ဘူးသီးတောင်အခြေစိုက်တပ်ရင်းဌာနချုပ်တစ်ခုကို တိုက်ခိုက်ပြီးငါးရက်အကြာတွင် သိမ်းယူလိုက်ကြောင်း AA ပြော
Dawei Watch
April 6, 2024ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား စတင်တိုက်ခိုက်ပြီး ငါးရက်အကြာ ဧပြီလ ၅ရက် နံနက်တွင် သိမ်းယူလိုက်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်သည်။ ခမရ (၅၆၄) တပ်ရင်းဌာနချုပ်ကို ဧပြီလ ၁ရက်နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ကြည်း၊ ရေ ပူးပေါင်းကာ ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ နောက်ထပ်ကျန်ရှိသည့် စခန်းများကိုလည်း ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဆိုသည်။ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၈၀ ကျော် သေဆုံးခဲ့ပြီး AA ဘက်လည်း ထိခိုက်သေဆုံးမှုများကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ သို့သော် AA ဘက်က ထိခိုက်သေဆုံးမှု အရေအတွက်ကိုမူ ဖော်ပြထားခြင်း မရှိပေ။ တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားကို […]