ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကော့သောင်း

လေးနှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့်ရန် ကြိုးပမ်းသူ ဖမ်းမိ

diz_admin

February 25, 2020

ကော့သောင်းတွင် အသက် လေးနှစ် အရွယ်မိန်းကလေးငယ်ကို မုဒိမ်းကျင့်ရန် ကြိုးပမ်းသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၅ ရက်က ကော့သောင်း ၇ မိုင်ကျေးရွာတွင် ဖခင်ဖြစ်သူရေတွင်း တူးနေစဉ် အသက်လေးနှစ်အရွယ်နှင့် နှစ်နှစ်အရွယ် သမီးနှစ်ဦးကို နေအိမ်တန်းလျားအရှေ့တွင် ထားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့ထားရှိစဉ် ဖခင်ဖြစ်သူနှင့် အတူ အလုပ်လုပ်သည့် အသက် ၃၂ နှစ်အရွယ် အမျိုးသားက အပေါ်မှတက်ခွကာ မုဒိမ်းကျင့်ရန် ပြုလုပ်နေသည်ကို အခြားသူနှစ်ဦးက တွေ့မြင်ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ မုဒိမ်းကျင့်ရန် ကြိုးပမ်းသည့် အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ- ၃၇၆ /၅၁၁ ဖြင့် ကော့သောင်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ […]

ကော့သောင်းတွင် LED မီးတိုင် ငါးတိုင်မှ ဆယ်တိုင်ကြား တပ်ဆင်မည်

diz_admin

February 20, 2020

ကော့သောင်းမြို့တွင် သာမန် မီးတိုင်များထက်မြင့်ပြီး အလင်းအား ပိုကောင်းသော LED မီးတိုင် အနည်းဆုံး ငါးတိုင်မှ ဆယ်တိုင်ကြား ယခု ဘဏ္ဍာနှစ်ကုန်ခါနီးတွင် တပ်ဆင်မည် ဖြစ်ကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ ယင်းမီးတိုင် တပ်ဆင်မည့်နေရာများကို အတိအကျ မသတ်မှတ်ရသေး သော်လည်း ကော့သောင်းမြို့ရှိ လမ်းဆုံ၊ လမ်းခွများ အဝိုင်းပတ်များတွင် တပ်ဆင်မည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာ ရေး ကော်မတီဝင် ဦးသိန်းနိုင်ဦး(ခ) ဦးမိုးတိမ်က ပြောသည်။ “ဒီမီးတိုင်တွေတပ်ဖို့ကိုတော့ သေချာသွားပြီ။ ဘတ်ဂျက်ကတော့ ဘဏ္ဍာနှစ်နောက်ဆုံးလမှ ရမယ်လို့ ပြောတယ်။ လုပ်တော့မယ်ဆိုရင်တော့ အပြင်က စီးပွားရေးလုပ်ငန်းရှင်တွေကို တင်ဒါပေး ပြီးလုပ်မှာ”ဦးသိန်းနိုင်ဦးက ပြောသည်။ စုံစမ်းမေးမြန်းချက်အရ ထားဝယ်နှင့် မြိတ်မြို့တို့တွင် တပ်ဆင်ထားသည့် LED မီးတိုင်များ၏ ဈေးနှုန်းမှာ တစ်ခု […]

လွတ်လပ်ရေးကျောက်တိုင်ရင်ပြင် မြေကာနံရံကို အင်ဂျင်နီယာက ငွေစိုက်ပြန်ပြင်ရမည်

diz_admin

February 20, 2020

ကော့သောင်း လွတ်လပ်ရေး ကျောက်တိုင် ရင်ပြင်ပြုပြင်ခြင်းနှင့် မြေကာနံရံပြုပြင်ခြင်းတွင် မြေကာနံရံ ဆောက်ပြီးမှ အပါ်ပိုင်း တစ်ဝက်နီးပါး ပြန်ဖျက်ခဲ့သည်။ မြေကာ အုတ်စီနံရံ ပြန်ဖျက်ခဲ့ရခြင်းမှာ ၁၀ ပေခန့်အမြင့်ကို တစ်ဆက်တည်း လုပ်ထားခြင်းကြောင့် မြေဖိအားကို မခံနိုင်ဘဲ လဲပြိုကျမည်ကို စိုးရိမ်ရသော ကြောင့်ဖြစ်ပြီး လှေကားထစ်ပုံစံလုပ်ရန် ပြန်ဖျက်ခြင်းဖြစ်ကြောင်း ကော့သောင်းမြို့နယ် စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်က ပြောသည်။ ထိုသို့ ပြန်ဖျက်၍ ပြန်ဆောက်ခြင်း အတွက် ငွေထပ်ချပေးမည်မဟုတ်ဘဲ ၎င်းလုပ်ငန်းကို တာဝန်ယူဆောက်လုပ်နေသည့် အင်ဂျင်နီယာကသာ တာဝန်ခံ ပြန်လည်ပြုပြင်ရမည်ဖြစ်ကြောင်း ဦးတင်မြင့်က ပြောသည်။ “အင်ဂျင်နီယာက တာဝန်ယူမှု တာဝန်ခံမှုနဲ့ပေါ့။ ချထားပေးပြီးသား ဘတ်ဂျက်နဲ့ပဲ လုပ်ရမှာပေါ့။ သူ့ဟာသူ ပြန်ဖြိုပြီး သူ့ဟာသူ ပြန်လုပ်ရမှာပေါ့ဗျာ”ဟု ဦးတင်မြင့်က ပြောသည်။ ထိုသို့ ပြန်ဖျက်ရခြင်းမှာ စဆောက် […]

အသက်ခြောက်ဆယ်ကျော် ယောက္ခမကို သမက်က မုဒိမ်းကျင့်ရန် အားထုတ်

diz_admin

February 20, 2020

ကော့သောင်းမြို့နယ်တွင် အသက် ခြောက်ဆယ်ကျော်အရွယ်ရှိ ယောက္ခမကို သမက်ဖြစ်သူက မုဒိမ်းကျင့်ရန်အား ထုတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အထက်လုံးဖောကြီးကျေးရွာနေ အသက် ၆၂ နှစ်အရွယ် ယောက္ခမဖြစ်သူက အသက် ၂၉ နှစ်အရွယ်သမက်နှင့် အဆိုပါအမျိုးသား၏ဖခင်တို့နှင့်အတူ ဝါးခုတ်ရန်တောထဲသို့ သွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့ ဝါးခုတ်သွားစဉ် အေးချမ်းသာ ကျေးရွာအုပ်စုရှိ တောထဲတွင် တဲဆောက် ရန်ပြင်ဆင်ပြီး ချက်ပြုတ်စားသောက်ကာတစ်ည အိပ်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ထိုသို့အိပ်နေစဉ် ည ၈ နာရီခန့်တွင် မြေကြီးပေါ်အိပ်ပျော်နေသည့် ယောက္ခမ ကိုယ်ပေါ်တက်ခွပြီး သမက်ဖြစ်သူက မုဒိမ်းကျင့်ရန် အားထုတ်ရာ ယောက္ခမ ဖြစ်သူနိုးလာပြီး အော်ဟစ်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့အော်ဟစ်ရာ သမက်ဖြစ်သူ ၏ ဖခင်ရောက်လာချိန်တွင် ထွက်ပြေး […]

ကော့သောင်းရေလုပ်သားတို့ ဆန္ဒပြရန် ဆိုင်းငံ့

diz_admin

February 20, 2020

အမျိုးသားလွှတ်တော်ကော်မတီနှင့် ဝန်ကြီးဌာနတို့ ကြားနာညှိနှိုင်းမှုအဖြေ စောင့်ကြည့်မည် ကော့သောင်းရေပြင် ငါးဖမ်းလုပ်ကွက် အချို့ နှစ်အကန့်အသတ်မဲ့ ပိတ်လိုက် ခြင်းကို ပြန်ဖွင့်ပေးရေး ရေလုပ်သားတို့ ဆန္ဒပြမည့်အစီအစဉ်ကို ဆိုင်းငံ့ထား ကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမင်းလွင်က ပြောသည်။ ကော့သောင်းအခြေစိုက် ရေလုပ်သားများ ကော့သောင်းခရိုင် ငါးဦးစီးရုံး ရှေ့၌ ဖေဖော်ဝါရီလ ၉ ရက်တွင် စုဝေး ဆန္ဒပြရန် စီစဉ်ထားခြင်းကို ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်။ အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံဖြိုးတိုးတက်ရေး ရေးရာကော်မတီနှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ရေလုပ်ငန်းနှင့်ဆက်စပ် သော ဝန်ကြီးဌာနများ တွေ့ဆုံကြားနာ ညှိနှိုင်းမည့်ပွဲမှ ထွက်ရှိလာမည့် အဖြေ ကို စောင့်ဆိုင်းသွားမည်ဟု ဦးမင်းလွင် က ပြောသည်။ ဦးမင်းလွင်နှင့် ကော့သောင်းရေ လုပ်သားကိုယ်စားလှယ်တို့က […]

ကော့သောင်းအပါအဝင် မြို့နယ်လေးခု တီဘီရောဂါ ကွင်းဆင်းကုမည်

diz_admin

February 19, 2020

တိုင်းအတွင်းရှိ ထားဝယ်၊ သရက် ချောင်း၊ တနင်္သာရီနှင့် ကော့သောင်းမြို့ နယ်တို့ရှိ ကျေးရွာများသို့ တီဘီရောဂါ ကွင်းဆင်းကုသပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း တီဘီရောဂါတိုက်ဖျက် ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ထင်ဇော်အောင်က ပြောသည်။ ထားဝယ်မြို့နယ်တွင် ရှမ္မတွင်း၊ ရောင်းမော်ကျေးရွာတို့ကို ဖေဖော်ဝါရီလ တတိယအပတ်၊ သရက်ချောင်းမြို့နယ် အတွင်း ကျေးရွာအချို့ကို မတ်လ ပထမအပတ်၊ တနင်္သာရီမြို့နယ်ရှိ ဆင်ဖြူရှင် ကုန်ထုတ်စခန်း (အရပ်ခေါ် ရဲဘက်စခန်း)ကို ဒုတိယအပတ်၊ ကော့သောင်းမြို့နယ်ရှိ ကျေးရွာအချို့ကို တတိယအပတ်တွင် ကွင်းဆင်းကုသမည်ဟု ၎င်းက ပြောသည်။ “တစ်ခါသွားရင်တော့ သုံးလေးရွာလောက် ကုပေးဖြစ်တယ်။ ရွာတစ်ရွာကို စုရပ်အဖြစ်ထားပြီးတော့ အနီးအနားက ရွာကတွေကိုပါ ခေါ်ပြီး တီဘီရောဂါ စစ်ဆေးပေးတာပေါ့။ အဲလိုလုပ်ရင် ရွာတော်တော်များများကို ကာဗာ(လွှမ်းခြုံ) မိသွားစေတယ်”ဟု ဒေါက်တာ ထင်ဇော်အောင်က […]

တပ်မတော်က တရားစွဲထားသည့် ရှေ့နေ ဦးကြီးမြင့်နှင့် ကဗျာဆရာ စောဝေတို့ အာမခံရ

diz_admin

February 11, 2020

တပ်မတော်က တရားစွဲထားသဖြင့် ကော့သောင်းတွင် အမှုရင်ဆိုင်နေရသော တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နှင့် ကဗျာဆရာစောဝေတို့ အာမခံ ရသွားသည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလက ကော့သောင်းတွင် ပြုလုပ်ခဲ့သည့် “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦးကော်မတီ ထောက်ခံပွဲ”တွင် ဟောပြောချက်များက နိုင်ငံတော်ကို အကြည် ညိုပျက်စေသည်ဟုဆိုကာ တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်က နိုင်ငံ တော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲထားသည်အမှု အာမခံ ရသွားခြင်း ဖြစ်သည်။ ရန်ကုန်တွင် ဆေးဝါးကုသခံနေရကြောင်း ဆရာဝန်ကြီးတို့၏ ဆေးလက် မှတ်၊ ကော့သောင်းရှိဆရာဝန်၏ ဆေးကုသ နေရမှု မှန်ကန်ကြောင်း တရားရုံးတွင် လာရောက်ထွက်ဆိုချက်၊ ငွေကျပ်သိန်း ငါးဆယ်တန် အာမခံ နှစ်ဦးတို့ဖြင့် အချုပ်လွတ် တရားရင်ဆိုင်ခွင့် အာမခံရ […]

ဘီယာ ပေကျံသွားသည့်ကိစ္စကြောင့် ဝိုင်းထိုး

diz_admin

February 11, 2020

ကော့သောင်းမြို့တွင် လမ်းမပေါ် သို့ ဘီယာပစ်ပေါက်ရာမှ ဘီယာ စင်သွားသည့် ကိစ္စဖြင့် စကားများရာမှ အမျိုးသားတစ်ဦးကို ဝိုင်းထိုးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။ အဏ္ဏဝါရပ်ကွက်ရှိ ကမ်းနားလမ်းတွင် ဇန်နဝါရီလ ၃ ရက်နေ့က အသက် ၅၅ နှစ်အရွယ် အမျိုးသားက ဘီယာ နှစ်ဘူးအား လမ်းမပေါ် ပစ်ပေါက်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့ပစ်ပေါက်ရာမှ အနီးရှိ လင်မယား နှစ်ဦးကို ဘီယာအရည်များ စင်သွားပြီး စကားများကြကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ထိုသို့စကားများပြီးနောက် အထက်ပါ လင်မယား၏ သားဖြစ်သူလည်း ရောက်ရှိလာပြီး ဘီယာဘူးပစ်ပေါက်သည့် အမျိုးသားကို ဝိုင်းထိုးခဲ့ကြောင်း ရဲမှတ် တမ်းအရ သိရသည်။ ထိုသို့ ဝိုင်းထိုးမှုကြောင့် အဆိုပါ အမျိုးသားတွင် ဒဏ်ရာများရရှိခဲ့ပြီး လာရောက်ညှိနှိုင်းခြင်းမရှိသောကြောင့် […]