မြန်မာတွင် လူတစ်သန်းအတွက် စားနပ်ရိက္ခာထောက်ပံ့မှု WFP ရပ်ဆိုင်း
Dawei Watch
March 14, 2025မြန်မာနိုင်ငံတွင် လူဦးရေတစ်သန်းအတွက် စားနပ်ရိက္ခာအထောက်အပံ့များကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မတ်လ ၁၄ရက်တွင် ထုတ်ပြန်သည်။ WFP တွင် ရန်ပုံငွေလိုအပ်ချက် အလွန်ကြီးမားမှုကြောင့် ဧပြီလမှစတင်ကာ အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာ အကူအညီများကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံတွင် ပဋိပက္ခများ၊ နေရပ်စွန့်ခွာရွှေ့ပြောင်းမှုများနှင့် သွားရောက်ကူညီခွင့် ကန့်သတ်ချက်များ တိုးမြင့်လာခြင်းကြောင့် စားနပ်ရိက္ခာအကူအညီ လိုအပ်ချက်များ ပိုမိုများပြားလာချိန်တွင် ယခုကဲ့သို့ ရပ်ဆိုင်းမှု ဖြစ်လာရခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။ ရန်ပုံငွေအသစ် မရလျှင် ထိခိုက်လွယ်မှု အမြင့်ဆုံးဖြစ်သည့် အသက် ၅နှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် မသန်စွမ်းများအပါအဝင် လူဦးရေ သုံးသောင်းခွဲခန့်ကိုသာ ထောက်ပံ့နိုင်တော့မည်ဖြစ်ကြောင်းလည်း WFP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ “အသက်ရှင်သန်ရေးအတွက် WFP အကူအညီတစ်ခုတည်းကိုသာ […]


