ဘီးလင်းမြို့ဝင်ဂိတ် ပစ်ခတ်ခံရပြီး ဝန်ထမ်းငါးဦးဒဏ်ရာရ
Dawei Watch
August 13, 2024မွန်ပြည်နယ်၊ ဘီးလင်းမြို့ မြို့အဝင်ဘီးခွန်ကောက်ခံရေးဂိတ် ပစ်ခတ်ခံရပြီး အမျိုးသမီးနှစ်ဦးအပါအဝင် ဝန်ထမ်းငါးဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဩဂုတ်လ ၁၂ ရက် ည ၇ နာရီဝန်းကျင်တွင် ဘီးလင်းဘက်မှ ကျိုက်ထိုဘက်သို့ မောင်းနှင်လာသည့် ကားတစ်စီးပေါ်ရှိ သေနတ်သမားတို့က ဘီးခွန်ကောက်ခံရေးဂိတ်ကို ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဘီးခွန်ကောက်ခံရေးဂိတ်ရှိ ဝန်ထမ်း အမျိုးသမီး နှစ်ဦးနှင့် အမျိုးသားသုံးဦး ကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ပစ်ခတ်ခံရတဲ့ဂိတ်ကတော့ မြို့ဝင်ကြေးကောက်ခံတဲ့ဂိတ်၊ စစ်သားတွေ ဘာတွေတော့ မရှိဘူး။ ဒါပေမဲ့ အဲဒီဂိတ်အနားမှာ တော့ စစ်တပ်ဂိတ်ရှိတယ်။ မှားပစ်သွားတာလားတော့ မသိဘူး။ အဲဒီမှာက ငွေကောက်တဲ့ဂိတ်က ဝန်ထမ်းတွေပဲရှိတော့ သူတို့ပဲ ထိသွားတယ်လေ” ဟု ၎င်းက ပြောသည်။ ဘီးလင်းမြို့ဝင်ကြေးကောက်ခံရေးကို မန္တလာမိသားစုကုမ္ပဏီက […]