ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပြည်တွင်းသတင်း

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

July 5, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန် ၂၉ ရက်မှ ဇူလိုင် ၅ ရက်အထိ စစ်ကောင်စီ တိုက်လေယာဉ်တစ်စင်း ပျက်ကျ စစ်ကောင်စီတပ်က ပျောက်ဆုံးနေတဲ့ တိုက်လေယာဉ်ဟာ ကရင်နီ(ကယား) ပြည်နယ်၊ ဖားဆောင်းမြို့အနီးမှာ ပျက်ကျခဲ့တာကို တွေ့ရှိခဲ့ပါတယ်။   ဇူလိုင်လ ၁ရက်က တိုက်လေယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းရာကနေ နေပြည်တော်ရဲ့ အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာ အကွာမှာ ရေဒါမြင်ကွင်းကနေ ပျောက်ကွယ်ပြီး အဆက်အသွယ်ပြတ်တောက်ခဲ့တယ်လို့ စစ်ကောင်စီက ဇူလိုင်လ ၃ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ စက်ချို့ယွင်းတာ ဒါမှမဟုတ် ရုတ်တရက်ရာသီဥတု ဆိုးရွားတာကြောင့်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်လေယာဉ် ဖားဆောင်းမြို့အနီးပျက်ကျနေတာကို ဇူလိုင်လ ၃ရက်မှာပဲ ကရင်နီတော်လှန်ရေး အင်အားစုတွေက တွေ့ရှိခဲ့ပါတယ်။ တိုက်လေယာဉ်မှူးနှစ်ဦးလည်း […]

စစ်ကောင်စီ တိုက်လေယာဉ် ဖားဆောင်းမြို့အနီး ပျက်ကျ

Dawei Watch

July 3, 2025

စစ်ကောင်စီတပ်က ပျောက်ဆုံးနေသည့် တိုက်လေယာဉ်မှာ ကရင်နီ (ကယား) ပြည်နယ်၊ ဖားဆောင်းမြို့ အနီးတွင် ပျက်ကျခဲ့သည်ကို တွေ့ရှိကြောင်း ကရင်နီတော်လှန်ရေးအင်အားစုများက မီဒီယာများသို့ အတည်ပြုထားသည်။ ပျက်ကျခဲ့သည့် တိုက်လေယာဉ်၏ အပိုင်းအစများကို တွေ့ရှိထားကြောင်း ဓာတ်ပုံ၊ ရုပ်သံမှတ်တမ်းများနှင့်တကွ ကရင်နီတော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။ လေယာဉ်ပျက်ကျရာတွင် တိုက်လေယာဉ်မှူးနှစ်ဦးဟု ယူဆရသည့် ရုပ်အလောင်းနှစ်လောင်း တွေ့ရှိထားကြောင်းလည်း ကရင်နီတော်လှန်ရေးအင်အားစုများဘက်က မီဒီယာများသို့ ပြောဆိုထားသည်။ ပျက်ကျနေသည့် တိုက်လေယာဉ်ကို ဖားဆောင်းမြို့အနီး သံလွင်မြစ်ဘေးတွင် တွေ့ရှိခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က ဇွန်လ ၂၅ရက်မှ စတင်ကာ ဖားဆောင်းမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေကာ လေကြောင်းတိုက်ခိုက်မှုများဆက်တိုက် ပြုလုပ် နေကြောင်း ဒေသတွင်းသတင်းဌာနတစခုဖြစ်သည့် Karenni People’s Voice သတင်းတစ်ရပ်တွင် ဖော်ပြသည်။ စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေးလေယာဉ်တစ်စင်း ဇူလိုင်လ ၁ရက် ညပိုင်းက လေ့ကျင့်ပျံသန်းနေစဉ် […]

စစ်ကောင်စီ တိုက်လေယာဉ်တစ်စင်း ပျောက်ဆုံး

Dawei Watch

July 3, 2025

စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေးလေယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းနေစဉ် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်ပြီး ဆက်သွယ်မှုပြတ်တောက်နေကြောင်း စစ်ကောင်စီက ယနေ့ ဇူလိုင်လ ၃ရက်တွင် သတင်းထုတ်ပြန်သည်။ ဇူလိုင်လ ၁ရက် ညပိုင်းတွင် ခရီးဝေးလေ့ကျင့်ရေးပျံသန်းစဉ် နေပြည်တော်၏ အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာ အကွာတွင် ရုတ်တရက် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ကနဦးစစ်ဆေးချက်အရ စက်ချွတ်ယွင်းမှု (သို့မဟုတ်) ရုတ်တရက် ရာသီဥတုဆိုးရွားမှုကြောင့် ဖြစ်နိုင်ကြောင်း စစ်ကောင်စီက ဆိုသည်။ ရာသီဥတုဆိုးရွားနေသော်လည်း လေယာဉ်ဆက်သွယ်မှုပြတ်တောက်ရာ နေရာတစ်ဝိုက်ကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ရန် လုပ်ဆောင်နေကြောင်းလည်း ဖော်ပြသည်။ ယခုဇွန်လ ၁၀ရက်ကလည်း စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ တော်လှန်ရေးအဖွဲ့များကမူ ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ၂၀၂၄ ခုနှစ်တွင် တပ်မတော်နေ့မကျင်းပမီတစ်ရက်အလို မတ်လ ၂၆ ရက်တွင် […]

ရန်ကုန်မှထားဝယ်သို့ပို့မည့် မူးယစ်ဆေးပြား ကိုးသိန်း ညောင်ခါးရှည်တွင်ဖမ်းမိ

Dawei Watch

June 30, 2025

ရန်ကုန်မှ ထားဝယ်သို့လာသည့် ကုန်တင်ကားတစ်စီးထံမှ မူးယစ်ဆေးဝါး (စိတ်ကြွရူးသွပ်ဆေးပြား) အပြားရေ ကိုးသိန်း ပဲခူးတိုင်း ၊ ဝေါမြို့နယ် ၊ ညောင်ခါးရှည်ရွာ အနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခဲ့ဟု ထုတ်ပြန်သည်။ ယနေ့ ဇွန်လ ၂၉ ရက်တွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC Myanmar) က ယင်းသို့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ Nissan အမျိုးအစား ၆ ဘီး ကုန်တင်ကားတစ်စီး တွင် ဇွန်လ ၂၆ ရက် နံနက်အစောပိုင်းက ဖမ်းမိခဲ့ခြင်းဖြစ်ပြီး CCDAC ၏ ထုတ်ပြန်ချက်အရ ယင်းဆေးပြားများမှာ ရန်ကုန်မှတစ်ဆင့် ထားဝယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ဟုဆိုသည်။ ယာဥ်မောင်းအပါအဝင် အမျိုးသား ၃ ဦးကို အမှုဖွင့် အရေးယူထားသည်ဟု […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

June 28, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန် ၂၂ ရက်မှ ၂၈ ရက်အထိ နောင်ချိုကို စစ်ကောင်စီ အင်အားသုံး ထိုးစစ်ဆင် ရှမ်းမြောက်မှာ တအာင်းတပ် တိုက်ခိုက်သိမ်းယူထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ပြန်လည်ရရှိဖို့အတွက် စစ်ကောင်စီတပ်က အင်အားသုံးပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ နောင်ချိုမြို့ဟာ ပြင်ဦးလွင်ကနေ မန္တလေးအထိ စစ်ရေးအရ ထိန်းချုပ်ဖို့ အရေးပါတဲ့နေရာမှာရှိသလို တအာင်းတပ် သိမ်းယူထားတဲ့ ကျောက်မဲ၊ သီပေါ စတဲ့မြို့နယ်တွေအတွက်လည်း အရေးပါတဲ့နေရာမှာ တည်ရှိနေပါတယ်။ ပြင်ဦးလွင်ကိုစစ်ရေးအရ ထိန်းချုပ်ဖို့အရေးပါပြီး နောင်ချိုမြို့နဲ့ မိုင် ၂၀ လောက်အကွာမှာ တည်ရှိတဲ့ တောင်ခမ်းကို တအာင်းတပ်နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေ အပြီးသတ်မသိမ်းယူနိုင်ခဲ့တာကြောင့် စစ်ကောင်စီတပ်က အင်အား ပြန်ဖြည့်ပြီး ဇွန်လဆန်းကနေ စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ […]

ကပ္ပလီပင်လယ်ပြင်တွင် ငလျင်လေးကြိမ် လှုပ်ခဲ့ဟု မိုးဇလထုတ်ပြန်

Dawei Watch

June 26, 2025

ကပ္ပလီပင်လယ်ပြင်ရှိ နီကိုဘားကျွန်း(အိန္ဒိယဧရိယာ) အနီး ပင်လယ်ပြင်တွင် ဇွန်လ ၂၄ ရက် နှင့် ၂၅ ရက်တို့တွင် ငလျင် လေးကြိမ်လှုပ်ခတ်ခဲ့ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။ ဇွန်လ ၂၄ ရက် ည ၆ နာရီနှင့် ၈ နာရီ အကြားတွင် နှစ်ကြိမ်၊ ဇွန်လ ၂၅ ရက် နံနက် ၈နာရီနှင့် ည ၇ နာရီ အကြားတွင် နှစ်ကြိမ် စုစုပေါင်း လေးကြိမ် ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးဇလကဆိုသည်။ လှုပ်ခတ်ခဲ့သည့် ငလျင်များ၏ စောက်အနက်သည် ဆယ်ကီလိုမီတာခန့်စီရှိကြပြီး ငလျင်ပြင်အားသည် အင်အားအနည်းငယ်ရှိသော ရစ်(ခ)တာစကေး ၄ဒသမ၇ မှ အင်အားအသင့်အတင့်ရှိသော ရစ်(ခ)တာစကေး ၅ဒသမ၁ အကြားတွင် ရှိကြောင်း […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

June 22, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန် ၁၅ ရက်မှ ၂၁ ရက်အထိ CDM နိုင်ငံ့ဝန်ထမ်းဥပဒေ ကန့်ကွက်ခံရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ပြဋ္ဌာန်းလိုက်တဲ့ ‘အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု ဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ’ဟာ ဒီမိုကရေစီစံနှုန်းတွေ၊လူ့အခွင့်အရေးစံနှုန်းတွေနဲ့ကွဲလွဲနေတယ်ဆိုပြီး ကန့်ကွက်ခံရပါတယ်။ ဇွန်လ ၁၃ရက်မှာ ပြဋ္ဌာန်းလိုက်တဲ့ အဲဒီဥပဒေဟာ CDM တွေကို ဂုဏ်ပြုချီးမြှင့်ဖို့၊ ပြန်လည်ကုစားပေးဖို့၊ အမှန်တရားနဲ့ တရား မျှတမှုရှာဖွေပေးဖို့ ရည်ရွယ်တယ်လို့ဆိုပြီး တခြားတစ်ဖက်မှာလည်း Non-CDMတွေကို အရေးယူမယ်လို့ပြဋ္ဌာန်းထားပါတယ်။ CDMတွေကို ဂုဏ်ပြုမယ်ဆိုတဲ့အပေါ်ထောက်ခံကြပေမယ့် Non-CDM တွေကို အရေးယူမယ်ဆိုတဲ့ပြဋ္ဌာန်းချက်ကိုတော့ ဝေဖန်ကြပါတယ်။ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ပြည်သူတွေကိုအကြမ်းဖက်ရာမှာပါဝင်သူတွေကို ကျူးလွန်တဲ့ ပြစ်မှုအလိုက် အရေးယူရမှာဖြစ်ပေမယ့် CDM မလုပ်သူတိုင်းကို အရေးယူမယ်လို့ သိမ်းကျုံးပြဋ္ဌာန်းလိုက်တဲ့အပေါ် […]

ငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် ADB က ဒေါ်လာသန်း ၁၀၀ ကူမည်

Dawei Watch

June 18, 2025

ငလျင်ဒဏ်ခံစားခဲ့ရသော မြန်မာနိုင်ငံသားများအတွက် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (ADB) က အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို ကူညီထောက်ပံ့မည်ဖြစ်ကြောင်း ADB က ဇွန်လ ၁၇ ရက်တွင် ထုတ်ပြန်သည်။ ငလျင်ဒဏ်သင့် ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီများနှင့် လူမှုဘဝများ ရေရှည်တည်ထောင်နိုင်ရေး အတွက် ရည်ရွယ်၍ အာရှဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ (ADF) အောက်က လှူဒါန်းသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။ ပြီးခဲ့သော ဧပြီလ ၁ ရက်တွင် ADB က မြန်မာငလျင်ဒဏ်သင့် ပြည်သူများအား ဒေါ်လာသုံးသန်း အရေးပေါ်ထောက်ပံ့ လှူဒါန်းခဲ့ပြီးနောက် ယခုဒုတိယအကြိမ် ထပ်မံကူညီရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ယခု ADB ၏ အကူအညီများကို ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP)၊ ကုလသမဂ္ဂကလေးများရန်ပုံငွေ (UNCF) နှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် […]