ကျိုက်ထိုတော်လှန်ရေးအင်အားစု တပ်ဖွဲ့ဝင်တစ်ဦး၏ ယောက္ခမနေအိမ် ချိပ်ပိတ်ခံရ
Dawei Watch
August 18, 2023ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တပ်ဖွဲ့ဝင် ကိုရဲသွေးညီ၏ ယောက္ခမ နေအိမ်ကို စစ်ကောင်စီက လာရောက်ချိပ်ပိတ်သွားကြောင်း မြို့ခံတို့ထံမှ သိရသည်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်၊ မင်္ဂလာလမ်းရှိ အဆိုပါနေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်နှင့် အုပ်ချုပ်ရေးအဖွဲ့တို့က ဩဂုတ် ၁၇ ရက်နေ့က လာရောက်ချိပ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတို့က ပြောသည်။ အဆိုပါနေအိမ်တွင် နေထိုင်နေသူများကို နေအိမ်မှ ဖယ်ရှားပေးရန် စစ်ကောင်စီတပ်က အိမ်ကို ချိပ်မပိတ်မီ ရက်ပိုင်းအလိုက လာရောက်သတိပေးခဲ့သေးကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “အိမ်ကို လာချိပ်ပိတ်တဲ့အချိန်မှာ အဲဒီအိမ်မှာ လူတော့ မရှိနေကြတော့ဘူး။ သိရသလောက်က အဲဒီမတိုင်ခင် ရက်ပိုင်းမှာကတည်းက သူတို့ နေအိမ်ကနေ ဖယ်ပေးထားရတယ်” ဟု ၎င်းက ပြောဆိုသည်။ ကိုရဲသွေးညီသည် အာဏာမသိမ်းခင်က သံပန်းသံတံခါးလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပြီး ယင်းအချိန်က ယောက္ခမ၏ […]