တပ်မတော်က တရားစွဲထားသည့် ရှေ့နေ ဦးကြီးမြင့်နှင့် ကဗျာဆရာ စောဝေတို့ အာမခံရ
diz_admin
February 11, 2020တပ်မတော်က တရားစွဲထားသဖြင့် ကော့သောင်းတွင် အမှုရင်ဆိုင်နေရသော တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နှင့် ကဗျာဆရာစောဝေတို့ အာမခံ ရသွားသည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလက ကော့သောင်းတွင် ပြုလုပ်ခဲ့သည့် “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦးကော်မတီ ထောက်ခံပွဲ”တွင် ဟောပြောချက်များက နိုင်ငံတော်ကို အကြည် ညိုပျက်စေသည်ဟုဆိုကာ တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်က နိုင်ငံ တော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲထားသည်အမှု အာမခံ ရသွားခြင်း ဖြစ်သည်။ ရန်ကုန်တွင် ဆေးဝါးကုသခံနေရကြောင်း ဆရာဝန်ကြီးတို့၏ ဆေးလက် မှတ်၊ ကော့သောင်းရှိဆရာဝန်၏ ဆေးကုသ နေရမှု မှန်ကန်ကြောင်း တရားရုံးတွင် လာရောက်ထွက်ဆိုချက်၊ ငွေကျပ်သိန်း ငါးဆယ်တန် အာမခံ နှစ်ဦးတို့ဖြင့် အချုပ်လွတ် တရားရင်ဆိုင်ခွင့် အာမခံရ […]


