ပုဏ္ဏားကျွန်း မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ ဗျူဟာမှူး၊ တပ်ရင်းမှူးသေဆုံးဟု AA ပြော
Dawei Watch
March 6, 2024ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗျူဟာမှူး၊ တပ်ရင်းမှူးသေဆုံးပြီး ဇက်သင်္ဘော သုံးစင်းကို တိုက်ခိုက်ဟန့်တားနိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ အဆိုပါမြို့အခြေစိုက် ခမရ ၅၅၀ တပ်ရင်းကို မတ်လ ၄ရက်နေ့တွင် AA က သိမ်းယူပြီး မြို့ကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ပုဏ္ဏားကျွန်းမြို့ကို စတင်တိုက်ခိုက်ပြီး ၁၃ ရက်အကြာတွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း AA က ဆိုသည်။ စခန်းသိမ်းတိုက်ပွဲတွင် ခမရ ၅၅၀ တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို၊ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ဗိုလ်မှူးစောထွေးတို့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် မြောက်မြားစွာကို အသေဖမ်းဆီးရမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ကိုလည်း ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်း […]