သံဖြူဇရပ် အမြောက်တပ် အနန်းကွင်းရွာအနီးဝန်းကျင်ကို လက်နက်ကြီးဖြင့် ငါးရက်ဆက်ပစ်ခတ်
Dawei Watch
September 19, 2024ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းကျေးရွာဘက်ကို သံဖြူဇရပ်အခြေစိုက် စစ်ကောင်စီ အမြောက်တပ်ရင်း (၃၁၅) က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ငါးရက်ဆက်တိုက်ရှိနေပြီဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေသည့် အနန်းကွင်းနှင့် အနီးနားရှိ ကျေးရွာတို့ကို စက်တင်ဘာလ ၁၅ ရက်နေ့ကစပြီး ယနေ့ စက်တင်ဘာလ ၁၉ရက်နေ့အထိ လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက်ပစ်ခတ် နေခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ စက်တင်ဘာလ ၁၆ နှင့် ၁၇ ရက်နေ့တို့တွင် အနန်းကွင်းအနီး ဖားပြရွာထဲကို နှစ်ရက်ဆက် လက်နက်ကြီးပစ်ခတ်ခံရပြီး လက်နက်ကြီးကျည် ၁၀ ခန့်ကျရောက်ပေါက်ကွဲကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မရှိသော်လည်း နေအိမ်နှင့် သီးပင်စားပင်အချို့ ထိခိုက်ပျက်စီးကြောင်း […]