ဘုတ်ပြင်းတွင် တောဆင်ရိုင်းတစ် ကောင်အသတ်ခံရ
diz_admin
January 21, 2020ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့ နယ်တွင်တောဆင်ရိုင်းတစ်ကောင်အ သတ်ခံရပြီးအမြီးဖြတ်ယူဆောင်သွား ကြောင်းဘုတ်ပြင်းမြို့နယ်၊ သစ်တော ဦးစီးဌာနနှင့် ဒေသခံများထံမှသိရသည်။ ပြည်ကြီးမဏ္ဍိုင်၊ ထောင်ငါးသိုင်း ကျေးရွာအုပ်စု၊ ဝါးဒင်းကျေးရွာအနီး၌ ဇန်နဝါရီ ၁၄ရက်ခန့်ကအသတ်ခံရသည် ဟုယူဆရပြီး၄ပေ ခန့်ရှိသည့်ဆင်အမြီး တစ်ချောင်းကိုဖြတ်ကာယူဆောင်သွားကြောင်းဘုတ်ပြင်း မြို့နယ်တောအုပ် ဦးလွင်ပိုင်စိုးက ပြောသည်။ အလျား၁၀ပေနှင့် အမြင့်၈ပေ၊ ခန့် မှန်း အသက်၂၀ကျော်ခန့် ရှိသည့်အဆိုပါ တောဆင်ရိုင်းသည် ဝါးဒင်းရွာအနီးကား လမ်းမနှင့် မနီးမဝေးတွင်သေဆုံးနေသည်ကို တွေ့ရပြီးဆင်၏ဘယ်ဘက်နံကြားနှင့် ဘယ်နားရွက်အောက်တွင်အဆိပ်လူးမြား ဒဏ်ရာ၂ချက်ကိုစစ်ဆေးတွေ့ရှိရကြောင်း တောအုပ်က ပြောပြသည်။ “အရေခွံခွာယူဖို့တော့ထင်တာပဲ။ လူသိသွားလို့အချိန်မရလိုက်ဘဲ အမြီးပဲ ယူသွားတဲ့သဘောလို့ယူဆတယ်”ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်တွင်ဆင်ကိုမီးရှို့ကာ အကြွင်းအကျန်များကိုမြှုပ်ပြီး ပြည်ကြီး မဏ္ဍိုင်ရဲစခန်းတွင် သစ်တောဥပဒေပုဒ်မ ၄၁ က ဖြင့်အမှုဖွင့်ထားသည်ဟု တော အုပ်ဦးလွင်ပိုင်စိုး ထံမှသိရသည်။ “တရားခံမိဖို့လည်းချိတ်ဆက်ပြီးသတင်းစုံစမ်းနေပါတယ်”ဟု၎င်းက ပြောသည်။ လွန်ခဲ့သည့်၃ရက်ခန့်က […]


