ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပြည်တွင်းသတင်း

မင်းတပ်မြို့တွင် ပြန်လည်နေထိုင်ခွင့်ပြု၊ တော်လှန်ရေးရန်ပုံငွေထည့်ပြီးမှ ဝင်ခွင့်ပြုမည်

Dawei Watch

February 10, 2025

ချင်းကာကွယ်ရေးတပ်များ သိမ်းယူထိန်းချုပ်ထားသည့် မင်းတပ်မြို့ကို ပြည်သူများအား ပြန်လည် ဝင်ရောက်နေထိုင်ခွင့် ပြုနေပြီဖြစ်ပြီး ပြန်လည်ဝင်ရောက်သူများသည် တော်လှန်ရေးရန်ပုံငွေ ထည့်ဝင်ရမည်ဖြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၉ရက်တွင် ထုတ်ပြန်သည်။ မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်သူများသည် မြို့နယ်၊ တိုက်နယ်အုပ်ချုပ်ရေးမှူး သို့မဟုတ် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်မှူး သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့်သာ ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြသည်။ ထောက်ခံစာကို မိမိနေထိုင်တဲ့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဆီမှာ အခမဲ့တောင်းယူနိုင်ပြီး ထောက်ခံစာကို မြို့အဝင်ဂိတ်များတွင် ပြသနိုင်သူများသာ မြို့အတွင်းသို့ ဝင်ခွင့်ရမည်ဖြစ်ကြောင်း ဆိုသည်။ တော်လှန်ရေးရန်ပုံငွေ ထည့်ဝင်ထားခြင်း မရှိသေးသူများသည် မြို့အဝင်ဂိတ်များတွင် တော်လှန်ရေးရန်ပုံငွေထည့်ဝင်စေကာ ယင်းဖြတ်ပိုင်းဖြင့်သာ ဝင်ခွင့်ရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ သီတင်းပတ်တစ်ခုလျှင် အင်္ဂါနှင့် ကြာသပတေးနေ့များတွင် နံနက် ၆နာရီမှ ညနေ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

February 8, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီ ၂ ရက်မှ ၈ ရက်အထိ အာဏာသိမ်းကာလ လေးနှစ်တာမှာ လူခြောက်ထောင်ကျော်သေဆုံး စစ်အာဏာသိမ်းကာလ လေးနှစ်တာအတွင်း ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ အရပ်သားပြည်သူ ခြောက်ထောင်ကျော် သေဆုံးတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရသိရပါတယ်။ သေဆုံးသူတွေထဲမှာ ကလေး ခုနစ်ရာကျော်ပါဝင်ပြီး အမျိုးသမီး ၁၄၀၀ နီးပါး ပါဝင်တယ်လို့ ဖော်ပြပါတယ်။ ဖမ်းဆီး ခံရသူလည်း နှစ်သောင်းရှစ်ထောင်ကျော်ရှိပြီး အဲဒီထဲက နှစ်သောင်းနှစ်ထောင်နီးပါဟာ ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံခဲ့ရသူရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ ဦးရေတစ်သောင်းနှစ်ရာကျော်ကတော့ ထောင်ဒဏ်တွေ ချမှတ်ခံထားရတယ်လို့ ဖော်ပြပါတယ်။ နိုင်ငံတစ်ဝန်း စစ်ဘေးရှောင် ၃ဒသမ ၅သန်းကျော်ရှိပြီလို့ ကုလသမဂ္ဂစာရင်းတွေအရ သိရပါတယ်။ အာဏာသိမ်းကာလ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

February 2, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီ ၂၆ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ မြန်မာပြည်သူ ၁၅သန်း အငတ်ဘေးဆိုက်နိုင်တယ်လို့ WFP ပြော မြန်မာနိုင်ငံမှာ ငတ်မွတ်ခေါင်းပါးမှုဟာစိုးရိမ်စရာအခြေအနေဖြစ်နေပြီး ၂၀၂၅မှာဆိုရင် ပြည်သူ ၁၅သန်းဟာ ငတ်မွတ်ခေါင်း ပါးမှုဘေးနဲ့ကြုံရနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ဇန်နဝါရီလ ၂၉ရက်မှာ ထုတ်ပြန်သတိပေးပါတယ်။ ပြီးခဲ့တဲ့နှစ်က ပြည်သူ ၁၃ဒသမ ၃သန်းဟာ ငတ်မွတ်ခေါင်းပါးမှုနဲ့ကြုံခဲ့ရပြီး အခုနှစ်မှာတော့ ၁၅သန်းအထိရှိလာမယ်လို့ ခန့်မှန်းထားတာပါ။ စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ အထူးသဖြင့် ချင်း၊ ကချင်၊ ရခိုင်နဲ့ စစ်ကိုင်း စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ စားနပ်ရိက္ခာမလုံလောက်မှု အမြင့်ဆုံးကြုံရမယ်လို့ ဆိုပါတယ်။ လူသန်း ၂၀ တစ်နည်းအားဖြင့် […]

AA ကို တိုက်ခိုက်မည့် ရိုဟင်ဂျာဒုက္ခသည်များအား ဘင်္ဂလားဒေ့ရှ်စစ်ထောက်လှမ်းရေးက အထူးပြောက်ကျားစစ်သင်တန်းပေး

Dawei Watch

February 1, 2025

အာရက္ခတပ်တော် (AA) အား တန်ပြန်တိုက်ခိုက်ရန်အတွက် ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်များကို ရွေးချယ်ကာ ဘင်္ဂလားဒေ့ရှ်စစ်ထောက်လှမ်းရေးအေဂျင်စီ (DGFI) က အထူးပြောက်ကျားစစ်ဆင်ရေးသင်တန်းပေးနေပြီဖြစ်ကြောင်း အိန္ဒိယသတင်းဌာန Northeast News တွင် ဇန်နဝါရီလ ၃၀ ရက်နေ့က ဖော်ပြထားသည်။ ဘင်္ဂလားဒေ့ရှ်စစ်ထောက်လှမ်းရေးအေဂျင်စီ (DGFI) နှင့် ရိုဟင်ဂျာကိုယ်စားလှယ်များအကြား တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ကော့ဘဇားရှိ ခရိုင်ခွဲတစ်ခုမှ 1W ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် ဇန်နဝါရီလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်စစ်ထောက်လှမ်းရေးအေဂျင်စီ (DGFI) က ခေါ်ယူကျင်းပသည့် အဆိုပါအစည်းအဝေးကို အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(ARSA) ၊ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့(RSO) မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ ကော့ဘဇားခရိုင် ၊ ကုတူပလောင်ရှိ ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာများကို ရွေးချယ်ပြီး ဘင်္ဂလားဒေ့ရှ်စစ်ထောက်လှမ်းရေးအေဂျင်စီ(DGFI) က အထူးပြောက်ကျားစစ်ဆင်ရေးသင်တန်းပေးရန် ယင်းအစည်းအဝေးက […]

ရခိုင်နှင့် ထိစပ်နေသည့် တိုင်းသုံးခုတွင် စစ်ကောင်စီတပ်စခန်းသုံးခုကို AA သိမ်းယူ

Dawei Watch

January 28, 2025

ပဲခူး၊ ဧရာဝတီ၊ မကွေးတိုင်းတို့နှင့် ရခိုင်ပြည်နယ်ထိစပ်နေသော နေရာများတွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စခန်းသုံးခုကို သိမ်းယူနိုင်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ဇန်နဝါရီလ ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။ ပဲခူးတိုင်း၊ မကွေးတိုင်း ဆိုင်းဘုတ်ရှေ့တွင် AA တပ်ဖွဲ့ဝင်များဖြင့် ရိုက်ကူထားသည့် မှတ်တမ်းဓာတ်ပုံများ၊ ရခိုင်-ဧရာဝတီအစပ် တိုက်ပွဲများတွင် သံချပ်ကာကားများဖြင့် သွားလာနေသည့် AA တပ်ဖွဲ့ဝင်များ၏ ဓာတ်ပုံမှတ်တမ်းများကိုလည်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။ ရခိုင်ရိုးမတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်သလို စစ်ကောင်စီတပ်ကလည်း ပဲခူးတိုင်းဘက်မှ ပြန်လည်ထိုးစစ်ဆင်နေသဖြင့် ပဲခူး-ရခိုင် ထိစပ်နေသောနေရာများနှင့် ရိုးမတောင်တန်းပေါ်တို့တွင် နေ့စဉ် တိုက်ပွဲဖြစ်နေကြောင်း ဖော်ပြသည်။ တောင်ကုတ်မြို့နယ်အတွင်း ရခိုင်-ပဲခူးထိစပ်နေသည့်နေရာရှိ မိုးထိတောင်စခန်းကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီး ငါးရက်အကြာ ဇန်နဝါရီလ ၂၆ရက် နံနက်တွင် သိမ်းယူနိုင်ခဲ့ကြောင်း AA […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

January 25, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီ ၁၉ ရက်မှ ၂၅ ရက်အထိ တရုတ်ဖိအားကြောင့် စစ်ကောင်စီနဲ့ ကိုးကန့်တပ်တို့ တရားဝင်အပစ်ရပ် တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုနဲ့ စစ်ကောင်စီနဲ့ ကိုးကန့်တပ် MNDAA တို့ကြား အပစ်ရပ်ဖို့ နှစ်ဖက်သဘောတူညီ လိုက်ကြတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီလ ၂၀ရက်မှာ ပြောပါတယ်။ မြန်မာစစ်ကောင်စီနဲ့ ကိုးကန့်တပ်တို့ဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ၁၆ရက်နဲ့ ၁၇ရက်တွေမှာ တွေ့ဆုံဆွေးနွေးပြီး အခုလို သဘောတူညီပြီး လက်မှတ်ရေးထိုးခဲ့ကြတာလို့ ဆိုပါတယ်။ ဘယ်လိုအချက်တွေကို သဘောတူညီခဲ့ကြတယ်ဆိုတာ ကိုတော့ တရုတ်ဘက်က အသေးစိတ်မပြောပါဘူး။ အပစ်ရပ်သဘောတူညီချက်ထဲမှာ ဇွန်လထဲမှာ လားရှိုးကနေ ကိုးကန့်တပ် ပြန်ဆုတ်ပေးဖို့ ပါဝင်တယ်လို့ သတင်းထွက်နေပေမယ့် တရုတ်ဘက်က […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

January 18, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီ ၁၂ ရက်မှ ၁၈ ရက်အထိ လက်လွှတ်ဆုံးရှုံးရတဲ့နေရာတွေကို စစ်ကောင်စီ မြေလှန်ဖျက်ဆီးဗျူဟာသုံး စစ်ကောင်စီတပ်ဟာ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့နယ်မြေတွေကို မြေလှန်ဖျက်ဆီးတဲ့ဗျူဟာ အသုံးပြုနေတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ရဲ့ ၂၀၂၅ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ၂၀၂၄မှာ လက်နက်ကိုင်ပဋိပက္ခအရှိန်မြင့်တက်လာပြီး တိုင်းနဲ့ ပြည်နယ် ၁၄ ခုစလုံးမှာ တိုက်ပွဲတွေဖြစ်ပွားလာတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ကလည်း လေကြောင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာ တိုးမြင့်လာတယ်လို့ ဖော်ပြပါတယ်။ စစ်ကောင်စီတပ်ဟာ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံတွေ၊ ဒုက္ခသည် စခန်းတွေကိုပါ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေအတွင်း ဆင်ကဲပေါက်ကွဲတဲ့ ဖျက်အားပြင်းဗုံးတွေပါသုံးနေတယ်လို့ HRW က ပြောပါတယ်။ ၂၀၂၄ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

January 11, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီ ၅ ရက်မှ ၁၁ က်အထိ မံစီမြို့က စစ်ကောင်စီတပ်ရင်းတွေကို KIAနဲ့ ပူးပေါင်းတပ်တွေသိမ်းယူ ကချင်ပြည်နယ် မံစီမြို့က စစ်ကောင်စီရဲ့ လက်ကျန် တပ်ရင်း၊ တပ်စခန်း အားလုံးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူပြီး မြို့ကို ထိန်းချုပ်လိုက်ပါတယ်။ မံစီမြို့က စစ်ကောင်စီတပ်စခန်းတွေကို ၂၀၂၄ မေလမှာ ပထမအကြိမ်တိုက်ခိုက်ခဲ့ပြီး ထိုးစစ်ပြန်လည် ရပ်နားခဲ့ပါတယ်။ ဒုတိယအကြိမ်အဖြစ် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ရက်မှာ ပြန်လည်စတင်ခဲ့ပြီး တစ်လကျော်အကြာ ဒီဇင်ဘာလ ၈ရက်မှာ လက်ကျန်စခန်းတွေကို သိမ်းယူနိုင်ခဲ့တာလို့ ပူးပေါင်းတိုက်ခိုက်ရာမှာပါတဲ့ ကျောင်းသားတပ် ABSDF က ထုတ်ပြန်ပါတယ်။  တစ်လတာကာလအတွင်း ခြေမြန်တပ်ရင်း […]