တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
October 26, 2024မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာ ၂၀ ရက်မှ ၂၆ ရက်အထိ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကြောင့် အရပ်သား ၁၃၀၀ကျော်သေဆုံး အာဏာသိမ်းပြီးနောက်ပိုင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကြောင့် အရပ်သားပြည်သူ ၁၃၀၀ ကျော် သေဆုံးတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျုက ထုတ်ပြန်ပါတယ်။ အာဏာသိမ်းချိန်ကနေ အခုအောက်တိုဘာ ၂၀ရက်အထိ သုံးနှစ်ကျော်အတွင်း လူ ၁၀ဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၆၅ကြိမ်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလိုသတ်ဖြတ်မှုရဲ့ ၉၂ရာခိုင်နှုန်းကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီး အပါအဝင် စစ်ကောင်စီသစ္စာခံတပ်တွေက ကျူးလွန်တာဖြစ်ပြီး အရပ်သား ၁၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။ စစ်ကောင်စီ မဟုတ်တဲ့ တခြားလက်နက်ကိုင်တပ်တွေက သတ်ဖြတ်မှု ငါးခုထက်မနည်းရှိပြီး အရပ်သားတစ်ရာနီးပါး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ […]