တပ်မတော်က တရားစွဲထားမှု ရှေ့နေဦးကြီးမြင့်နှင့် ကဗျာဆရာ စောဝေတို့ ကော့သောင်းတွင် အမှုရင်ဆိုင်မည်
diz_admin
January 30, 2020တပ်မတော်ကတရားစွဲထားသည့်ဗိုလ်ကြီးဟောင်းနေမျိုးဇင်နှင့် အမှုတွဲတရားလွှတ်တော်ရှေ့နေဦးကြီးမြင့်နှင့်ကဗျာဆရာစောဝေတို့က ကော့သောင်းတရားရုံးတွင် အမှုရင်ဆိုင်သွားမည်ဟု ရှေ့နေဦးကြီးမြင့်က ပြောသည်။ ကော့သောင်းမြို့တွင် ၂၀၁၉ခုနှစ် ဧပြီလက ပြုလုပ်ခဲ့သည့်”၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦး ကော်မတီထောက်ခံပွဲ”တွင် ဟောပြောချက်များက နိုင်ငံတော်ကိုအကြည်ညိုပျက်စေသည် ဟုဆိုကာ တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်က နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ၅၀၅ (က) ဖြင့် တရားစွဲခဲ့ခြင်း ဖြစ်သည်။ အမှုတွဲပါ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ဇန်နဝါရီလ၂၀ရက်က ကော့သောင်းတရားရုံးသို့ ရုံးထုတ်ခဲ့သည်။ ဗိုလ်ကြီးဟောင်းနေမျိုးဇင်မှာ တိုက် ကြီး၊ ဝါးခယ်မ၊ ခင်ဦးမြို့နယ်တို့တွင် ဟောပြောမှုများက နိုင်ငံတော်အကြည် ညိုပျက်စေသည်ဟုဆိုကာ မြို့နယ်တရားရုံး အသီးသီးက စုစုပေါင်း ထောင်၄ နှစ် ချမှတ်ထားပြီး အင်းစိန်အကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံနေရသည်။ ယခု ကော့သောင်းတွင် အမှုရင်ဆိုင်ရန် အင်းစိန်အကျဉ်းထောင်မှကော့ သောင်းအကျဉ်းထောင်သို့ လွှဲပြောင်းရောက်ရှိလာပြီး ဇန်နဝါရီ […]


