စည်းကမ်းချက်အပြောင်းအလဲအချို့နှင့်အတူ ကော့သောင်းလျှပ်စစ် တင်ဒါခေါ်
diz_admin
February 11, 2020စည်းကမ်းချက် အပြောင်းအလဲ အချို့ပြုလုပ်ကာ ကော့သောင်းမြို့နယ် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးတင်ဒါကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်ကာ တင်ဒါခေါ်ယူနေကြောင်း တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ ကော့သောင်းမြို့နယ် လျှပ်စစ်ထုတ် လုပ်ဖြန့်ဖြူးရေးလုပ်ငန်းကို ထားဝယ်၊ မြိတ် လျှပ်စစ်တင်ဒါစည်းမျဉ်းနှင့်မတူဘဲ အပြောင်းအလဲအနည်းငယ်ပြုလုပ်ထားကြောင်း တိုင်းဒေသကြီးလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဦးအောင်သူရက ဆိုသည်။ လျှပ်စစ်တင်ဒါလျှောက်လွှာကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စတင် ရောင်းချပြီး မတ်လ ၆ ရက်နေ့ တင်ဒါ ပိတ်မည်ဖြစ်ကြောင်း တိုင်းအစိုးရက ထုတ်ပြန်ထားသည်။ ထားဝယ်နှင့် မြိတ်လျှပ်စစ်တင်ဒါ ခေါ်ယူစဉ်က ကုမ္ပဏီ၏profile (ကုမ္ပဏီ အကြောင်း)၊ နည်းပညာ၊ တစ်ယူနစ် ဈေးနှုန်းတို့ကို စုပေါင်းအမှတ်ပေးသည့် စနစ်ဖြင့် ရွေးချယ်ခဲ့သည်။ ကော့သောင်းမြို့နယ် လျှပ်စစ်တင်ဒါ တွင်မူ ကုမ္ပဏီ၏ profile ၊ […]


