ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ စိုးရိမ်ရဟု သားဖြစ်သူဆို
Dawei Watch
September 5, 2025ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ ဆိုးရွားလာနေကြောင်း ကင်မ်အဲရစ်(ခ) ကိုထိန်လင်းက သတိပေးပြောဆိုလိုက်ကာ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကြားဝင်ကူညီဆောင်ရွက်ပေးရန် တောင်းဆိုလိုက်သည်။ မြန်မာစစ်အုပ်စုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အရေးပေါ်ဆေးဝါးကုသခွင့်ပေးရန်လည်း ၎င်းက တောင်းဆိုလိုက်သည်။ မိခင်ဖြစ်သူအပေါ် မြန်မာစစ်တပ် ဆက်ဆံနေပုံမှာ “ရက်စက်၍ အသက်အန္တရာယ် စိုးရိမ်ရကြောင်း” ၎င်းက ရှုတ်ချပြောဆိုခဲ့သည်။ အသက် ၈၀ အရွယ် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးကျန်းမာရေးပြဿနာမှာ ပိုမိုဆိုးရွားလာနေကြောင်း ကင်အဲရစ် (ခ) ကိုထိန်လင်းက လန်ဒန်အခြေစိုက် The Independent သတင်းဌာနကို ပြောကြားခဲ့သည်။ “ကျွန်တော့်အမေရဲ့ ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာနေတယ်လို့ ကြားသိရတာဟာ အင်မတန် စိတ်ထိခိုက်စရာ ကောင်းပါတယ်” ဟု ၎င်းက ဆိုသည်။ “သူမမှာ နဂိုကတည်းက နှလုံးကျန်းမာရေးပြဿနာအခံ ရှိနေတယ်။ အဲဒါက လက်ရှိ သူမ ထိန်းသိမ်းခံထားရတဲ့ […]