ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပြည်တွင်းသတင်း

အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မများဖြင့် ပြစ်ဒဏ်ချခံရသူများအပါအဝင် အကျဉ်းသားတစ်သောင်းကျော် လွတ်ငြိမ်းခွင့်ပြု

Dawei Watch

March 2, 2026

ယနေ့ တပေါင်းလပြည့်နေ့ (မတ်လ ၂ ရက်) တွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်းသားတစ်သောင်းကျော်ကို လွတ်ငြိမ်းခွင့်ပြုကာ တရားစွဲဆိုခံထားရသူ တစ်သောင်းနှစ်ထောင်ကျော်ကိုလည်း အမှုပိတ်ကြောင်း စစ်ကော်မရှင်က ကြေညာသည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မဖြစ်သည့် ၅၀ (ည) ၊ ၅၂ (က) တို့ဖြင့် စွပ်စွဲတရားစွဲဆို ထောင်ချခံထားရသူ ၇၃၃၇ ဦး နှင့် ပြစ်မှုအမျိုး အမည်မဖော်ပြထားသည့် အကျဥ်းသား ၂၈၂၅ ဦးကို လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်အုပ်စု၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ကြေညာခြင်းဖြစ်သည်။ ပြစ်မှုထပ်မံကျူးလွန်ပါက ယင်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဆိုသည့် ကန့်သတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်သည်။ ပြစ်မှုအမျိုးမျိုးဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံခြားသား ၁၀ ဦးကိုလည်း အထက်ပါ ကန့်သတ်ချက်ဖြင့် လွတ်ငြိမ်းပြုခဲ့သည်။ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မဖြစ်သည့် ၅၀ […]

စစ်အုပ်စု လွှမ်းမိုးထားသည့် တနင်္သာရီတိုင်းလွှတ်တော်ကို စတင်ခေါ်ယူရန်လုပ်ဆောင်

Dawei Watch

February 25, 2026

စစ်ကော်မရှင်က ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပပြီးနောက် လွှတ်တော်အသီးသီး ခေါ်ယူမည့်ရက်များကို ကြေညာခဲ့ရာ တနင်္သာရီတိုင်းတွင်လည်း လွှတ်တော်ခေါ်ယူနိုင်ရန် ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေကြောင်း စစ်ကော်မရှင်၏ ဝါဒဖြန့်ဝက်ဘ်ဆိုက်တွင် သတင်းထုတ်ပြန်ထားသည်။ တတိယအကြိမ် တိုင်းလွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၄ ရက်က ထားဝယ်မြို့ရှိ တိုင်းအစိုးရအဖွဲ့ရုံး၌ တိုင်းစစ်ကော်မရှင် အဖွဲ့ဝင်များနှင့် လွှတ်တော်ဝန်ထမ်းအချို့က ပြုလုပ်ခဲ့ကြသည်။ ယင်းအစည်းအဝေး၌ တိုင်းလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်က လွှတ်တော်ရုံးအဆောက်အအုံ၊ လွှတ်တော်ကိုယ်စားလှယ်များ နားနေဆောင်၊ အစည်းအဝေးခန်းမ၊ ဆွေးနွေးပွဲခန်းမနှင့် ဧည့်ခန်းမများ ပြင်ဆင်ထားရှိမှု အခြေအနေများကို တင်ပြခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဖေဖော်ဝါရီ ၁၄ ရက်ကလည်း တိုင်းလွှတ်တော်အဆောက်အအုံသို့ တိုင်းစစ်ကော်မရှင် ဝန်ကြီးချုပ် ဦးမြတ်ကို ကိုယ်တိုင်သွားရောက်၍ ပြင်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ စစ်ကော်မရှင်သည် တိုင်းနှင့် […]

အီးစီးကရက် (Vape) ရောင်း၊ဝယ်၊သုံးသူများ အရေးယူမည်ဟု စစ်ကော်မရှင်ထုတ်ပြန်

Dawei Watch

February 21, 2026

အီလက်ထရောနစ် စီးကရက် (Vape) နှင့် ရှီရှား (အီလက်ထရောနစ် အငွေ့ရှူစက်) ဆက်စပ်ပစ္စည်းများကို ရောင်း၊ဝယ်၊သုံးစွဲပါက ဥပဒေအရ အရေးယူမည်ဟု စစ်ကော်မရှင်၏ ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ကြောင်း ဖေဖော်ဝါရီလ ၂၀ ရက်တွင် ၎င်းတို့၏ ဝက်ဘ်ဆိုက်၌ ကြေညာသည်။ ယင်းအမိန့်ကို ဖေဖော်ဝါရီလ ၁၈ ရက် ရက်စွဲဖြင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဟု စစ်ကော်မရှင် ကျန်းမာရေးဝန်ကြီးက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အမိန့်ကြေညာစာတွင် အီးစီးကရက်နှင့် ရှီရှား အသုံးပြုရာတွင် ပါဝင်သည့် ဆက်စပ်ပစ္စည်းအားလုံးကို တင်သွင်းတင်ပို့ခြင်း၊ သိုလှောင်ဖြန့်ဖြူးရောင်းချခြင်း၊ သယ်ဆောင်ခြင်း၊ လက်ဝယ်ထားရှိခြင်းတို့ကို အရေးယူမည်ဟု ဖော်ပြထားသည်။ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေတွင် အမိန့်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား အနည်းဆုံး ထောင်ဒဏ် ခြောက်လမှ အများဆုံး ထောင်ဒဏ် […]

သင်္ကြန်မတိုင်မီဖွဲ့မည့် မြန်မာအစိုးရအဖွဲ့သစ်တွင် သမ္မတ၊ ဝန်ကြီးချုပ်နှင့် တပ်ချုပ်တို့ ပါဝင်မည်ဟု ထိုင်းဆို

Dawei Watch

February 19, 2026

စစ်ကော်မရှင်၏ အငြင်းပွားဖွယ် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် အစိုးရအဖွဲ့အသစ်တွင် နိုင်ငံတော်သမ္မတ၊ ဝန်ကြီးချုပ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ပါဝင်လာမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkaew က ပြောသည်။ အစိုးရအဖွဲ့သစ်တွင် ဝန်ကြီးချုပ်ပါဝင်လာမည်ဖြစ်ပြီး သင်္ကြန်မတိုင်မီ ဖွဲ့ဖို့ရှိနေသည်ဟု စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ပြောခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဖေဖော်ဝါရီလ ၁၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkaew တို့နှစ်ဦး ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ထိုင်းနိုင်ငံ ဖူးခက်မြို့တွင် တွေ့ဆုံခဲ့ပြီးနောက် စစ်ကော်မရှင်က စီစဉ်သည့် ရွေးကောက်ပွဲအပြီး အစိုးရအဖွဲ့သစ်အကြောင်းကို ဆွေးနွေးပြောဆိုခဲ့ခြင်းဖြစ်သည်။ စစ်အုပ်စု ကိုးကားလေ့ရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်မူ နိုင်ငံတော်ဝန်ကြီးချုပ်ရာထူး မရှိဘဲ၊ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များသာရှိသည်။ ယင်းအပြင် ၂၀၀၈ ဖွဲ့စည်းပုံတွင် မပါသည့် […]

ရွေးကောက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၇၀ ထက်မနည်း သေဆုံးကြောင်း ကုလပြော

Dawei Watch

January 31, 2026

ရွေးကောက်ပွဲကာလအတွင်း မြန်မာစစ်အာဏာရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၄၀၀ ကျော်ကြောင့် အရပ်သားပြည်သူ ၁၇၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကုသလသမဂ္ဂက ဆိုသည်။ ယင်းရွေးကောက်ပွဲသည် အခြေခံလူ့အခွင့်အရေးကို လေးစားမှုမရှိသည့်အပြင် ပြည်သူများအပေါ် တိုက်ခိုက်မှုများလည်း လျော့ပါးခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနေခဲ့ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာရုံးက ဇန်နဝါရီလ ၃၀ရက်တွင် သတိပေးသည်။ “ဒီရွေးကောက်ပွဲက ၂၀၂၅ ခုနှစ် တစ်နှစ်လုံး အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာကို မတားဆီးနိုင်ခဲ့ပါဘူး” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး၏ မြန်မာနိုင်ငံဆိုင်ရာအဖွဲ့ခေါင်းဆောင် ဂျိမ်းစ် ရိုဒီဟေဗာက ဂျီနီဗာတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ဆက်သွယ်ရေးဖြတ်တောက်ခံထားရခြင်းနှင့် ဒေသခံများမှာ ကြောက်ရွံ့သဖြင့် ထုတ်ဖော်ပြောဆိုရန် ခဲယဉ်းခြင်းတို့ကြောင့် အတည်ပြုရန် ခက်ခဲနေပြီး သေဆုံးသူအရေအတွက် ယခုထက် ပိုများလာနိုင်ကြောင်း ၎င်းက သတိပေးသည်။ ၂၀၂၅ ခုနှစ်သည် ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း […]

မြန်မာစစ်ကော်မရှင် ကျင်းပသည့် ရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်မပြု

Dawei Watch

January 20, 2026

မြန်မာနိုင်ငံတွင် အပိုင်း သုံးပိုင်းတွင် ကျင်းပနေသော ရွေးကောက်ပွဲရလဒ်ကို အာဆီယံက အသိအမှတ်ပြုမည် မဟုတ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ယနေ့ ဇန်နဝါရီလ ၂၀ရက်တွင် မလေးရှားပါလီမန်၌ ပြောကြားလိုက်သည်။ ယင်းရွေးကောက်ပွဲသို့ လေ့လာစောင့်ကြည့်သူများ စေလွှတ်မည် မဟုတ်ကြောင်းလည်း ဝန်ကြီးက ထပ်လောင်း ပြောဆိုခဲ့သည်။ ၂၀၂၅ ခုနှစ်က ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ရွေးကောက်ပွဲသို့ လေ့လာသူများ စေလွှတ်ပေးရန် မြန်မာဘက်က တောင်းဆိုခဲ့သော်လည်း အာဆီယံက ငြင်းပယ်ခဲ့ကြောင်း ဝန်ကြီးက ပြောသည်။ သို့သော် အချို့သော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှာမူ ၎င်းတို့၏ သဘောဆန္ဒအလျောက် စေလွှတ်ခဲ့ကြကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ဆိုသည်။ “အာဆီယံအနေနဲ့ လေ့လာသူတွေ စေလွှတ်မှာ မဟုတ်ဘူးလို့ ပြောထားပြီးသားဖြစ်ပါတယ်။ ဒါကြောင့်ပဲ ရွေးကောက်ပွဲ ရလဒ်ကို ကျွန်တော်တို့ အသိအမှတ်ပြုမှာ မဟုတ်ပါဘူး” […]

မြန်မာစစ်အုပ်စု ကျင်းပသည့် ရွေးကောက်ပွဲကို အချိန်မတန်ခင် တရားဝင်မှု မပေးဟု မလေးရှားပြော

Dawei Watch

December 31, 2025

မြန်မာနိုင်ငံတွင် စစ်အုပ်စု ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း ၁ အပြီး ဖြစ်ပေါ်လာသည့် အခြေအနေများကို အာဆီယံက စောင့်ကြည့်သုံးသပ်သွားမည် ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြောဆိုလိုက်သည်။ အာဆီယံအနေဖြင့် သင့်လျော်သည့် အချိန်မတိုင်ခင် မည်သည့်အစုအဖွဲ့ကိုမျှ တရားဝင်မှု ပေးအပ်မည် မဟုတ်ကြောင်း ၎င်းက ပြောသည်။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်နှင့် ဆက်နွှယ်သည့် ခြေလှမ်းများနှင့် ဖြစ်ပေါ်တိုးတက်မှုများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဂရုတစိုက် ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သူ မလေးရှားဝန်ကြီးချုပ်က ဆိုသည်။ “အကြမ်းဖက်မှု လျှော့ချရေး၊ နိုင်ငံရေးအကွဲအပြဲတွေ ပိုမနက်ရှိုင်းစေရေး ၊ သင့်လျော်တဲ့ အချိန်မတိုင်ခင် တရားဝင်မှုမပေးအပ်ရေး ၊ အားလုံးပါဝင်ပြီး ယုံကြည်စိတ်ချရတဲ့ နိုင်ငံရေး လမ်းစဉ်ဖြစ်ပေါ်ရေးတို့ကို အခြေခံပြီး အခြေအနေတွေကို အဆင့်လိုက် သုံးသပ်သွားမှာပါ” ဟု […]

စစ်အုပ်စုရွေးကောက်ပွဲကို စောင့်ကြည့်ရန် တရုတ်၊ ရုရှား၊ အိန္ဒိယ အပါအဝင် နိုင်ငံခြောက်ခုက ကိုယ်စားလှယ်များရောက်

Dawei Watch

December 27, 2025

စစ်အုပ်စုက ကျင်းပမည့် ရွေးကောက်ပွဲကို စောင့်ကြည့်ရန် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ကာဇက်စတန်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတို့က ကိုယ်စားလှယ်များ ဒီဇင်ဘာလ ၂၆ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်သည်။ ရွေးကောက်ပွဲစောင့်ကြည့်ရန် ရုရှားနိုင်ငံက Deputy Chairman (State Duma) ဖြစ်သူ Mr.Kara-ool Sholban ဦးဆောင်သောအဖွဲ့၊ တရုတ်နိုင်ငံက အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း ဦးဆောင်သောအဖွဲ့၊ အိန္ဒိယနိုင်ငံက Former Army Commander Mr.Sahni Arun Kumar ဦးဆောင်သောအဖွဲ့ ရောက်ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းအပြင် ကာဇက်စတန်နိုင်ငံက Deputy Chairman of the Commission Mr.Yerman Mukhtar ဦးဆောင်သောအဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံက NEC Member […]