တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
November 30, 2024မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာ ၂၄ ရက်မှ ၃၀ ရက်အထိ ပြည်ပရောက် အစိုးရအဖွဲ့ဝင်အားလုံး ပြည်တွင်းပြန်လာဖို့ NUG ယာယီသမ္မတတိုက်တွန်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ အဝေးရောက်အစိုးရ ဖြစ်လို့မရတာကြောင့် အစိုးရအဖွဲ့ဝင် အားလုံး ပြည်တွင်းပြန်လာကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။ နိုဝင်ဘာလ ၂၆ရက်က ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးမှာ အခုလို တိုက်တွန်းခဲ့တာပါ။ နိုင်ငံတကာအသိုက်အဝန်းကို အချိန်ပေးသင့်တာထက် ပိုမိုပေးခဲ့ပြီဖြစ်ပြီး အခုအချိန်ဟာ မြေပြင်မှာ လက်တွေ့ကျကျ အင်အားတည်ဆောက်ရတော့မယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ပြည်တွင်းမှာ အင်အားလာစုပြီး လက်တွေ့ကျကျ လုံ့လထုတ်စေလိုတယ်လို့ ယာယီသမ္မတက ပြောပါတယ်။ လက်ရှိတော်လှန်ရေးဟာ လွတ်လပ်ပြီးခေတ်နောက်ပိုင်း အကြီးကျယ်ဆုံးသော လူထုတော်လှန်ရေး […]