ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပြည်တွင်းသတင်း

သူရဦးအောင်ကို၊ ထင်ရှားသည့် စီးပွားရေးလုပ်ငန်းရှင် သုံးဦးနှင့် ဗိုလ်ချုပ်လေးဦးတို့ကို ဘွဲ့တံဆိပ်များ ရုပ်သိမ်း

Dawei Watch

December 26, 2025

NLD အစိုးရလက်ထက်က သာသနာရေးဝန်ကြီး သူရဦးအောင်ကို၊ ထင်ရှားသည့် စီးပွားရေးလုပ်ငန်းရှင် သုံးဦးနှင့် ဗိုလ်ချုပ်လေးဦး အပါအဝင် စုစုပေါင်း လူပုဂ္ဂိုလ်ကိုးဦးကို စစ်ကော်မရှင်က ဘွဲတံဆိပ်များ ပြန်လည် ရုပ်သိမ်းလိုက်သည်။ စီးပွားရေးလုပ်ငန်းရှင်များတွင် ရိုးမအုပ်စု၏ ဥက္ကဋ္ဌဟောင်း ဦးသိမ်းဝေ (ခေါ်) ဆာ့ချ်ပန်း၊ ဧဒင်ကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဦးချစ်ခိုင်၊ ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေတို့ ဖြစ်သည်။ သူရဦးအောင်ကို သည် သူရဘွဲ့၊ ဝဏ္ဏကျော်ထင် ဘွဲ့ရရှိထားသူဖြစ်သည်။ ဦးချစ်ခိုင်သည် စည်သူဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့၊ စီမံထူးချွန်တံဆိပ် (ဒုတိယအဆင့်) ရရှိထားသူဖြစ်ပြီး ဦးခင်ရွှေမှာ ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိထားသူ ဖြစ်သည်။ ဦးသိမ်းဝေမှာ သီရိပျံချီဘွဲ့ ရရှိထားသူဖြစ်သည်။ စစ်ကောင်စီက သူရဦးအောင်ကိုနှင့် အထက်ပါ စီးပွားရေးလုပ်ငန်းရှင် သုံးဦးတို့ကို ဖမ်းဆီးခဲ့ပြီး သူရဦးအောင်ကို၊ ဦးချစ်ခိုင်နှင့် ဦးခင်ရွှေတို့မှာမူ […]

၂၀၂၆ မတ်လကုန်တွင် အစိုးရအပြောင်းအလဲဖြစ်မည်ဟု စစ်ခေါင်းဆောင်ပြော

Dawei Watch

December 12, 2025

၂၀၂၆ ခုနှစ် မတ်လကုန်ပိုင်းတွင် အစိုးရအပြောင်းအလဲဖြစ်မည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာလ ၁၁ ရက်တွင် ပြောသည်။ ရန်ကုန်တိုင်း စစ်ကော်မရှင်အဖွဲ့ဝင်များ၊ တိုင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအား တိုင်းအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ တွေ့ဆုံသည့်အခမ်းအနားတွင် စစ်ခေါင်းဆောင်က ယင်းသို့ပြောကြားခဲ့ ခြင်းဖြစ်သည်။ ရွေးကောက်ပွဲကျင်းပပြီးစီးချိန်တွင် လွှတ်တော်ကိုခေါ်ယူ၍ အသစ်ဖွဲ့စည်းမည့်အစိုးရအား နိုင်ငံတော်၏တာဝန်များကို လွှဲပြောင်းမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။ စစ်ခေါင်းဆောင်သည် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်တွင် စစ်ကောင်စီ ဥက္ကဋ္ဌ၊ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်၊ ၂၀၂၄ ခုနှစ်တွင် ယာယီသမ္မတ၊ ၂၀၂၅ ခုနှစ်တွင် စစ်ကော်မရှင် ဥက္ကဋ္ဌ စသည့် ရာထူးများကို လက်ရှိအချိန်အထိ ၎င်းကိုယ်တိုင် ခန့်အပ် ရယူထားသူ ဖြစ်သည်။ စစ်အုပ်စုက ရွေးကောက်ပွဲကို အပိုင်း သုံးပိုင်း ပိုင်းကာ […]

မြောက်ဦးဆေးရုံတိုက်ခိုက်မှုသည် နိုင်ငံတကာဥပဒေ ချိုးဖောက်ခြင်းဟု EUနှင့် UK ပြော

Dawei Watch

December 12, 2025

မြောက်ဦးဆေးရုံတိုက်ခိုက်မှုသည် မြန်မာစစ်အုပ်စုက နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဥရောပသမဂ္ဂ တာဝန်ရှိသူတစ်ဦးနှင့် ယူကေလွှတ်တော်အမတ်တို့က ပြောကြားလိုက်သည်။ “ရခိုင်က ဆေးရုံတစ်ခုကို မြန်မာစစ်အုပ်စုက တိုက်ခိုက်ခဲ့တာဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်။ အရပ်သားတွေ ၊ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို ဘယ်လိုအခြေအနေမျိုးမှာမဆို အကာအကွယ်ပေးရမယ်”ဟု ဥရောပသမဂ္ဂ(EU)၏ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒ ပြောခွင့်ရပုဂ္ဂိုလ် Anitta Hipper က သူမ၏ X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဒီဇင်ဘာလ ၁၁ ရက်နေ့က ရေးသားထားသည်။ “ထိခိုက်သေဆုံးခဲ့ရသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေနဲ့ ကျွန်မတို့ အတူတကွ ရပ်တည်တယ်ဆိုတာကို ထုတ်ဖော်ပြသလိုက်ပါတယ်” ဟု သူမက ဆိုသည်။ ယူကေအမျိုးသမီးပါလီမန်အမတ်တစ်ဦးကလည်း မြောက်ဦးတိုက်ခိုက်မှုနှင့် ပတ်သက်၍ ယနေ့ ဒီဇင်ဘာလ ၁၂ […]

တနင်္သာရီကမ်းလွန်တွင် မင်းရဲသူ သဘာဝဓာတ်ငွေ့စီမံကိန်း ၂၀၂၆ နှစ်ကုန်ပိုင်းတွင် စမည်ဟု စစ်အုပ်စုပြော

Dawei Watch

December 11, 2025

မုတ္တမ (တနင်္သာရီကမ်းလွန်) ၌ တူးဖော်မည့် မင်းရဲသူ သဘာဝဓာတ်ငွေ့စီမံကိန်းအကဲဖြတ်ခြင်းနှင့် စူးစမ်းရှာဖွေခြင်း၊ တူးဖော်ရေးလှုပ်ရှားမှုကို ၂၀၂၆ နှစ်ကုန်တွင် ပြုလုပ်မည်ဖြစ်ကြောင်း စီမံကိန်းပြုလုပ်မည့် ကုမ္ပဏီဘက်က တနင်္သာရီတိုင်း စစ်ကော်မရှင်ထံ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်တွင် လာရောက်ရှင်းလင်းမိတ်ဆက်ခဲ့သည်။ ယင်းအခမ်းအနားတွင် တိုင်းစစ်ကော်မရှင် ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် အဖွဲ့ဝင်အချို့ တက်ရောက်ခဲ့ကြောင်း စစ်ကော်မရှင် လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ မင်းရဲသူစီမံကိန်းကို လုပ်ကိုင်ရန် ယခုနှစ် မေလ ၂၉ ရက်တွင် နေပြည်တော်၌ မြန်မာနိုင်ငံအခြေစိုက် ထိုင်းနိုင်ငံသားပိုင် ကုမ္ပဏီတစ်ခုဖြစ်သည့် Gulf Petroleum Myanmar (GPM) ကုမ္ပဏီနှင့် စစ်ကော်မရှင် လက်အောက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့အကြား ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ […]

မြောက်ဦးဆေးရုံ ဗုံးကြဲတိုက်ခိုက်မှုကို APHR က အပြင်းထန်ဆုံး ရှုတ်ချ

Dawei Watch

December 11, 2025

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ အထွေထွေဆေးရုံကို ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုအပေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (APHR) က အပြင်းထန်ဆုံး စကားလုံးများဖြင့် ရှုတ်ချလိုက်သည်။ မြောက်ဦးတိုက်ခိုက်မှုသည် လူ့အခွင့်အရေးကြေညာစာတမ်းကို ဂုဏ်ပြုရမည့်နေ့တွင် ကျူးလွန်ခဲ့သော မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုတစ်ခုဖြစ်ကြောင်း (APHR) က ဆိုသည်။ မြန်မာစစ်အုပ်စုသည် ရခိုင်ပြည်နယ်အနှံ့ရှိ ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် ဆေးရုံများအပါအဝင် အရပ်ဘက်အခြေခံအဆောက်အအုံများကို စနစ်တကျနီးပါး နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်နေကြောင်း APHR က ဖော်ပြ သည်။ “မြောက်ဦးဆေးရုံ တိုက်ခိုက်ခံရမှုဟာ ကာကွယ်အစောင့်ရှောက်ခံ အရပ်သားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းဖြစ်တယ်။ နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ ဒီလိုမျိုး ရက်စက်ယုတ်မာမှုမျိုးကို ကျူးလွန်တာက စစ်ကောင်စီအနေနဲ့ လူသားချင်းစာနာမှုကို လုံးဝဥပေက္ခာပြုထားတယ်ဆိုတာကို ပြသနေတယ်” […]

လူ့အခွင့်အရေးနေ့ မြောက်ဦးဆေးရုံကို စစ်အာဏာရှင်တပ်ဗုံးကြဲ၊ လူ ၃၀ကျော်သေဆုံးပြီး ၇၀ကျော်ဒဏ်ရာရ

Dawei Watch

December 11, 2025

နိုင်ငံတကာလူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာလ ၁၀ရက် ညတွင် ရခိုင်ပြည်နယ် မြောက်ဦးမြို့ပြည်သူ့ဆေးရုံကို စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၃၀ကျော်သေဆုံးပြီး ၇၀ ကျော်ဒဏ်ရာရကြောင်း ဒေသတွင်း သတင်းအချို့တွင် ဖော်ပြသည်။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြောက်ဦးမြို့နယ်ရှိ ပြည်သူ့ဆေးရုံကို ဒီဇင်ဘာလ ၁၀ရက် ည ၉ နာရီကျော်တွင် စစ်အာဏာရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း AA ဘက်က သတင်းထုတ်ပြန်ထားသည်။ ဆေးရုံ ပင်ပဆောင်ကြီး၊ ခွဲစိပ်ဆောင်၊ အရိုးဆောင်၊ ဝန်ထမ်းအိမ်ရာနှင့် ဆေးရုံအနီးရှိ လူနေအိမ်အချို့ ထိခိုက်ပျက်စီးကြောင်း ဒေသတွင်းသတင်းအချို့တွင် ဖော်ပြသည်။ ထိခိုက်ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးဒဏ်ရာရသူများတွင် ကျန်းမာရေးဝန်ထမ်များ၊ အမျိုးသမီးများ၊ ကလေး အများစု ပါဝင်ကြောင်း ဖော်ပြသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ရက်ကလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကြောင်ဖိုကျေးရွာကို […]

မြန်မာအပါအဝင် သုံးနိုင်ငံက ကျားဖြန့်များကို နှိမ်နှင်းရန် အမေရိကန် အထူးတပ်ဖွဲ့ ဖွဲ့စည်း၊ DKBA ခေါင်းဆောင်များကို ဒဏ်ခတ်ပိတ်ဆို့

Dawei Watch

November 13, 2025

တရုတ်နိုင်ငံမှ ရာဇဝတ်ဂိုဏ်းများနှင့် ဆက်သွယ်နေသော မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံများက ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းရန်အတွက် Scam Center Strike Force ဟုခေါ်သည့် အထူးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း အမေရိကန်အစိုးရက နိုဝင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်သည်။ Scam Center Strike Force အထူးတပ်ဖွဲ့တွင် အမေရိကန်ပြည်ထောင်စု တရားရေးဌာန၊ FBI အထူးတပ်ဖွဲ့၊ လျှို့ဝှက်အေဂျင်စီနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပါဝင်ကြောင်း ဖော်ပြထားသည်။ အထူးတပ်ဖွဲ့သည် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့ရှိ ကျားဖြန့်လုပ်ငန်းများကို ဦးဆောင်နေသူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ အထူးတပ်ဖွဲ့က ကျားဖြန်းလုပ်ငန်းများကို ဖြိုခွင်း၍ တရားဥပဒေအရ အရေးယူမှုများပြုလုပ်ကာ လိမ်လည်ရယူထားသော Crypto ကဲ့သို့ငွေကြေးများကို ပြန်လည်သိမ်းဆည်းသွားမည်ဖြစ်သည်။ သိမ်းဆည်းရမိသော […]

စစ်အုပ်စုအတွက်ငွေရှာပေးနေသည့် ထိုင်း−မြန်မာ ဖက်စပ်ကုမ္ပဏီနှစ်ခုကို အရေးယူပေးရန် တောင်းဆို

Dawei Watch

November 6, 2025

မုတ္တမကမ်းလွန်တွင် သဘာဝဓာတ်ငွေ့ထုတ်ယူပြီး တနင်္သာရီတိုင်းကိုဖြတ်သန်းကာ ပိုက်လိုင်းဖြင့် ထိုင်းနိုင်ငံသို့ ဓာတ်ငွေ့သယ်ယူနေသည့် ထိုင်း−မြန်မာ ဖက်စပ်ကုမ္ပဏီနှစ်ခုကို အရေးယူရန် လိုအပ်ကြောင်း Justice For Myanmar အဖွဲ့က တောင်းဆိုလိုက်သည်။ ထိုင်း−မြန်မာ ဖက်စပ်ကုမ္ပဏီဖြစ်သည့် Andaman Transportation Limited (ATL) နှင့် Moattama Gas Transportation Company Limited (MGTC) တို့ကို အရေးယူရန် Justice For Myanmar အဖွဲ့က နိုဝင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။ ယင်းကုမ္ပဏီနှစ်ခုမှာ PTTE ကုမ္ပဏီကြီးအောက်ရှိ ကုမ္ပဏီခွဲများဖြစ်ပြီး အာဏာသိမ်း မြန်မာစစ်ကော်မရှင် ထိန်းချုပ်မှုအောက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကလည်း ရှယ်ယာပိုင်ဆိုင်ထားသည်။ မုတ္တမကမ်းလွန်ရှိ ဇောတိကစီမံကိန်း (M1၊ M11 လုပ်ကွက်)တွင် […]