အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မများဖြင့် ပြစ်ဒဏ်ချခံရသူများအပါအဝင် အကျဉ်းသားတစ်သောင်းကျော် လွတ်ငြိမ်းခွင့်ပြု
Dawei Watch
March 2, 2026ယနေ့ တပေါင်းလပြည့်နေ့ (မတ်လ ၂ ရက်) တွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်းသားတစ်သောင်းကျော်ကို လွတ်ငြိမ်းခွင့်ပြုကာ တရားစွဲဆိုခံထားရသူ တစ်သောင်းနှစ်ထောင်ကျော်ကိုလည်း အမှုပိတ်ကြောင်း စစ်ကော်မရှင်က ကြေညာသည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မဖြစ်သည့် ၅၀ (ည) ၊ ၅၂ (က) တို့ဖြင့် စွပ်စွဲတရားစွဲဆို ထောင်ချခံထားရသူ ၇၃၃၇ ဦး နှင့် ပြစ်မှုအမျိုး အမည်မဖော်ပြထားသည့် အကျဥ်းသား ၂၈၂၅ ဦးကို လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်အုပ်စု၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ကြေညာခြင်းဖြစ်သည်။ ပြစ်မှုထပ်မံကျူးလွန်ပါက ယင်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဆိုသည့် ကန့်သတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်သည်။ ပြစ်မှုအမျိုးမျိုးဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံခြားသား ၁၀ ဦးကိုလည်း အထက်ပါ ကန့်သတ်ချက်ဖြင့် လွတ်ငြိမ်းပြုခဲ့သည်။ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မဖြစ်သည့် ၅၀ […]


