ကျောက်ဆည်တွင် ငလျင်ကြောင့် သေဆုံးသူ ၆၀ ခန့်ရှိလာ၊ ကယ်ဆယ်ရေး အကူအညီလို
Dawei Watch
March 30, 2025မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် ငလျင်ကြောင့် သေဆုံးသူ ၆၀ ခန့်ကို ပြန်လည်ရှာဖွေတွေ့ရှိထားကြောင်း မြို့ခံများနှင့် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများထံမှ သိရသည်။ ပြိုကျနေသည့် အဆောက်အအုံများတွင် ဆက်လက်ရှာဖွေနေပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ရန် ပစ္စည်းအင်အားနှင့် လူအင်အား လိုအပ်လျက်ရှိကြောင်း ၎င်းတို့က ပြောသည်။ ကျောက်ဆည်မြို့ရှိ Bright Kids နှင့် လမ်းပြကြယ် မူကြိုကျောင်းနှစ်ခုတွင် ငလျင်ကြောင့် အဆောက်အအုံ ပြိုကျ၍ သေဆုံးသည့် ဆရာမနှင့် ကလေး သုံးဆယ်ကျော်ရှိကြောင်း ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ဆိုသည်။ “သေတာ အတော်များပါတယ်။ အသက်ရှင်လျက်ပြန်တွေ့တာ တစ်ဆယ်လောက်ပါပဲ။ ကျွန်တော်တို့တစ်ရပ်ကွက်တည်းမှာ သေတဲ့ကလေး လေးယောက်ရှိတယ် ။ သေတဲ့ အရေအတွက်က အတိအကျပြောမရသေးဘူး ။ သုံးဆယ်အထက်လို့ပဲ ပြောရသေးတယ်။ လမ်းပြကြယ် မူကြိုမှာကတော့ နှစ်ယောက်အတည်ပြုလို့ရတယ်” ဟု ၎င်းကပြောသည် ။ ယင်းအပြင် […]