသန့်ဘူးများဖြင့် လက်လီရောင်းနေသည့် ဆိုင်များတွင်သာ ဝယ်ရတော့ကြောင်းနှင့် ဆီဈေးမှာ တစ်ရက်ခြား ဈေးတက်နေကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ ဓာတ်ဆီတစ်ဘူး (ရေသန့်ဘူး) ကို ကျပ် ၃၀၀၀ ဝန်းကျင်မှ ယနေ့တွင် […]

မြိတ် တက်လက်ငယ်ရွာတွင် စစ်မှုထမ်းကြေး မထည့်သူများကို မဲနှိုက်ခိုင်းမည်ဟု အုပ်ချုပ်ရေးမှူး ခြိမ်းခြောက်

Dawei Watch

March 3, 2026

မြိတ်မြို့နယ်၊ ပသောင်းကျေးရွာအုပ်စု၊ တက်လက်ငယ်ရွာတွင် စစ်မှုထမ်းကြေးမထည့်သူများကို စစ်မှုထမ်းအတွက် မဲနိုက်ခိုင်းမည်ဟု အုပ်ချုပ်ရေးမှူးက အစည်းအဝေး‌ခေါ်ယူ၍ ခြိမ်းခြောက်ပြောဆိုကြောင်း ဒေသခံများထံမှ သိရသည်။ တက်လက်ငယ်ရွာတွင် ဖေဖော်ဝါရီလ ၂၈ရက်က အစည်းအဝေးခေါ်ယူကာ ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “တစ်ရွာလုံးကို ခေါ်ပြီးပြောတယ်။ ကြေးပြား (ငွေကြေး) ထည့်တာ မမှန်တဲ့သူတွေကို မဲနှိုက်ခိုင်းမယ်။ မဲပေါက်ရင် စစ်မှုထမ်းရမယ်လို့ ပြောတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။ တက်လက်ငယ်ရွာတွင် ပြီးခဲ့သည့် ၂နှစ်မှစ၍ စစ်မှုထမ်းကြေးကို တစ်လလျှင် ၂၅၀၀၀ကျပ် လစဥ်ပေးဆောင်နေရကြောင်း ဒေသခံအချို့က ပြောဆိုသည်။ စစ်မှုထမ်းကြေးကို လကုန်လျှင် အုပ်ချုပ်ရေးမှူး သို့မဟုတ် ဆယ်အိမ်မှူးက လာရောက်ကောက်ယူကြပြီး မထည့်သူများကို စာရင်းမှတ်သားထားကြောင်း ဒေသခံအမျိုးသမီးကြီးတစ်ဦးက ဆိုသည်။ “စစ်မှုထမ်းကြေးက မထည့်တာ မဟုတ်ဘူး။ ထည့်မနိုင်လို့ […]

ပုလောတွင် တိုက်ပွဲ ၁၀ကြိမ်ထက်မနည်းဖြစ်၊ နေရာသုံးခု သိမ်းယူခဲ့ကြောင်း တော်လှန်ရေးမဟာမိတ်များထုတ်ပြန်

Dawei Watch

March 3, 2026

ပုလောမြို့နယ်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်အာဏာရှင်တပ်ကို တိုက်ခိုက်ခဲ့သည့် တစ်လကျော်ကာလအတွင်း တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်းဖြစ်ပွားပြီး နေရာသုံးခုကို တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုက သိမ်းယူနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၁) က ထုတ်ပြန်သည်။ အင်အား ၁၈၀ ခန့်ပါဝင်သည့် စစ်ကြောင်းကို ပလမြို့၊ ရှပ်ပုံရွာတွင် မြိတ်ခရိုင်တပ်ရင်း (၁) ၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့က တစ်လကျော်ကြာ ခုခံတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်က ၁၀ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းအပြင် စစ်အာဏာရှင်တပ်တပ်သားတစ်ဦးကို ဖမ်းမိပြီး စစ်အာဏာရှင်တပ်သားတစ်ဦးမှာ လက်နက်နှင့်အတူ တော်လှန်ရေးတပ်များထံသို့ ခိုလှုံလာကြောင်း ဆိုသည်။ ခိုလှုံလာသည့် တပ်သားမှာ စစ်အာဏာရှင် အမှတ် ၁၇ […]

စစ်မှုထမ်းကြေးကောက်ပြီးပြန်လာသည့် တောင်ရှည်ရွာအုပ်ချုပ်ရေးမှူး၏ ကားကို မိုင်းဆွဲတိုက်ခိုက်

Dawei Watch

March 3, 2026

မြိတ်မြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု တပ်တောင်ရွာတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ စစ်မှုထမ်းကြေး ကောက်ယူပြီး ကားဖြင့်ပြန်လာစဉ် တော်လှန်ရေးအဖွဲ့တစ်ခုက မိုင်းဆွဲတိုက်ခိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ မတ်လ ၁ရက်က တောင်ရှည်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် တပ်တောင်ရွာတွင် စစ်မှုထမ်းကြေးကောက်ပြီး ရွာကို ကားဖြင့်ပြန်လာခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “တပ်တောင်ရွာမှာ စစ်မှုထမ်းကြေးကောက်ပြီးအပြန် ရွာအနီးမှာ မိုင်းခွဲခံရတယ်။ အုပ်ကြီးအပါအဝင် နောက်လိုက်နှစ်ဦး ကားထဲပါတယ်” ဟု ၎င်းကပြောသည်။ မိုင်းဆွဲခံရမှုကြောင့် အသက် ၆၀ အရွယ် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် သုံးဦးစလုံး ဒဏ်ရာရပြီး ကားလည်း ပျက်စီးသွားကြောင်း ဒေသခံ အခြားတစ်ဦးက ပြောဆိုသည်။ “မိုင်းဆွဲခံရတယ်။ ကျန်တာတော့ မသိလိုက်ရဘူး။ သိသူတွေကလည်း ပြောမရဲကြဘူး။ ရှေ့တစ်ရက်နှစ်ရက်က တပ်တောင်ဘုန်းကြီးကျောင်းကို စစ်သားတွေ ဝင်လာပြီး တပ်စွဲထားတယ်” ဟု ၎င်းက […]

ဘန်လောရွာတွင် ပစ်ခတ်မှုဖြစ်

Dawei Watch

March 2, 2026

တနင်္သာရီမြို့နယ်၊ ဘန်လောရွာသို့ စစ်အာဏာရှင်တပ်သားများ ဝင်ရောက်လာသဖြင့် တော်လှန်ရေးတပ်များနှင့် ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ မတ်လ ၁ ရက်နေ့ ညနေ ၄ နာရီတွင် ကျောက်ပုံတောင်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများက ဘန်လောရွာလမ်းဆုံသို့ ခြေလျင်ဝင်ရောက်လာချိန်တွင် တော်လှန်ရေးတပ်များနှင့် ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “သူတို့ လမ်းဆုံကို ရောက်လာလို့ ပစ်ခတ်မှုဖြစ်သွားတယ်။ ပစ်ခတ်မှု ခဏပဲ ဖြစ်တယ်။ သူတို့ ပြန်ဆုတ်သွားတယ်။ ဒီနေ့ (ည ၆ နာရီ) အထိတော့ ထူးခြားမှုမရှိသေးဘူး” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။ ဘန်လောရွာတွင် ဒေသခံများသည် တိုက်ပွဲဖြစ်ပွားပါက ပြောင်းရွှေ့နေထိုင်ကြပြီး အခြေအနေအေးဆေးပါက ရွာထဲတွင် ပြန်လည်နေထိုင်ကြကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ပြန်လာနေတာ ကြာပြီ။ သုံးလေးလလောက်တော့ […]

မောတောင်လမ်း သဲဖြူရွာဝန်းကျင်တွင် စစ်အာဏာရှင်တပ် အင်အားဖြည့်ပြီးနောက် တိုက်ပွဲများပြင်းထန်

Dawei Watch

March 2, 2026

တနင်္သာရီမြို့မှ ထိုင်းနယ်စပ် မောတောင်မြို့သို့ သွားသည့် လမ်းရှိ သဲဖြူရွာတွင် စစ်အာဏာရှင်တပ်က အင်အားဖြည့်တင်းပြီးနောက် တိုက်ပွဲများပိုမိုပြင်းထန်လာကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ဖေဖော်ဝါရီ ၁၈ရက်တွင် မြိတ်မှ စစ်အာဏာရှင်တပ် ကားခုနစ်စီးသည် သဲဖြူရွာသို့ စစ်ကူဖြည့်တင်းပြီးနောက် တော်လှန်‌ရေးတပ်များနှင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “အင်အားဖြည့်ပြီး တိုက်ပွဲက ပိုကြမ်းလာတယ်။ တနေ့လုံးဖြစ်နေတယ်။လက်နက်ကြီးနဲ့ ဒရုန်းက မိုးရွာနေသလို ဖြစ်နေတယ်။ ရှယ်ကြမ်းတယ် ရက်တိုင်းပဲ” ဟု တိုက်ပွဲတွင် ပါဝင်နေသည့် အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။ စစ်အာဏာရှင်တပ်က အင်အားဖြည့်တင်းကာ မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသဖြင့် ဖေ‌ဖော်ဝါရီလ ၁၈ရက်မှ မတ်လ ၂ရက်အထိ တိုက်ပွဲပြင်းထန်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အခြားတစ်ဦးက ဆိုသည်။ “နှစ်ဖက်စလုံး ထိခိုက်မှုများတယ်။ ဒီဘက်ကလည်း ထိတယ်။ ရန်သူဘက်ကလည်း ထိတယ်” […]