တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
September 28, 2024မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၂၂ ရက်မှ ၂၈ ရက်အထိ စစ်ကောင်စီ နိုင်ငံရေးဆွေးနွေးဖို့ဖိတ်ခေါ်ချက် တော်လှန်ရေးအင်အားစုတွေ လက်မခံ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းကနေ ဖြေရှင်းဖို့ စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်ကို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက လက်မခံဘူးလို့ တုံ့ပြန်ကြပါတယ်။ စစ်ကောင်စီက နိုင်ငံရေးဆွေးနွေးဖို့ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့တွေကို စက်တင်ဘာလ ၂၆ရက်နေ့က ဖိတ်ခေါ်လိုက်တာပါ။ PDF တွေကို အမြစ်ဖြတ်ချေမှုန်းမယ်လို့ မကြာခဏ ထုတ်ပြန်ပြောဆို လေ့ရှိတဲ့ စစ်ကောင်စီဟာ အခုပထမဆုံးအကြိမ် PDF တွေကို နိုင်ငံရေးဆွေးနွေးဖို့ ဖိတ်ခေါ်လာတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဖိတ်ခေါ်ချက်မှာ တော်လှန်ရေးအင်အားစုတွေကို အကြမ်းဖက်သောင်းကျန်းသူတွေ၊ အကြမ်းဖက် PDF […]