တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
May 17, 2025မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မေ ၁၁ ရက်မှ ၁၇ ရက်အထိ စစ်ကိုင်းနဲ့ ရခိုင်မှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အစုလိုက်အပြုံလိုက်သေဆုံး စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျောင်းသားကျောင်းသူ ကလေးငယ်တွေ၊ ဆရာမတွေ၊ အမျိုးသမီးတွေအပါအဝင် အစုလိုက်အပြုံလိုက်သေဆုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ စာသင်ကျောင်းကို မေလ ၁၂ရက်မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျောင်းတက်နေတဲ့ ကျောင်းသား၊ ကျောင်းသူ ၂၂ဦးနဲ့ ဆရာမနှစ်ဦး စုစုပေါင်း ၂၄ ဦး သေဆုံးပြီး တစ်ရာကျော်ဒဏ်ရာရခဲ့ပါတယ်။ အိုးတိန်တွင်းရွာ စာသင်ကျောင်းဟာ NUG ရဲ့ ကြားကာလ ပညာသင်ကျောင်း ဖြစ်ပြီး ပုံမှန်ကျောင်းဖွင့်ချိန် မဟုတ်ပေမယ့် စစ်ဘေးရှောင်ရင်း အတန်းနောက်ကျသူတွေအတွက် […]


