တနင်္သာရီ ခြောက်မိုင်ရွာသို့ ရောက်နေသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်များတိုက်ခိုက်
Dawei Watch
March 6, 2026တနင်္သာရီမြို့နယ်၊ ခြောက်မိုင်ရွာတွင် နေရာယူထားသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက သွားရောက်တိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ပြောဆိုချက်နှင့် မြိတ်ခရိုင်တပ်ရင်း (၂) ၏ ထုတ်ပြန်ချက်တို့ အရ သိရသည်။ ခြောက်မိုင်ရွာ ဘုန်းကြီးကျောင်းတွင် နေရာယူထားသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက မတ်လ ၄ ရက် ညနေ ၃နာရီခွဲခန့်တွင် သွားရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ကြောင်း မြိတ်ခရိုင်တပ်ရင်း (၂) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ တိုက်ပွဲတွင် စစ်အာဏာရှင်တပ်က အရာရှိအပါအဝင် လေးဦးသေဆုံးပြီး တော်လှန်ရေးတပ်ဘက်က သုံးဦး ဒဏ်ရာရကြောင်း ဖော်ပြသည်။ စစ်အာဏာရှင်တပ်ထံမှ သေနတ်နှစ်လက်ကိုလည်း သိမ်းဆည်းရရှိကြောင်း ထုတ်ပြန်ချက်တွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားကို တွေ့ရသည်။ စစ်အာဏာရှင်တပ်ဘက်က သေဆုံးမှုနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ စစ်အာဏာရှင်တပ်သားများသည် မတ်လ ၄ရက် […]


